Sunday, January 5, 2025

ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် တို့ကို...

ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သဘင်ဆောင်၌ ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊...

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီ ၄ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု...
HomeNewsLocal Newsမည်သည့်ခရီးသွားလာမှုမျိုးမဆို မှတ်ပုံတင်ပါမှရမည်

မည်သည့်ခရီးသွားလာမှုမျိုးမဆို မှတ်ပုံတင်ပါမှရမည်

မည်သည့်ခရီးသွားလာမှုမျိုးမဆို မှတ်ပုံတင်ပါမှရမည်

၂၀၂၂ ဧပြီ၁ရက်ကစပြီး ခရီးသွား၊တည်းခိုကြရာတွင် ထောက်ခံစာဖြင့် လက်မခံတော့ဘဲ မှတ်ပုံတင်ပါရှိမှ ရရှိ၊လက်ခံတော့မည်ဖြစ်သည်။

အဆိုပါနေ့ကစပြီး ခရီးသွား၊တည်းခိုသူများမှတ်ပုံတင် ပါ၊မပါ သက်ဆိုင်ရာက လမ်းခရီးတစ်လျှောက် အဓိက ဝင်ပေါက်၊ထွက်ပေါက်များတွင် စစ်ဆေးလျှက်ရှိနေသည်ကိုတွေ့ရသည်။

“မှတ်ပုံတင်ပါမရင် ကားဂိတ်တွေကအစ လက်မခံတော့တာတွေ့ရတယ်”ဟု ယခုရက်ထဲ ခရီးသွားခဲ့သူတစ်ဦးကပြောသည်။

မှတ်ပုံတင်ပါ၊မပါ စစ်ဆေးမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ယခုရက်ထဲ နေပြည်တော်-ကံပြားလမ်း၊ မြို့သစ်နှင့် တောင်တွင်း ကြီးလမ်းခွဲရှိ ဆောက်လုပ်ရေးဧည့်ခန်းမ၌ ပူးပေါင်း စစ်ဆေးရေးဆောင်ရွက်နေသည့် နေရာသို့သွားရောက်ကာ စစ်ဆေးမှုများပင် ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

ဝန်ကြီးက နိုင်ငံသားတိုင်း နိုင်ငံသားကတ်(မှတ်ပုံတင်) ရရှိ ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိနေရာတွင်၊ နိုင်ငံသားကတ် ကို ယခင် မိုးပွင့်စီမံချက်ဖြင့် ကတ်ပြား ၈ ဒသမ ၄ သန်းကျော် ၊ သစ္စာစီမံချက်ဖြင့် ၆ ဒသမ ၂ သန်းကျော်၊ ယခုပန်းခင်းစီမံချက်ဖြင့် ၃ သန်းခန့် ဆောင်ရွက်ပေးပြီးဖြစ်၍ မပြုလုပ်ရသေးသူများ ကျန်ရှိ နေသေးသူများအတွက် အသိပေး နှိုးဆော်သည့်အနေဖြင့် ယခုကဲ့သို့ စစ်ဆေးရေးဂိတ် များနှင့် တည်းခိုနေထိုင်ရာ နေရာများ၊ နိုင်ငံသား ကတ်ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် နိုင်ငံသားကတ် ပါ/မပါ စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် တို့ကို အကောင်အထည်ဖော်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်၊ တိုင်းရင်းသားပြည်သူများ ပူး‌ပေါင်းပါဝင်ရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သဘင်ဆောင်၌ ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းသည် (၇၇)နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း ပြည်တွင်း/ပြည်ပ ပယောဂများကြောင့် ပဋိပက္ခများနှင့်အ တူ ယနေ့ကာလအထိ တည်ငြိမ်အေးချမ်းမှု အားနည်းနေဆဲဖြစ်၍ လွတ်လပ်ရေးကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည့်တာဝန်သည် မိမိတို့အားလုံးအတွက် သမိုင်းပေးတာဝန်ဖြစ်သည်ဟု ပြောသည်။ " လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်တာအပြင် လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့ကြသူတွေရဲ့...

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီ ၄ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခဲ့ပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် မွေးရာပါသမိုင်းပေးတာဝန်ဖြစ်သည်ဟု ပြောသည်။ ထို့ပြင် တိုင်းပြည်ကာကွယ်ရေးအတွက် စစ်မြေပြင်တွင် ရှေ့တန်းကျကျတိုက်ပွဲဝင်နေကြရသည့် တပ်မတော်သားများကဲ့သို့ တပ်မတော်သားများ၏ ပါရမီဖြည့်ဖက် ရဲမေများနှင့် မိသားစုဝင်များသည်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက်အရေးကြီးသည့် အရန်အင်အားများဖြစ်သည်ကို ဂုဏ်ပြုပြောကြားသည်။ " တပ်မတော်သားတွေရဲ့ ပါရမီဖြည့်ဖက်ပီပီ သင်ကြားတတ်မြောက်ထားတဲ့ စစ်ပညာတွေနဲ့ နိုင်ငံနဲ့လူမျိုးအကျိုးအတွက်...

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ ယနေ့ညပိုင်းကပြုလုပ်ရာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာကြသူများအား တွေ့ဆုံနှုတ်ဆက်ပြီးနောက် မီးရှူးမီးပန်းပစ်ဖောက်နေမှုများကို ကြည့်ရှုအားပေးပြီး ညစာသုံးဆောင်ခဲ့ကြသည်။ ညစာမသုံးဆောင်ခင်နှင့် သုံးဆောင်နေချိန်တို့တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုဆောင်ခန်းမတွင်ပြုလုပ်သည့် ပဒေသာကပွဲအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဂုဏ်ပြုညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေး၍ ဖျော်ဖြေတင်ဆက်ခဲ့သူများကို ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ကြသည်။ အဆိုပါ (၇၇)နှစ်မြောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071