ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC Women’s Futsal Asian Cup ခြေစစ်ပွဲ အုပ်စု(D)ပွဲစဉ်ကို မကာအိုနှင့် တရုတ် (တိုင်ပေ)အမျိုးသမီး ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်(တိုင်ပေ)အသင်းက (၁၈) ဂိုးသွင်းယူခဲ့ပြီး ပြိုင်ဘက် မကာအိုအသင်းမှာ ပွဲပြီးဆုံးချိန်အထိ ချေပဂိုး သွင်းယူနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။
ယနေ့ နောက်ထပ် အုပ်စု(D)ပွဲစဉ်တစ်ခုကိုလည်း ညနေ(၅) နာရီအချိန်၌ မြန်မာနှင့် ဗီယက်နမ် အမျိုးသမီးဖူဆယ်အသင်းသို့ ထပ်မံယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စု (D)ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနေခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီ (၁၅) ရက်မှ (၁၉) ရက်အထိ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
မြန်မာလက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းသည် ဇန်နဝါရီ (၁၇) ရက်တွင် တရုတ် (တိုင်ပေ)အသင်းဖြင့် ထိပ်တိုက်တွေ့ဆုံကြရမည်ဖြစ်ပြီး၊ မကာအိုအသင်းနှင့်လည်း ဇန်နဝါရီ(၁၉)ရက်တွင်ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သည်။
AFC Women’s Futsal Asian Cup 2025ခြေစစ်ပွဲများကို အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့တွင် ကျင်းပလျက်ရှိပြီး အသင်း (၁၉) သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့်အနက် (၅) သင်း (၃) အုပ်စု၊ (၄) သင်း (၁) အုပ်စုခွဲ၍ ကျင်းပပြုလုပ်နေခြင်းလည်းဖြစ်သည်။