Looking for something?

Explore the website

Looking for something?

Tuesday, March 18, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄...

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...
HomeNewsLocal Newsမတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်...

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်းငွေခန်းများကိုရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်) ရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ရွာသာကြီး)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (မန္တလေး)တွင် PO ဖြင့် လည်းကောင်း၊ ဘဏ်ငွေသွင်းချလန်ဖြင့်လည်းကောင်း၊ ငွေသားဖြင့်လည်းကောင်း လက်ခံဆောင်ရွက်လျက်ရှိသည်။

ယခုအခါ ၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့်ဘဏ်စာရင်းနှင့် ဌာနစာရင်း ကိုက်ညီမှုရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် လက်ခံဆောင်ရွက်ခြင်းအား မတ်လ (၂၅) ရက်အထိသာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူများ အဆင်ပြေမှုရှိစေရန် မတ် (၂၆) ရက်မှ (၃၁) ရက်အထိ နံနက် (၁၂) နာရီအထိ ငွေသားဖြင့် လက်ခံဆောင်ရွက်ပေးမည် ဖြစ်သည်။

ဧပြီ (၁) ရက်မှစ၍ ကနဦးယာဉ်မှတ်ပုံတင်ခများ ပေးသွင်းခြင်းအား PO နှင့် ဘဏ်ငွေသွင်းချလန်တို့ဖြင့် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄ ရာခိုင်နှုန်းကျော်ရှိ

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ဖြေဆိုရာ၌ နေပြည်တော်အတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန(၄၇)ခု၌ မြန်မာစာဘာသာရပ်အား ကျောင်းသား(၅၄၈၄)ဦး၊ ကျောင်း သူ(၇၀၆၈)ဦး(စုစုပေါင်း ၁၂၅၅၂ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/နိုင်ငံခြားစာစစ်ဌာနပေါင်း(၇၇၀)တွင် မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား၊ ကျောင်းသူ(၁၉၆၃၃၇)ဦးရှိ၍ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071