မတ္တရာမြို့နယ်တွင် လဖက်ရည်ဆိုင်ထိုင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ဝသုန္ဒကျေးရွာရှိ လဖက်ရည်ဆိုင်၌ ထိုင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမူး ၃ ဦး သြဂုတ် ၁၀ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
ယနေ့နံနက် ၈ နာရီခန့်က အမည်မသိအမျိုးသား ၃ ဦးက လဖက်ရည်ဆိုင်၌ထိုင်နေသည့် ဝသုန္ဒကျေး ရွာအုပ်ချုပ်ရေးမှူးဦးတင်သောင်း၊ လင်းမြွေချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်ဆန်းနှင့်ထီးတော်မိုးကျေးရွာအုပ်ချုပ်ရေးမှူးဦးဌေးလွင်တို့အား သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ကြသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်သည့် ဦးဌေးလွင်နှင့်ဦးကျော်ဆန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြသဖြင့် မတ္တရာမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
အမည်မသိ အမျိုးသား ၃ ဦး၏ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ်စဥ်၌ ဝသုန္ဒကျေးရွာအုပ် ချုပ်ရေးမှူးဦးတင်သောင်းမှာလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ကျေးရွာအတွင်းနှင့်လမ်းများပေါ်တွင် ပိတ်ဆို့ရှာဖွေစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။