ဘော်စတွန်ရှိ နာမည်ကြီး NU တက္ကသိုလ် ပရဝုဏ် အတွင်းဗုံးကွဲ
ဘော်စတွန်၊စက်တင်ဘာ ၁၃
အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ရှိအရှေ့မြောက်ပိုင်း တက္ကသိုလ် NUတွင် အထုပ်တထုပ်ပေါက်ကွဲ၍ တက္ကသိုလ်မှ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဒုတိယအထုပ်တစ်ထုပ်ကို လုံခြုံရေးအဖွဲ့မှ ဖျက်စီးရှင်းလင်းခဲ့ရသည်။
အသက် ၄၅ နှစ်အရွယ် ဝန်ထမ်းတဦးလက်တွင်ဒဏ်ရာအနည်းငယ်ရရှိခဲ့သဖြင့် နယ်မြေဆေးရုံသို့ ပို့ဆောင်ထားကြောင်း အာဏာပိုင်များက ပြောသည်။
တက္ကသိုလ်ကျောင်းသားဦးရေ ၁၅,၇၀၀ ခန့်ရှိသည့် နာမည်ကြီး Northeastern တက္ကသိုလ်ကျောင်းဝန်းအတွင်း အင်္ဂါနေ့ညကပေါက်ကွဲမူကြောင့်ဘော့စတွန်ရှိ ကောလိပ်အများအပြားတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်နေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘော်စတွန်သည် ပညာရေးမြို့တော်ဟုသတ်မှတ်၍ရပြီး ကမ္ဘာ့အဆင့် တက္ကသိုလ် ၁၆ ခုထက်မနည်းရှိသည်။ မြန်မာအပါအဝင် တကမ္ဘာလုံးက ကျောင်းသားများ တက်ရောက်သင်ကြားနေကြသည်။
ရဲတပ်ဖွဲ့၊ ဘော်စတွန် မီးသတ်ဌာနနှင့် ဘော့စတွန် အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများက၄င်းကပါက်ကွဲမူကို ပူးပေါင်းစုံစမ်းစစ်ဆေးနေကြသည်။
ပေါက်ကွဲမှုအပြီးတွင် ဘော့စတွန်တက္ကသိုလ် ရဲတပ်ဖွဲ့မှ “ရပ်ရွာအဖွဲ့ဝင်များအားလုံးကို သတိရှိကြရန်” နှင့် သံသယဖြစ်ဖွယ် အထုပ်တစ်ခုကို တွေ့ရှိပါက 617-353-2121 သို့ ဖုန်းခေါ်ဆိုရန် တိုက်တွန်းထားသည်။
Ref:nytimes.com