Sunday, January 5, 2025

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား...

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ...

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်

နစက မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ်...
HomeInternationalမက်တာသည် ဟော့ကီရန် ဘာသာကို...

မက်တာသည် ဟော့ကီရန် ဘာသာကို အင်္ဂလိပ် ဘာသာသို့ အချိန်နှင့်တပြေးညီ တိုက်ရိုက် ဘာသာပြန်ပေးနိုင်သည့် အေအိုင် ကိရိယာကို မိတ်ဆက်လာ

မက်တာသည် ဟော့ကီရန် စကားကို အင်္ဂလိပ်သို့ ဘာသာပြန်ပေးနိုင်သည့် လူလုပ်ဉာဏ်ရည်တု(အေအိုင်) စနစ်တစ်ခုကို ဖန်တီးခဲ့ကြောင်း အောက်တိုဘာလ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

ရေးမှတ်ထားပြီးသား စကားလုံးများကို ဘာသာပြန်ပေးခြင်းမျိုးမဟုတ်ဘဲ အပြင်လောကတွင် တိုက်ရိုက်ပြောစကားများကို အချိန်နှင့် တပြေးညီ ဘာသာပြန်ဆိုပေးနိုင်မည့် ပထမဆုံး စကားပြန်ဆောာ့ဝဲလ်ဖြစ်သည်။

အင်္ဂလိပ်နှင့် ဟော့ကီရန် ဘာသာစကား အသုံးပြုသူများသည် ၎င်း၏ အေအိုင် ကိရိယာကိုသုံး၍ စကားစမြည်ပြောဆိုနိုင်မည်ဟု မက်တာက ပြောကြားထားသည်။

ယခင်က ဖေ့စ်ဘွတ် ဟု လူသိများသော မက်တာက ထိုဘာသာပြန်စနစ်မှာ မတ်တာ၏ ကမ္ဘာတစ်လွှား စကားပြန် (ယူအက်စ်တီ) ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုသည်။

ဟော့ကီရန် ဘာသာစကားသည် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် ထိုင်ဝမ် အပြင် စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် အရှေ့တောင်အာရှ၏ အခြားဒေသများရှိ တရုတ်လူမျိုးစုများ အသုံးပြုနေ၍ လူပေါင်း ၄၆ သန်းခန့် ပြောဆိုနေသော ဘာသာစကားဖြစ်သည်။

ကမ္ဘာ့ဘာသာစကား ခုနှစ်ထောင်ရှိသည့်အထဲမှ ၄၀ ရာခိုင်နှုန်းသည် ပုံနှိပ်ရေးသားထားခြင်းမရှိသော နှုတ်ထွက်ပြောစကားများဖြစ်ပြီး ဟော့ကီရန် သည်လည်း ၎င်းတို့အနက်မှ တစ်ခုဖြစ်ကြောင်း မက်တာက ပြောကြားခဲ့သည်။

ယခုအချိန်အထိ အေအိုင် ဘာသာပြန်ဆိုမှုသည် ရေးသားထားသော ဘာသာစကားများကိုသာ အဓိကထား ပြန်ဆိုနေသည့်အတွက်ကြောင့် စံသတ်မှတ်ထားသော ပုံစံမရှိသည့် ဘာသာစကားများကိုမူ ဘာသာပြန်ဆိုရန် မဖြစ်နိုင် ရှိနေသည်။

ထိုသို့ အရင်းအမြစ်နည်းသော အခက်အခဲများကို ကျော်လွှားရန်အတွက် မက်တာသုတေသီများသည် ၎င်း၏ အေအိုင်ကို လေ့ကျင့်ပေးချိန်တွင် ဟော့ကီရန်း စကားနှင့် ဆင်တူသော မန်ဒရင်းဘာသာ၏ စာသားများကို အင်္ဂလိပ်နှင့် ဟော့ကီရန်းတို့၏ ကြားခံအဖြစ် အဖြစ်အသုံးပြုခဲ့ရကြောင်း သိရသည်။

အဆိုပါ မိုဒယ်သည် လက်ရှိတွင် ဆက်လက် တိုးတက်အောင် လုပ်‌ဆောင်နေဆဲဖြစ်ပြီး တစ်ကြိမ်လျှင် ဝါကျ အပြည့်တစ်ကြောင်းတစ်ခုကိုသာ ဘာသာပြန်ဆိုနိုင်သေးသည်။ သို့သော်လည်း စကားပြောအားလုံးကို တစ်ပြိုင်နက်တည်း ဘာသာပြန်ဆိုနိုင်သည်အထိ လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ ယနေ့ညပိုင်းကပြုလုပ်ရာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာကြသူများအား တွေ့ဆုံနှုတ်ဆက်ပြီးနောက် မီးရှူးမီးပန်းပစ်ဖောက်နေမှုများကို ကြည့်ရှုအားပေးပြီး ညစာသုံးဆောင်ခဲ့ကြသည်။ ညစာမသုံးဆောင်ခင်နှင့် သုံးဆောင်နေချိန်တို့တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုဆောင်ခန်းမတွင်ပြုလုပ်သည့် ပဒေသာကပွဲအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဂုဏ်ပြုညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေး၍ ဖျော်ဖြေတင်ဆက်ခဲ့သူများကို ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ကြသည်။ အဆိုပါ (၇၇)နှစ်မြောက်...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။ တိဘက်ရှိ ရေအားလျှပ်စစ်စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် မြစ်အောက်ပိုင်းရေပေးဝေမှုကို ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု တရုတ်အရာရှိများက ပြောထားစေကာမူ ယင်းဆည်တမံနှင့်ပတ်သက်၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့က စိုးရိမ်ပူပန်နေကြသည်။ တိဗက်တွင် မြစ်ဖျားခံသော Yarlung Zangbo မြစ်သည် ဗြဟ္မပုတ္တရမြစ်အဖြစ် ထွက်ခွာကာ တောင်ဘက် အိန္ဒိယနိုင်ငံ အရူနာချယ်လ် ပရာဒေ့ရှ်နှင့် အာသံပြည်နယ်များသို့ စီးဝင်ပြီး...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ ဖွဲ့၊တွဲဖက်အကျိုးတော်ဆောင်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ သာ ယာကုန်းပြာသာဒ်ကျောင်းဆရာတော်ကြီး ကြွရောက်တော်မူခဲ့သည်။ ထို့နောက် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက သာယာကုန်းပြာသာဒ်ကျောင်း ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံ ဃာတော်များအား ပရိတ်ရည်၊ ပရိတ်အိုး၊ ပရိတ် ချည် ပရိတ်သဲ၊ ပရိတ်ကျောက်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့ပြင် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071