Tuesday, November 26, 2024

ပြည်ပသို့ ပို့ကုန်၊ သွင်းကုန် စုစုပေါင်း...

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ၊ ဧပြီလမှ အောက်တိုဘာလ (၂၅) ရက်အထိ ပြည်ပသို့ ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်မှုအနေဖြင့် စုစုပေါင်း...

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အပစ်ရပ်...

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ ယမန်နေ့ နိုဝင်ဘာ ၂၅ ရက် နံနက်အ‌စောပိုင်းက...

နေပြည်တော်တွင် အပန်းဖြေအနားယူနိုင်မည့် ခရီးစဉ်နေရာသစ်များ ဖော်ထုတ်နိုင်ရေး...

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ယခင်ရှိပြီးသည့် ခရီးစဉ်နေရာဒေသများအပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း...

တစ်ရက်လျှင် ဆီတန်ချိန် (၅၀) ကြိတ်ခွဲနိုင်ပြီး...

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ (၂၄)ရက်က ဖွင့်လှစ်လိုက်သည့် Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံမှ တစ်ရက်လျှင် ဆီတန်ချိန်...
HomeNewsFootballမစ်ဆူဘီရှီဖလား ပွဲစဉ်များတွင် VAR...

မစ်ဆူဘီရှီဖလား ပွဲစဉ်များတွင် VAR စနစ် အသုံးပြုမည်

ဒီဇင်ဘာလအတွင်း ကျင်းပမည့် အာဆီယံမစ်ဆူဘီရှီဖလား ၂၀၂၄ ပြိုင်ပွဲ၏ ပွဲစဉ်အားလုံးတွင် VAR စနစ်ကို အသုံးပြုမည် ဖြစ်ကာ မြန်မာအသင်း လက်ခံကစားမည့် သုဝဏ္ဏကွင်းသည်လည်း ပထမဆုံး VAR စနစ်ကို အသုံးပြုသည့် ကွင်းဖြစ်လာသည်။

VAR စနစ်ကို ပြိုင်ပွဲဝင်နိုင်ငံများအားလုံး၏ အိမ်ကွင်းအဖြစ် သုံးမည့် ဘောလုံးကွင်းများ၌ ပြုလုပ်မည်ဖြစ်သည် ဟုလည်း အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFFက အတည်ပြုထားသည်။

ယင်း VAR စနစ်ကို အုပ်စုပွဲစဉ်များအားလုံး၌ ကင်မရာ (၁၀)လုံးအထိ အသုံးပြုမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတွင် ကင်မရာ(၁၂)လုံးအသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် မစ်ဆူဘီရှီဖလား အုပ်စု ပွဲစဉ်များ အဖြစ် အင်ဒိုနီးရှား၊ လာအို ၊ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် ယှဉ်ပြိူင်ကစားရမည် ဖြစ်ပြီး ဒီဇင်ဘာ ကိုးရက်နေ့၌ သုဝဏ္ဏအားကစားကွင်းတွင် အင်ဒိုနီးရှားအသင်းကို ဧည့်ခံကစားရမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာအသင်းကို လက်ရွေးစင်ကစားသမားဟောင်း ဥိီးမျိုးလှိုင်ဝင်းက ကိုင်တွယ်နေပြီး နိုင်ငံတကာ ခြေစမ်းပွဲများ၌ လက်ဘနွန်နှင့် စင်ကာပူအသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး သီရိလင်္ကာအသင်းကို တပွဲနိုင်၊ တပွဲသရေ ရရှိထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပသို့ ပို့ကုန်၊ သွင်းကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၅၄၈၃) သန်းခန့် ဆောင်ရွက်နိုင်ခဲ့

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ၊ ဧပြီလမှ အောက်တိုဘာလ (၂၅) ရက်အထိ ပြည်ပသို့ ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်မှုအနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ(၁၅၄၈၃)သန်းခန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်း၊သတ္တုတွင်းထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်းနှင့် အခြားပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၈၅၁၆) သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပို့ကုန်များကို တရုတ်၊ထိုင်း၊ဖိလစ်ပိုင်၊ ဗီယက်နမ်၊မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၊ ဂျာမနီ၊ နယ်သာလန်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊...

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အပစ်ရပ် ပေါင်းစည်းရေးဆွေးနွေးနေချိန် တိုက်ပွဲပြန်လည်ဖြစ်ပွားဟု ဆို

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ ယမန်နေ့ နိုဝင်ဘာ ၂၅ ရက် နံနက်အ‌စောပိုင်းက တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့၊ တုံလောကျေးရွာအုပ်စု၊ ပန်ပွဲကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းငယ်နှစ်ခုကို RCSS/SSA အဖွဲ့ အင်အား ၁၀၀ ကျော်က စစ်ကြောင်း သုံးကြောင်းခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု SSPP/SSAက အသိပေးထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း SSPP/SSA တပ်ဖွဲ့ဝင် ၈ ဦးဖမ်းဆီးခံခဲ့ရပြီး စခန်းတွင်းရှိ ဆိုင်ကယ် ၄...

နေပြည်တော်တွင် အပန်းဖြေအနားယူနိုင်မည့် ခရီးစဉ်နေရာသစ်များ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ယခင်ရှိပြီးသည့် ခရီးစဉ်နေရာဒေသများအပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၄) ရက်က နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန် အဘက်ဘက်မှ ကြိုးပမ်းနေသကဲ့သို့ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး ယခင်ရှိပြီးသည့် ခရီးစဉ်နေရာဒေသများအပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071