မင်းသား Kim Seon Ho က သူ့ရဲ့ရည်းစားဟောင်း A အတွက် တောင်းပန်စာ ထုတ်ပြန်
ယနေ့(အောက်တိုဘာလ ၂၀ရက်နေ့)မှာ Kim Seon Ho က သူ့ရဲ့ရည်းစားဟောင်း A ကို တောင်းပန်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်ထဲမှာ-
“ပထမဆုံး ကျွန် တော်ဘက်က သတင်းထုတ်ပြန်ချက် နောက်ကျရတဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်လွန်ခဲ့တဲ့ ရက်အ နည်းငယ်က ကျွန်တော့်နာမည်နဲ့ သတင်းဆောင်းပါးတွေကို ပထမဆုံးတွေ့တဲ့အချိန်မှာ အရင်ကမခံစားဖူးတဲ့ ကြောက်ရွံခြင်းကို ခံစားရတယ်။အဲဒါ ကြောင့် ကျွန် တော် ကိုယ်တိုင် ဒီ ဖြေရှင်း ချက်ကို ရေးသားထားတာပါ ။
ကျွန် တော်နှင့် သူမ ကောင်းမွန်တဲ့ ခံစားချက် တွေနဲ့ အစပြု တွေ့ဆုံ ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော့ရဲ့အရည်အချင်းမရှိတာနဲ့ ထည့်သွင်းစဉ်းစားမှုမရှိတာကြောင့် သူ့ကို နာကျင်စေခဲ့တယ်။ကျွန် တော် သူမ နှင့် ထပ် တွေ့ဆုံပြီး ရိုးသားစွာ တောင်းပန်နိုင်ဖို မျော်လင့် ထားပေမယ့် ခုထိ မလုပ်နိုင် သေးဘဲ ဖြစ် နေပါတယ်။ ဒါ ပေမယ့် ကျွန် တော် အချိန်တစ်ခုယူပြီး ကြိုးစားပြီး တောင်းပန်သွားမှာပါ။
ဒီအတောအတွင်းမှာ ကျွန်တော့ရဲ့တောင်းပန်ခြင်းကို ဒီစာကနေ စိတ်အားထက်သန်သန်စွာပြောပြနိုင်ဖို မျှော်လင့်ပါတယ်။ကျွန်တော့ကိုယုံကြည်ပြီးအဆုံးထိ အားပေးခဲ့တဲ့သူတွေကိုလည်း မင်းကိုစိတ်ပျက်စေတဲ့အတွက် ကျွန် တော်တောင်းပန်ပါတယ်။ကျွန်တော့်ကိုအားပေးတဲ့သူတွေကြောင့် မင်းသား Kim Seon Ho အဖြစ်ရပ်တည်နိုင်ခဲ့တာကို မေ့နေခဲ့တယ်။ကျွန်တော့်ရဲ့အမှားတွေ ကြောင့် ကျွန်တော်လုပ်ခဲ့တဲ့ထိခိုက် မှုတွေအတွက် ထုတ်လုပ်ရေးများစွာက ကျွန် တော်နဲ့လက်တွဲခဲ့ဖူးသူတွေကို တောင်းပန်ပါတယ်။
ထပ်ပြီး ဒီဖြစ်ရပ်ကြောင့် ထိခိုက်နာကျင်ခဲ့ရသူအားလုံးကို ရိုးသားစွာ တောင်းပန်ပါတယ်။ဒါပေမယ့် ဒီလိုပြောနေတာဟာ လူတွေရဲ့ နှလုံးသားဆီကို အပြည့်အဝရောက်ရှိဖိုမလုံလောက်ဘူးဆိုတာကျွန်တော်သိပါတယ်။ဒါပေမယ့် တတ်နိုင်သမျှ ဘယ်နည်းနဲ့မဆို ကျွန် တော်ရိုးသားစွာတောင်းပန်ဖို ဝန်မလေးပါဘူး။ကျွန်တော်တကယ်ကိုတောင်းပန်ပါတယ်။” လို့ ဖော်ပြထားပါတယ်