ဝါရှင်တန်၊နိုဝင်ဘာ ၆
ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းဖြစ်သကဲ့သို့ လက်ရှိ အမေရိက၏ ဒုတိယ သမ္မတလည်းဖြစ်သည့် ကင်မ်လာဟားရစ်က ရီပတ်ဘလစ်ကန်ပါတီ၏ အနိုင်ရသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ရွေးကောက်ပွဲအနိုင်ရမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားခဲ့သည်ဟုသိရသည်။
အလားတူပင် ဒီမိုကရက်တစ်၏လက်ရှိသမ္မတဖြစ်သည့် ဂျိုးဘိုင်ဒင်ကလည်း အနိုင်ရသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟုသိရသည်။
ဆက်လက်၍ သမ္မတဘိုင်ဒင်က ရာထူးလွှဲပြောင်းမည့်ကာလအထိ ချောချောမွေ့မွေ့ပြီးဆုံးစေရန် ကတိပြုပြောကြားခဲ့ပြီး နိုင်ငံတိုးတက်ရေးအတွက် အတူတူလက်တွဲဆောင်ရွက်ဖို့အရေးကြီးသည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းနောက် ရွေးကောက်ခံသမ္မတကို အိမ်ဖြူတော်သို့ဖိတ်ကြားထားသည်ဟုလည်းသိရပြီး ရက်အတိအကျကို ဝန်ထမ်းများကဆက်လက်ဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့သည်။
သမ္မတဘိုင်ဒင်က ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဒုတိယသမ္မတကင်မ်မလာဟားရစ်ကိုပါ ဖုန်းခေါ်ဆိုခဲ့ပြီး ရွေးကောက်ပွဲအနိုင်မရခဲ့သော်လည်း ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးအနေဖြင့် ၎င်း၏ကြိုးပမ်းအားထုတ်မှုနှင့် သမိုင်းဝင်မဲဆွယ်စည်းရုံးနိုင်မှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူသည်ဟုဆိုခဲ့သည်။
ဒုတိယ သမ္မတကင်မ်လာဟားရစ်သည် ၎င်း၏ အမိတက္ကသိုလ်ဖြစ်သည့် ဟောင်းဝါ့ဒ်တက္ကသိုလ်၌ နိုဝင်ဘာ ၇ ရက်တွင် မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
Source : ရှင်းဟွာ