အမေရိကန်အစိုးရသည် ဂျိုးဘိုင်ဒင် ၏ သမ္မတသက်တမ်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သ–တ်ဖြ–တ်ရန် ကြိုးစားခဲ့သည်ဟု ယုံကြည်ကြောင်း အမေရိကန်သတင်းစာဆရာ တပ်ကာကာလ်ဆန်က ပြောသည်။
“ဘိုင်ဒင် အုပ်ချုပ်ရေးအဖွဲ့ဟာ ပူတင်ကို သ–တ်ဖြ–တ်ဖို့ ကြိုးစားခဲ့ပါတယ်” ဟု သူက သူ၏လုပ်ဖော်ကိုင်ဖက် မတ်တစ်ဘီ အား ပြောကြားခဲ့သည်။ သို့သော် တပ်ကာကာလ်ဆန်သည် သူ၏အဆိုကို ထောက်ခံနိုင်မည့် အသေးစိတ်အချက်အလက်များ သို့မဟုတ် သက်သေအထောက်အထားများ ချမပြခဲ့ချေ။
သူ၏ အဆိုအရ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီဘလင်ကန် သည် သူ၏ ရာထူးသက်တမ်း နောက်ဆုံးလ နှစ်လအတွင်း အမေရိကန်နှင့် ရုရှားကြား “စစ်ပွဲအစစ်အမှန်ဖြစ်ရန်” အပြင်းအထန် တွန်းအားပေးခဲ့သည်ဟု သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရပ်ကော့ဗ်က ယူကရိန်းအထူးတပ်ဖွဲ့များသည် ရုရှားသမ္မတ ပူတင် နှင့် ကာကွယ်ရေးဝန်ကြီး အန်ဒရေဘီလိုဆော့ဗ်တို့အား လုပ်ကြံသ–တ်ဖြ–တ်ရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဆိုအရ၊ ရုရှားကာကွယ်ရေးဝန်ကြီးသည် ပင်တဂွန်အကြီးအကဲ လွိုဒ်အော်စတင် ထံဖုန်းဆက်ကာ ယူကရိန်းတို့အနေဖြင့် ၎င်းတို့၏အစီအစဉ်များကို စွန့်လွှတ်ရန်ပြောကြားပေးရေးကို တိုက်တွန်းခဲ့ပြီး၊ သို့မှသာလျှင် ရုရားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့အတွက် “ဆိုးကျိုးများအရှိန်မြင့်တက်မှုကို ရှောင်ရှားနိုင်စေမည်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အမေရိကန် ရုပ်သံတင်ဆက်သူများထဲမှ အထင်ရှားဆုံးဖြစ်သူ သတင်းစာဆရာ တပ်ကာကာလ်ဆန်သည် အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်းကာလအတွင်း ဒေါ်နယ်ထရမ့် အား တက်ကြွစွာထောက်ခံခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီရက်များအတွင်း ထရမ့်သည် အရီဇိုးနားပြည်နယ်တွင် တပ်ကာကာလ်ဆန် စီစဉ်ထားသည့် ပွဲတစ်ခုတွင် အထူးဧည့်သည်တစ်ဦးအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။