Sunday, January 26, 2025

ဝက်လက်မြို့နယ်ရှိ (၃၂၇)ဧကအား ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ်သတ်မှတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ (၃၂၇)ဧကကို ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရန်အတွက် “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ်သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၁၂ /၂၀၂၅)ဖြင့် ဇန်နဝါရီ ၂၃ ရက်ကကြေညာခဲ့သည်။ ရှိမ္မကားတောရကြီးကျောင်း...

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ၏ ဖိအားမြင့်သံမဏိပိုက်လိုင်းအောက်...

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက တိုက်ခတ်ခဲ့သည့် "ရာဂိ"မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပွားကာ ရေပြန်လည်ကျဆင်းသွားချိန်တွင် ပျက်စီးဆုံးရှုံးမှုများနှင့်အတူ ရွှံ့နွံသဲနုန်းများတင်ကျန်ခဲ့၍...

၂၀၂၅ ခုနှစ် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင်...

၂၀၂၅ ခုနှစ် (၃၃)ကြိမ်‌မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲအတွင်း အသက်ကန့်သတ်သွားမည်ဟု ထိုင်းဘောလုံးအဖွဲ့ချုပ်က ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။ ပြိုင်ပွဲအတွင်း ယူ-၂၂ ကစားသမားများသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကာ ၂၀၀၃...

ကိုဗစ်-၁၉သည်ဓါတ်ခွဲခန်းမှထွက်နိုင်ခြေပိုများ–စီအိုင်အေ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှ ကူးစက်ခဲ့ခြင်းထက် တရုတ်ဓါတ်ခွဲခန်းတစ်ခုမှအပြင်သို့ရောက်ရှိသွားခြင်းက ဖြစ်နိုင်ခြေပိုများသည်ဟု အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ) က စနေနေ့တွင် ထုတ်ဖော်ပြောဆိုကာ ကိုဗစ်မူလဇစ်မြစ်နှင့်ပတ်သက်သော ၎င်း၏...
HomeNewsLocal Newsဘုတလင်မြို့နယ်တွင် ဆောင်းနေကြာ ဧက...

ဘုတလင်မြို့နယ်တွင် ဆောင်းနေကြာ ဧက (၂)သောင်းနီးပါး စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံ နေကြာဧက (၂)သောင်းနီးပါး စိုက်ပျိုးထားကြောင်း ဘုတလင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဘုတလင်မြို့နယ်တွင် စပ်မျိုး-၁၊ ဆင်းရွှေကြာ၂၊ နေကြာမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များဖြင့်စိုက်ပျိုးထားခြင်းဖြစ်သည်။

“တောင်သူလယ်သမားတွေ ဆောင်းသီးနှံ နေကြာ စိုက်ပျိုးရာသီမှာ သီးနှံ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ၊သွင်းအားစု၊ သီးနှံမျိုးစေ့ ပေးအပ်တာတွေကို စစ်ကိုင်း တိုင်းဒေသကြီးစိုက် ပျိုးရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေကကူညီဆောင်ရွက်လျက်ရှိပါတယ်”ဟု ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

စိုက်ပျိုးထားသော နေကြာများ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဘုတလင်မြို့နယ်တွင် နေကြာများကို အောက်တိုဘာ (၁) ရက်မှ စတင်စိုက်ပျိုုးခဲ့ရာ ယနေ့ အချိန်အထိ (၁၈၁၉၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝက်လက်မြို့နယ်ရှိ (၃၂၇)ဧကအား ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ်သတ်မှတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ (၃၂၇)ဧကကို ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရန်အတွက် “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ်သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၁၂ /၂၀၂၅)ဖြင့် ဇန်နဝါရီ ၂၃ ရက်ကကြေညာခဲ့သည်။ ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဝက်လက်မြို့နယ်၊ မ္မကားကျေးရွာနှင့် ငါးရယ်ကျေးရွာကြား ဧရာဝတီမြစ် ကမ်းဘေးတွင်ရှိကာ ဆရာတော်ကြီးများက ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့သဖြင့် တောတောင်သဘာဝအလှအပရှုခင်းများ၊ အဖိုးတန်ရှေးဟောင်းယဉ်ကျေးမှုလက်ရာအဆောက်အအုံများ ယနေ့တိုင်တည်ရှိနေသည့်နေ ရာဖြစ်သည်။ အဆိုပါ ဘေးမဲ့တောအတွင်း သဘာဝဝန်းကျင်ထိန်းသိမ်းရေးအပြည်ပြည်ဆိုင်ရာအဖွဲ့(IUCN) ၏ ကာကွယ်ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက်အရ မျိုးသုဉ်းရန်အန္တရာယ်ရှိသော ရှားပါးမျိုးစိတ်စာရင်းဝင်ပြီး မြန်မာနိုင်ငံတွင်သာ ပေါက်ဖွားကျက်စားသော မြန်မာ့ရွှေသမင်များနှင့် တောကြောင်မျိုးစိတ်များ၊ ရှဉ့်၊ တွားသွားသတ္တဝါများနှင့် ခါ၊ ရွှေပြည်စိုး၊...

