အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဇန်နဝါရီ ၁၁ ရက်က ပုပ်ရဟန်းမင်းနှင့် စကားပြောဆိုခဲ့ပြီး နိုင်ငံ၏ အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်သော သမ္မတ၏ လွတ်မြောက်ခြင်းအထူးဆုတံဆိပ်ကို ပုပ်ရဟန်းမင်းကို ချီးမြှင့်ခဲ့သည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။
မစ္စတာဘိုင်ဒင်သည် သူ၏ လေးနှစ်တာ သမ္မတသက်တမ်းအတွင်း အထူးဆုတံဆိပ်ကို ပထမဆုံးအကြိမ် ချီးမြှင့်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
အသက် ၈၂ နှစ်အရွယ် မစ္စတာဘိုင်ဒင်သည် ဇန်နဝါရီ ၂၀ ရက်တွင် ရာထူးမှနုတ်ထွက်ရမည်ဖြစ်သည်။ သူသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် လောင်ကျွမ်းလျက်ရှိသော တောမီးကို ပြည်ထောင်စုအဆင့် တုန့်ပြန်ဆောင်ရွက်မှုကို စီမံကြီးကြပ်ရန်အတွက် ပုပ်ရဟန်းမင်း ကြီး ဖရန်စစ်နှင့် လူချင်းတွေ့ဆုံကြမည့် ယခုသီတင်းပတ်၏ ရောမခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
ထာဝရ ကက်သလစ်တစ်ဦးဖြစ်သော မစ္စတာ ဘိုင်ဒင်သည် ပုပ်ရဟန်းမင်းနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရသည့်အတွက် စိတ်ပျက်မိကြောင်း သို့ရာတွင် ဝါရှင်တန်တွင် ရှိနေရေးသည် ပိုအရေးကြီးသည်ဟု ယူဆကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။
မစ္စတာ ဘိုင်ဒင်သည် ပြီးခဲ့သည့်သီတင်းပတ်ကလည်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟစ်လာရီကလင်တန်၊ စားဖိုမှူး ဟိုဆေး အန်ဒ ရေး နှင့် အခြားသူများကိုလည်း သမ္မတ၏ လွတ်လပ်ခြင်းဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်