Thursday, January 9, 2025

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် F-16 ဂျက်တိုက်လေယာဉ်များအတွက်...

အမေရိကန် ပြည်ထောင်စုနှင့် သူ၏ မဟာမိတ်များ၊ မိတ်ဖက်များသည် အမေရိကန် F-16 တိုက်လေယာဉ်များအတွက် ယူကရိန်း လေယာဉ်မှူးများကို ဆက်လက် လေ့ကျင့်သင်ကြားပေးသွားရန် စီစဉ်နေကြောင်း...

မြန်မာနိုင်ငံအကြပ်အတည်းအတွက် အဖြေရှာရာတွင် အာဆီယံဘုံသဘောတူညီချက် (၅)ချက်ဖြင့်ကိုက်ညီသည့်...

မြန်မာနိုင်ငံအကြပ်အတည်းအတွက် အဖြေရှာရာတွင်အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ ဘုံသဘောတူညီချက် (၅)ချက်နှင့် ကိုက်ညီသည့် အာဆီယံ ဥက္ကဋ္ဌနှင့် အထူးသံတမန်၏ လုပ်ငန်းအပါအဝင် အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကို အပြည့်အဝ...

Microsoft က အိန္ဒိယတွင် ဒေါ်လာ...

နူးဒေလီ၊ ဇန်နဝါရီ ၇ အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft သည် လာမည့်နှစ်နှစ်အတွင်း cloud computing နှင့် ဉာဏ်ရည်တုအခြေခံအဆောက်အဦအပါအဝင် လေ့ကျင့်ရေးတို့အတွက် အိန္ဒိယတွင် အမေရိ...

ထိုင်းနှစ်သစ်ကူးခရီးသွားရာသီအတွင်း လူ ၄၃၆ ဦး‌ေ-သဆုံးခဲ့

ဘန်ကောက်၊ဇန်နဝါရီ ၇ ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ နှစ်သစ်ကူးခရီးသွားရာသီအတွင်း မတော်တဆမှု ၂,၄၆၇ ခုကြောင့် လူပေါင်း...
HomeNewsLocal Newsဘုရားဖူး Light Truck...

ဘုရားဖူး Light Truck ကား မန္တလေးတောင်အဆင်းတွင် ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျတိမ်းမှောက် ၁၇ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မန္တ လေးတောင်အဆင်းတွင် ဘုရားဖူး Light Truck ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု ယနေ့ ဇန်နဝါရီ ၈ ရက်မွန်းလွဲ ၂ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မန္တလေးတောင်အဆင်းလမ်းအတိုင်း မန္တလေးတောင်ပေါ်မှ ဘုရားဖူး၍ပြန်ဆင်းလာသည့် Light Truck (အဖြူရောင်)ကားသည် အခင်းဖြစ်နေရာ ဒုတိယကွေ့မြောက်ဘက်စောင်းတန်းအနီးအရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိမ်းမှောက်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် ကားမောင်းသူအပါအဝင် အမျိုးသား (၆)ဦးနှင့်အမျိုးသမီး(၁၁)ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ နန်းတော်ရှေ့လူမှုကူညီရေးအသင်းနှင့် နှလုံးလှလူမှုကူညီရေးအသင်းတို့မှအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်၍ ထိခိုက်ဒဏ်ရာရသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ဦးသိန်းထွန်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် F-16 ဂျက်တိုက်လေယာဉ်များအတွက် ယူကရိန်းလေယာဉ်မှူးများကို ဆက်လက်လေ့ကျင့်ပေးမည်

အမေရိကန် ပြည်ထောင်စုနှင့် သူ၏ မဟာမိတ်များ၊ မိတ်ဖက်များသည် အမေရိကန် F-16 တိုက်လေယာဉ်များအတွက် ယူကရိန်း လေယာဉ်မှူးများကို ဆက်လက် လေ့ကျင့်သင်ကြားပေးသွားရန် စီစဉ်နေကြောင်း ပင်တဂွန်၏ လက်ထောက် သတင်းရေး ပြန်ကြားရေးမှူး ဆာဘရီနာဆင်းက ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယူကရိန်းဒုတိယကာကွယ်ရေးဝန်ကြီး Sergey Melnyk က US F-16 တိုက်လေယာဉ်များပေါ်တွင် ယူကရိန်းလေယာဉ်မှူးများအတွက် လေ့ကျင့်ရေးကာလကို သုံးလလျှော့ချလိုက်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။ F-16 ဂျက်တိုက်လေယာဉ် ဒုတိယအသုတ်သည် ဒိန်းမတ်မှ ယူကရိန်းသို့ ရောက်ရှိလာကြောင်းကိုလည်း ဇလန်းစကီးက...

မြန်မာနိုင်ငံအကြပ်အတည်းအတွက် အဖြေရှာရာတွင် အာဆီယံဘုံသဘောတူညီချက် (၅)ချက်ဖြင့်ကိုက်ညီသည့် အာဆီယံ၏ အခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံကြောင်း ဥရောပသမဂ္ဂအဖွဲ့ အသိပေးထုတ်ပြန်

မြန်မာနိုင်ငံအကြပ်အတည်းအတွက် အဖြေရှာရာတွင်အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ ဘုံသဘောတူညီချက် (၅)ချက်နှင့် ကိုက်ညီသည့် အာဆီယံ ဥက္ကဋ္ဌနှင့် အထူးသံတမန်၏ လုပ်ငန်းအပါအဝင် အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံကြောင်း ဥရောပသမဂ္ဂအဖွဲ့ က ဇန်နဝါရီ(၇)ရက်၌ အသိပေးထုတ်ပြန် ကြေညာခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၏ အရေးကြီးသောအခန်း ကဏ္ဍကိုလည်း အသိအမှတ်ပြုကြောင်း ထပ်လောင်း အသိပေးထားသည်။ ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်နှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် စစ်မှန်၍ အပြု...

Microsoft က အိန္ဒိယတွင် ဒေါ်လာ ၃ ဘီလျံရင်းနှီးမြှုပ်နှံမည်

နူးဒေလီ၊ ဇန်နဝါရီ ၇ အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft သည် လာမည့်နှစ်နှစ်အတွင်း cloud computing နှင့် ဉာဏ်ရည်တုအခြေခံအဆောက်အဦအပါအဝင် လေ့ကျင့်ရေးတို့အတွက် အိန္ဒိယတွင် အမေရိ ကန်ဒေါ်လာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။ အဆိုပါကြေငြာချက်ကို လက်ရှိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီး Bengaluru ၌ကျင်းပခဲ့သည့်ပွဲသို့‌ရောက်ရှိနေသည့် Microsoft အမှုဆောင်အရာရှိချုပ် Satya Nadella ကကြေငြာခဲ့ခြင်းလည်းဖြစ်သည်။ Microsoft နည်းပညာကုမ္ပဏီကြီးသည် ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ AI ကျွမ်းကျင်မှုအတွက် လူပေါင်း ၁၀ သန်းကို လေ့ကျင့်ပေးရန်လျာထားသည်ဟုလည်းသိရသည်။ Microsoft က ၎င်း၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071