Thursday, January 2, 2025

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး The News...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေသည် Home and Abroad News Press မှချီးမြှင့်သည့် The News Person of the...

အမြန်လမ်းတွင် ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က် အမျိုးသမီးတစ်ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဇန်နဝါရီ ၂ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းမီး...

ဆရာမကြီးဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ...

"မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ" စာအုပ်ကို ရေးသားပြုစုခဲ့သူ ဆရာမကြီး ဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ သံ‌ဝေဂနှင့် ဩဝါဒပေးပို့တော်မူခဲ့ကြောင်း သိရသည်။ ဆရာမကြီး ဒေါ်မာလေး၏...

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရွှေ့ပြောင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းတည်ဆောက်နေမှုနှင့် ဒလမြို့နယ်အတွင်းဓာတ်အားဖြန့်ဖြူးထားမှုတို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ YESC...
HomeInternationalဘိုင်ဒင်သည် အမေရိက၏ ရေနံသိုလှောင်သိုက်များမှ...

ဘိုင်ဒင်သည် အမေရိက၏ ရေနံသိုလှောင်သိုက်များမှ စည်ပိုင်းပေါင်း ၁၅ သန်းကို ထုတ်လွှတ်ပေးမည်

ဝါရှင်တန်၊ အောက်တိုဘာ ၁၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကန်၏ အရေးပေါ်သုံး မဟာဗျူဟာမြောက် ရေနံသိုလှောင်သိုက်များမှ နောက်ဆုံး ရေနံစည်ပိုင်းပေါင်း သန်း ၅၀ ရောင်းချမည့် ကမ်းလှမ်းချက်ကို အောက်တိုဘာလ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ကြေညာသွားမည်ဖြစ်ပြီး စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာပါက ပိုမိုထုတ်ပေးသွားဖြစ်ကြောင်း အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မဟာဗျူဟာမြောက် ရေနံသိုလှောင်သိုက်မှ အဆိုပါ ရေနံထုတ်လွှတ်မှုအသစ်သည် ရုရှား-ယူကရိန်း အရေးအခင်းနှင့် ဆက်နွယ်နေသော ရေနံဈေးမြင့်တက်မှုကို တုံ့ပြန်သည့်အနေဖြင့် နွေဦးတွင် ရောင်းချရန် တရားဝင်ခွင့်ပြုထားသော ရေနံစည်ပိုင်းပေါင်း သန်း ၁၈၀ ၏ နောက်ဆုံးအသုတ်ဖြစ်သည်ဟု အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက အင်္ဂါနေ့ (မနေ့)က ပြောကြားခဲ့သည်။

မိန့်ခွင်းတွင် ဘိုင်ဒင် ကြေညာမည့် အဆိုပါအမိန့်သည် ကမ္ဘာ့ဈေးကွက်များကို အနှောင့်အယှက်ဖြစ်စေသော ရုရှား သို့မဟုတ် အခြားသော အရာများကြောင့် လိုအပ်လာပါက အစိုးရသည် ယခုနှစ် ဆောင်းရာသီတွင် ရေနံများကို သိသိသာသာ ထပ်တိုးရောင်းချသွားရန် ပြင်ဆင်ထားသည်ကို ပြသနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အရေးပေါ် ရေနံသိုလှောင်သိုက်မှာ ပုံမှန်အားဖြင့် ရေနံချက်စက်ရုံများ ဟာရီကိန်းမုန်တိုင်းကြောင့် ပိတ်လိုက်ရသည့်အချိန်မျိုးတွင် အသုံးပြုရန်အတွက် သိမ်းဆည်းထားခြင်း ဖြစ်သည်။

ထို့ကြောင့် အရေးပေါ် ရေနံသိုလှောင်သိုက်ထဲမှ ယင်းကဲသို့ အကြီးမားဆုံး ရေနံ ထုတ်လွှတ်ပေးသည့် ဆုံးဖြတ်ချက်သည် စွမ်းအင်ဈေးကွက်များ တည်ငြိမ်စေရန်နှင့် ယူကရိန်းစစ်ပွဲများကြောင့် မတည်မငြိမ် ဖြစ်လာသော ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကို ကာကွယ်ရန်အတွက် ဘိုင်ဒင်ပြုလုပ်ခဲ့သော စီမံချက်ဖြစ်သည်။

ယူကရိန်းအရေးအခင်းကြောင့် အမေရိကန်၌ တစ်ခါတွင် ဓာတ်ဆီဈေးသည် ပျမ်းမျှ တစ်ဂါလံလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာကျော်အထိ မြင့်တက်ခဲ့ပြီး တစ်နိုင်ငံလုံးကို ဒေါသထွက်စေခဲ့သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး The News Person of the Year (2024)ဆုရရှိ

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေသည် Home and Abroad News Press မှချီးမြှင့်သည့် The News Person of the Year (2024)ဆုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုပေးပွဲအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ China National Convention Center ၌ကျင်းပခဲ့ရာ ဆုရရှိခဲ့သည့် မြန်မာသံအမတ်ကြီးမှ နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်တွင် မီဒီယာမဏ္ဍိုင်သည် အရေးပါသောအခန်းကဏ္ဍကပါဝင်ကာ ယခုခေတ်တွင် ဆိုရှယ်မီဒီယာများ၌ သတင်းအမှားများ၊ ကောလာဟလများ...

အမြန်လမ်းတွင် ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က် အမျိုးသမီးတစ်ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဇန်နဝါရီ ၂ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းမီး သတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၂၉၀/၇ အနီးတွင် အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၂)ဦးလိုက် ပါလာသည့် ကားတစ်စီးလမ်းလယ်ကျွန်းကို ဝင်တို-က်မိခဲ့သဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းနှင့် အပိုင်အမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသည်။ ဖြစ်စဥ်ကြောင့် အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိထားသဖြင့် ပြည်သာယာလူမှုကူညီရေးအသင်းမှ မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၁ ရက်နံနက် ၃ နာရီခွဲခန့်ကလည်း...

ဆရာမကြီးဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ သံ‌ဝေဂနှင့်ဩဝါဒပေးပို့တော်မူခဲ့

"မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ" စာအုပ်ကို ရေးသားပြုစုခဲ့သူ ဆရာမကြီး ဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ သံ‌ဝေဂနှင့် ဩဝါဒပေးပို့တော်မူခဲ့ကြောင်း သိရသည်။ ဆရာမကြီး ဒေါ်မာလေး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ယနေ့ ဇန်နဝါရီ (၂) ရက်၊ နေ့လယ် (၃) နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ " သံဝေဂဆိုတာ လောကရဲ့သဘာဝအပေါ် ကြောက်ရွံ့ခြင်း(ဩတ္တပ္ပ) ကြောက်စရာအဖြစ်ရှုမြင်ခြင်း ( ဉာဏ) တို့ကိုခေါ်တာပါ။ အသက်(၉၁)နှစ် မြန်မာစာဆရာမကြီး ဒေါ်မာလေး ( တက္ကသိုလ် ဝင့်မာ)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071