ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် ခိုလှုံနေကြရသော ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကလေ-းငယ်များအား အသေးစားထောက်ပံ့မှုပေးရန် ဂျပန်နိုင်ငံအစိုးရ ဆုံးဖြတ်ခဲ့ကြောင်း ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက အသိပေးထားသည်။
ယင်းသည် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ် လူ့ပတ်ဝန်းကျင်ဘေးကင်းလုံခြုံရေးပူးပေါင်းကူညီရေး စီမံကိန်းအဖြစ် ဂျပန်အစိုးရက ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါ နေရာများ၌ ရေသိုလှောင်ကန်များနှင့် အရေးပေါ် ကယ်ဆယ်ရေးရွက်ဖျင်တဲများ ပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဟုဆိုသည်။
ယခုရရှိမည့်အထောက်အပံ့များဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကလေ-းငယ်များ ဘေးကင်းလုံခြုံပြီး ကျန်းမာသန့်ရှင်းစွာ နေထိုင်နိုင်ကြမည်ဟု ယုံကြည်မျှော်လင့်လျက်ရှိသည်ဟုလည်းဆိုသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာပြည်သူ ပြည်သားများ တိုက်ရိုက်အကျိုးခံစားရရှိစေမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို တက်ကြွစွာဖြင့် ဆက်လက် ထောက်ပံ့ကူညီသွားမည် ဖြစ်ဟုလည်း အသိပေးချက်တွင် ဖော်ပြထားသည်။