Sunday, December 1, 2024

KNDF နှင့် PDF အဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့်...

ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နယ်၊ လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၏ အောင်ကလပ်ကျေးရွာအနီးတွင် ယနေ့ နိုဝင်ဘာ ၃၀ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က KNDF...

မွေးမြူရေးလုပ်ငန်းများ၌ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

မွေးမြူရေးလုပ်ငန်းများ၌ လျှပ်စစ်ဓာတ်အားအထောက်အကူပြုစေရေး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ...

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့အမွေအနှစ်ဖြစ်မဖြစ် ဒီဇင်ဘာ လဆန်းပိုင်းတွင်...

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ကမ္ဘာ့အမွေအနှစ်ဖြစ်မဖြစ် လာမည့်ဒီဇင်ဘာလဆန်းပိုင်းတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်Asunción မြို့တွင်ကျင်းပမည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားကို...

လက်ဘနွန်တောင်ပိုင်းရှိ ရွာပေါင်း ၆၀ တွင်...

အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ အရပ်သားများ သွားလာလှုပ်ရှားမှုကို တားမြစ်ထားပြီး နယ်စပ်ဒေသရှိ ကျေးရွာ ၆၀ ကျော်မှ ဒေသခံများအား နေရပ်သို့ မပြန်ရန် တားမြစ်ထားကြောင်း...
HomeNewsLocal Newsမကွေးမြို့ရှိ "ချိုချို"ရတနာဆိုင်မှ ရွှေထည်ပ...

မကွေးမြို့ရှိ “ချိုချို”ရတနာဆိုင်မှ ရွှေထည်ပ စ္စည်းများကိုလုယက်ခဲ့သူများအား ညတွင်းချင်းဖမ်းမိခဲ့

မကွေးတိုင်း၊ မကွေးမြို့၊ အောင်ရတနာရပ်ကွက်ရှိ “ချိုချို”ရတနာဆိုင်ပိုင်ရှင်အားသေနတ်ဖြင့်ပစ် ခတ်၍ ရွှေထည်ပစ္စည်းများကိုလုယက်ယူဆောင်သွားသူများအား လုံခြုံရေးအဖွဲ့ဝင်များက ည တွင်းချင်းဖမ်းဆီးရမိခဲ့ကြောင်း နစက ၏သ တင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့လည် ၁ နာရီကျော်ခန့်က “ချိုချို”ရတနာဆိုင်သို့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာကာ ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ခြိမ်းခြောက်၍ မှန်ကောင်တာအား တူဖြင့်ထုခွဲပြီး ငွေကျပ်(၇၅၄)သိန်းခန့်တန်ဖိုးရှိ ဆွဲသီးပါရွှေဆွဲကြိုး(၂၀)ကုံး၊ ရွှေကလစ်(၁၅)ခု၊ ရွှေအလေး ချိန်(၁၃)ကျပ်သားခန့်ကို လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်တွင် ဆိုင်ပိုင်ရှင်ဖြစ်သူဦးထွန်းထွန်းဦး (၅၉)နှစ်နှင့် ဆိုင်အပြင်လမ်းမပေါ်ရှိ ဦးအောင်မျိုးမြင့်ပိုင်(၂၇)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွက် မကွေးမြို့မရဲစခန်းက(ပ) ၁၂၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ(၂)ဦးအနက် အောင်ဇော်ထွန်း(၄၉)နှစ်အား ယင်းနေ့ည ၇ နာရီခွဲတွင် မကွေးမြို့နယ်ရှိ ယင်းဆိပ်စစ်ဆေးရေးဂိတ်၊ အောင်မင်းသူ(ခ)မိုးသန်းအား နိုဝင်ဘာ ၂၉ ရက်ည ၇ နာရီခွဲတွင် ပဲခူးတိုင်း၊ ပြည်မြို့၊ ရွှေဆံ တော်ဘုရားပေါ်ရှိ ကျားပျံဓမ္မာရုံတို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် လုယက်ယူဆောင်သွားခဲ့သည့် ရွှေထည်ပစ္စည်းများနှင့် ပြစ်မှုကျူးလွန်စဥ်ကအသုံးပြုခဲ့သော GLOCK 19 ပစ္စတိုသေနတ်(၁)လက်၊ ကျည်အိမ်(၂)ခု၊ ၎င်းကျည်(၁၁)တောင့်တို့အား ၎င်းတို့ဝှက်ထားသည့်နေရာမှ ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ(၂)ဦးအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် သက်ဆိုင် ရာတရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရန် လုံခြုံ ရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KNDF နှင့် PDF အဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့် ထီးစဲခါးကျောင်းတိုက်မှ ဆရာတော်ပျံလွန်တော်မူ (၂)ပါးဒဏ်ရာရ

ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နယ်၊ လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၏ အောင်ကလပ်ကျေးရွာအနီးတွင် ယနေ့ နိုဝင်ဘာ ၃၀ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က KNDF နှင့် PDF အဖွဲ့ဝင်များမှ ထီးစဲခါးကျောင်းတိုက်မှ ကျောင်းထိုင်ဆ ရာတော်နှင့်အတူပါလာသည့် သံဃာတော်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း နစက ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးကျေးရွာရှိ ထီးစဲခါးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်အပါ အဝင် သံဃာတော်(၅)ပါးသည် ကျောင်းတိုက်အ တွင်း၌ စေတီတော်အသစ်တည်ထားရန် လိုအပ်သည့်ပစ္စည်းများဝယ်ယူရန် မန္တလေးမြို့သို့ ကျောင်းတိုက်ပိုင်ကားဖြင့်ထွက်ခွာလာစဥ် အောင်ကလပ်ကျေးရွာအနီးအရောက် KNDF နှင့်...

မွေးမြူရေးလုပ်ငန်းများ၌ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

မွေးမြူရေးလုပ်ငန်းများ၌ လျှပ်စစ်ဓာတ်အားအထောက်အကူပြုစေရေး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေးမွေးမြူရေးဇုန်သို့ ရောက်ရှိစဉ် တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းက ဇုန်များအလိုက် ရေရရှိရေးမှာအဓိကကျ ၍ မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုံလောက်သည့်ရေပမာဏပေးဝေနိုင်ရေးကို စနစ်တကျတွက်ချက်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။ ဇုန်များအလိုက် လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ရန်လိုပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းများဆောင်ရွက်ပါက မွေးမြူရေးလုပ်ငန်းများ အတွက်အထောက်အကူဖြစ်စေနိုင်မည်ဟု တိုက်တွန်းပြောကြားသည်။ ထို့ပြင် တိရစ္ဆာန်အစာများကို ဇုန်များအလိုက် ဒေသထွက်ကုန်ကြမ်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများဖြင့် အသုံးပြုကာ ဇုန်များအလိုက် Green...

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့အမွေအနှစ်ဖြစ်မဖြစ် ဒီဇင်ဘာ လဆန်းပိုင်းတွင် ဆုံးဖြတ်မည်

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ကမ္ဘာ့အမွေအနှစ်ဖြစ်မဖြစ် လာမည့်ဒီဇင်ဘာလဆန်းပိုင်းတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်Asunción မြို့တွင်ကျင်းပမည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၁)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၂) ရက်နှင့် (၇) ရက်အတွင်းဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအ မွေအနှစ်ညီလာခံ အစည်းအဝေးသို့တက်ရောက်မည့်ကိုယ်စားလှယ်အဖွဲ့သည့် ယနေ့ နိုဝင်ဘာလ (၃၀) ရက်တွင် ရန်ကု န်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တဆင့်သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးကို H.E. မစ္စ Nancy...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071