Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeInternationalဘုရင်မကြီးဈာပနကြောင့် ပရီးမီးယားလိဂ် သုံးပွဲရွှေ့ဆိုင်း

ဘုရင်မကြီးဈာပနကြောင့် ပရီးမီးယားလိဂ် သုံးပွဲရွှေ့ဆိုင်း

ဘုရင်မကြီးဈာပနကြောင့် ပရီးမီးယားလိဂ် သုံးပွဲရွှေ့ဆိုင်း

အင်္ဂလန်၊စက်တင်ဘာ ၁၂

ဘုရင်မကြီး၏ ဈာပနအခမ်းအနားမတိုင်မီ၌ ရဲတပ်ဖွဲ့ဝင်များအ လုပ်များခြင်းကြောင့် လီဗာပူးလ်အသင်းနှင့် ချယ်လ်ဆီးအသင်း၊မန်ချက်စတာယူနိုက်တက်အသင်းနှင့် လိဒ်အသင်းတို့ယှဉ်ပြိုင်ရမည့် ပွဲစဉ်များကိုရွှေ့ဆိုင်းလိုက်ကြောင်း ပရီးမီးယားလိဂ်က တနင်္လာနေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ် (၇)ပွဲကို ယခုအပတ်အတွင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကာ ဘရိုက်တန်အသင်းနှင့် ခရစ္စတယ်ပဲလေ့စ်တို့ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည့်ပွဲစဉ်ကိုမူ ရထားလုပ်သားသပိတ်‌ကြောင့် ရွှေ့ဆိုင်းခဲ့ရသေးသည်ဟုဖော်ပြထားသည်။

တနင်္ဂနွေနေ့၌ယှဉ်ပြိုင်မည့် ဘရန့်ထ်ဖို့ဒ်နှင့် အာဆင်နယ်အသင်း၏ပွဲစဉ်ကိုလည်း နေ့ခင်း ၂ နာရီသတ်မှတ်‌ထားရာမှ နေ့လည် ၁၂ နာရီသို့ ပြောင်းလဲစတင်မည်ဟုသိရှိရသည်။

ဘောလုံးအသင်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသတွင်းဘေးကင်းရေးအကြံပေးအဖွဲ့များအပါအဝင် အခြားသက်ဆိုင်ရာအာဏာပိုင်များနှင့်ပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်ပြီးသော်လည်း ပွဲစဉ်သုံးပွဲကို ရွှေ့ဆိုင်းရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ကြောင်း ပရီးမီးယားလိဂ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပရီးမီးယားလိဂ်သည် ယူကေဘောလုံးအားကစားထိန်းသိမ်းကြပ်မတ်ရေးအဖွဲ့နှင့် နိုင်ငံတစ်ဝန်းရှိ အခြားသောရဲတပ်ဖွဲ့များ၊ ဤလုပ်ငန်းစဉ်ကာလအတွင်း ပံ့ပိုးပေးခဲ့ကြသော ကျွန်ုပ်တို့၏ထုတ်လွှင့်‌ရေးလုပ်ဖော်ကိုင်ဖက်များ နှင့် ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပြီး ၎င်းတို့အားပရီးမီးယားလိဂ်အဖွဲ့ချုပ်ကကျေးဇူးတင်ရှိပါသည်” ဟုလည်းပြောကြားခဲ့သည်။

“နိုင်ငံတော်ရဲ့ဝမ်းနည်းရတဲ့ ကာလအတွင်းမှာ ကစားမယ့်ပွဲစဉ်တွေအတွက် ပရီးမီးယားလိဂ် အားကစားကွင်းတွေမှာ ဘုရင်မကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ မကစားခင်ဂါရဝပြုသွားမှာ ဖြစ်ပါတယ်” ဟုလည်းဆိုသည်။

အင်္ဂလန်၊ စကော့တလန်၊ မြောက်အိုင်ယာလန်နှင့် ဝေးလ်ရှိ ပွဲစဉ်များအားလုံးကိုလည်း လေးစားမှုအထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့်အပတ်က ရွှေ့ဆိုင်းခဲ့ကြသည်။

အာဆင်နယ်အသင်း၏ ယူရိုပါလိဂ်ပွဲစဉ်ဖြစ်သည့် PSV Eindhoven နှင့် ကြာသပတေးနေ့တွင် ယှဉ်ပြိုင်ကစားရမည့် ယူရိုပါလိဂ်ပွဲစဉ်ကိုလည်း စက်တင်ဘာ ၁၉ တွင်ပြုလုပ်မည့် ဘုရင်မကြီးဈာပနအတွက် လန်ဒန်၌ ရဲတပ်ဖွဲ့ကလုံခြုံရေးကိုတင်းကြပ်စွာလုပ်ဆောင်ရန် လိုအပ်သောကြောင့် ရပ်နားထားကြောင်းသိရှိရသည်။

Source -AFP/zl

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့်...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071