Friday, December 27, 2024

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို...

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆)...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည်...
HomeNewsLocal Newsမတ်လနောက်ပိုင်း ပထမဆုံးအနေဖြင့်အမေရိကန်ဆီဈေး ၄...

မတ်လနောက်ပိုင်း ပထမဆုံးအနေဖြင့်အမေရိကန်ဆီဈေး ၄ ​​ဒေါ်လာအောက်ကျဆင်းခဲ့

မတ်လနောက်ပိုင်း ပထမဆုံးအနေဖြင့်အမေရိကန်ဆီဈေး ၄ ​​ဒေါ်လာအောက်ကျဆင်းခဲ့

မတ်လမှစ၍ ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့က အမေရိက၌ ဓာတ်ဆီလက်လီရောင်းချမှု ပျမ်းမျှစျေးနှုန်းသည် တစ်ဂါလန်လျှင် ၄ ဒေါ်လာအောက်ကျဆင်းသွားပြီး ကမ္ဘာ့လောင်စာဆီအများဆုံးသုံးစွဲသူဖြစ်သည့် ယာဉ်မောင်းများကို သက်သာရာရစေခဲ့သည်။

အမေရိကန်မော်တော်ယာဉ်အသင်း၏ အဆိုအရ ကြာသပတေးနေ့တွင် နိုင်ငံတွင်း ပျမ်းမျှဈေးသည် တစ်ဂါလန်လျှင် ဒေါ်လာ ၃ ဒသမ ၉၉၀ သို့ ကျဆင်းသွားသည်ဟုသိရှိရသည်။

ဇွန်လတွင် ဓာတ်ဆီဈေးသည် ၅ ဒသမ ၀၂ ဒေါ်လာဖြင့် အမြင့်ဆုံးသို့စံချိန်တင်ရောက်ရှိလာခဲ့ပြီး ဇူလိုင်လကဆီဝယ်ယူမှုသည် ၂၀၂၀ ပြည့်နှစ်ကပ်ရောဂါကာလထက်ပင် လျော့နည်းသွားခဲ့သည်။

ယခုအပတ် ကြာသပတေးနေ့၌ ရေနံစိမ်းတစ်စည်လျှင် ၉၈ ဒေါ်လာသာရှိခဲ့သည်။သို့သော် ဈေးနှုန်းများကြီးမြင့်ချိန်က တစ်စည်လျှင် ၁၃၉ ဒေါ်လာအထိမြင့်တက်သွားခဲ့သည်။ရောင်းလိုအားကိုတင်းကြပ်စွာ ကန့်သတ်မှုကြောင့် စျေးကျသွားခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော်သည်လည်း US Strategic Petroleum Reserve မှ ရေနံစိမ်းစည်ပေါင်း သန်း ၁၈၀ ကျော်ကို ထုတ်‌ေပးနေပြီး အမေရိက၏ ရေနံထွက်ရှိမှုသည် ယခုနှစ်တွင် တစ်ရက်လျှင် စည်ပေါင်းငါးသိန်း (၁၂ ဒသမ ၂ သန်း)ခန့်အထိ မြင့်တက်လာခဲ့သည်။လွန်ခဲ့သည့် လေးပတ်အတွင်း ဝယ်လိုအားအတွက် ထုတ်ပေးနိုင်သော ဓာတ်ဆီ ထုတ်ကုန်စုစုပေါင်းသည် ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း EIA၏ အချက်အလက်များအရသိရသည်။

မကြာသေးမီက အချက်အလက်များအရ ၀ယ်လိုအားသည် ဇူလိုင်လမှစ၍မြင့်တက်လာသည်ကို တွေ့ရှိခဲ့သည်။ယခုဈေးနှုန်းကျဆင်းမှုသည် ဝယ်လိုအား ပြန်လည်မြင့်တက်လာစေမည့် အချက်ပြမှုတစ်ခုဖြစ်သည်ဟု သုံးသပ်သူများကမျှော်လင့်ခဲ့ကြသည်။

ယခုကဲ့သို့ စျေးနှုန်းများကျဆင်းခြင်းသည် ၀င်ငွေနည်း‌ ​သောအမေရိကန်ပြည်သူများအတွက် အထောက်အကူဖြစ်စေသည်။Bank Of America ၏ကိန်းဂဏန်းများအရ ဇွန်လက ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းအထိကုန်ကျခဲ့သောစက်သုံးဆီကုန်ကျစရိတ်သည် ဇူလိုင်လတွင် ၉ ဒသမ ၃ ရာခိုင်နှုန်းလောက်အထိကျဆင်းသွားသည်ဟုသိရှိရသည်။

“ကျွန်မမှာ ဆီတိုင်ကီတစ်ဝက်ပဲရှိသေးလို့ဈေးတွေကျနေချိန်မှာ ထပ်ဖြည့်ချင်သေးတယ်” ဟု အတ္တလန်တာတွင် ဗုဒ္ဓဟူးနေ့က ဓာတ်ငွေ့တစ်ဂါလန်လျှင် ၃ ဒသမ ၄၅ ဒေါ်လာဖြင့် ရရှိခဲ့သည့် အရောင်းဝန်ထမ်း Kelly Ferrel ကပြောကြားခဲ့သည်။”ဖြစ်နိုင်ရင်တော့ဒီထက်ပိုပြီးဈေးတွေကျစေချင်ပါတယ်” ဟုလည်းသူမကဆိုခဲ့သည်။

သို့သော် Goldman Sachs မှလေ့လာသူတစ်ဦးကမူ ရေနံစိမ်းဈေးသည် ယခုနှစ်ကုန်ပိုင်းတွင်ပြန်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

Source – Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြု

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆) ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် အဖွဲ့ (၁၈) ဖွဲ့ရှိပြီး ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ပါတီတည်ထောင်ခွင့်ရရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP)သည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုသော အဆိုပါလူငယ်သည် ရက်ပ်သီချင်းများဆိုကာ ဖောက်သည်များကို ဆွဲဆောင်လေ့ရှိသူဖြစ်သည်။ သူသည် ငွေကြေးအတွက် အရက်ကို တကြိုက်တည်း အမြန်သောက်ပြသည့် အလောင်းအစားဗီဒီယိုများစွာတွင် ပါဝင်ခဲ့သည်။ ပါတီပွဲတစ်ခုတွင် အားပေးအားမြှောက်လုပ်နေသည့် လူအုပ်ကြား၌ ထာနာကမ်က ဝီစကီပုလင်းသေးတစ်လုံးကို အမြန်မော့သောက်ပြနေသည့် ဗီဒီယိုဖိုင်သည် အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ ပါတီပွဲတက်သူအချို့က မိုဘိုင်းလ်ဖုန်းများဖြင့် သူ့ကို ဗီဒီယိုရိုက်နေခဲ့ကြသည်။ အလောင်းအစားဖြင့် အရက်သောက်ပြခဲ့ပြီးနောက် ထာနာကမ်သည်...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်က စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းငွေ(၆၆)နှစ်အား လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် Free Land Attack Force...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071