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ၏ ဖိအားမြင့်သံမဏိပိုက်လိုင်းအောက် ခရုပတ်ခွေအတွင်းမှ ရွှံ့နွံသဲနုန်းများ ဖယ်ရှားမှု ၂၂ ရာခိုင်နှုန်းပြီးစီး

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက တိုက်ခတ်ခဲ့သည့် "ရာဂိ"မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပွားကာ ရေပြန်လည်ကျဆင်းသွားချိန်တွင် ပျက်စီးဆုံးရှုံးမှုများနှင့်အတူ ရွှံ့နွံသဲနုန်းများတင်ကျန်ခဲ့၍ ဓာတ်အားထုတ်လုပ်မှုများရပ်နားခဲ့ရပြီး ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာ၌ ရွှံ့နွံသဲနုန်းများတင်ကျန်နေမှုများအား အပိုင်းလိုက်ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ရာ ဖိအားမြင့်သံမဏိပိုက်လိုင်းအောက် ခရုပတ်ခွေအတွင်း၊ ရေထုတ်ပြွန်များအတွင်းနှင့် ရေတံခါးအောက်ခြေတို့မှ ရွှံ့နွံသဲနုန်းများဖယ်ရှားမှုမှာ ၂၂ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းဆောက်ရွက်နေမှုများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့်တာဝန်ရှိသူများမှ ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းကသွားရောက်၍ တမံရေပိုလွှဲမှ ပေ ၂၀ ကျော် ရေလျှံကျပြီး စက်ရုံအတွင်းသို့ ရေဝင်ရောက်ခဲ့သည့်အရှိန်ကြောင့်...

၂၀၂၅ ခုနှစ် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက်ကန့်သတ်သွားမည်ဟု ထိုင်းဘောလုံးအဖွဲ့ချုပ်ထုတ်ပြန်

၂၀၂၅ ခုနှစ် (၃၃)ကြိမ်‌မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲအတွင်း အသက်ကန့်သတ်သွားမည်ဟု ထိုင်းဘောလုံးအဖွဲ့ချုပ်က ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။ ပြိုင်ပွဲအတွင်း ယူ-၂၂ ကစားသမားများသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကာ ၂၀၀၃ ခုနှစ်နှင့် နောက်ပိုင်းမွေးဖွားသည့်ကစားသမားများကို ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။ ထိုသို့ အသက်ကန့်သတ်ရခြင်းမှာ ထိုင်းဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၂၀၂၆ ယူ- ၂၃ အာရှဖလားဝင်ရောက် ယှဉ်ပြိုင်မည့် ထိုင်းမျိုးဆက်သစ်ကစားသမားများအတွက် အခွင့်အလမ်းနှင့် အတွေ့အကြုံကောင်းများ ပိုရရှိနိုင်ရန်ရည်ရွယ်ပြီး ဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။ ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ -၂၃ အသင်းအနေဖြင့်ဖြင့်လည်း ထိုင်းနိုင်ငံကို သွားရောက်နေထိုင်လေ့ကျင့်ပြင်ဆင်ရန်လည်း စီစဉ်ထားကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071