မနက်ဖန် မတ်လ၂၉ ရက်နေ့တွင်နေကြပ်ခြင်း၊စနေ မိန်ရာသီပြောင်း ခြင်းစသည်တို့ကြောင့် လောကီဆရာများက မနက်ဖြန်အတွက် စိုးရိမ်ပူပန်ခဲ့ကြချိန်တွင် ယနေ့ ငလျှင်ကြီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
မန္တလေး၊ အမရပူရတွင် အပျက်အစီးများသလိုဘုရားဟောင်းများလည်းပြိုကျခဲ့သည်။တိုက်ပြိုကျရာတွင်ပိပြီး ထုတ်မရသေးသူများလည်း ဆုံးပါးသွားလောက်ပြီဟုယုဆနေကြသည်။
အားပြင်းငလျင်ကြောင့် အင်းဝမြို့ရှိ မယ်နု အုဋ်ကျောင်း၊ လေးထပ်ကြီးကျောင်းနှင့် မဟာလောကသရဖူဘုရား စသည့် ရှေးဟောင်း သာသနိက အဆောက်အဦများ ပြိုကျပျက်စီးခဲ့ရသည်။
တောင်ပြုံးလည်း အပြိုအပျက်များသလို မန္တလေးလည်း မြို့ပျက်ကြီးလိုဖြစ်နေကြောင်း ပူဆွေးသောကသံများကြားနေရသည်။
ယခုဖြစ်စဉ်သည်သွေးရောင်လွှမ်းသောလကြတ်ခြင်း၏ နောက်ဆက်တွဲတွင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ကောဇာစနေဂြိုဟ်ကြီးကုံရာသီနှင့်မိန်ရာသီကြားနယ်နိမိတ်စည်း(သန္တိမျဉ်းတွင်ဖြတ်သန်းနေခိုက် မိန်ရာသီရှိကောဇာရာဟုဂြိုဟ်ကြီးနှင့်၆ဒီဂရီအတွင်းပူးယှဉ်နေသည့်အတွက်စနေဂြိုဟ်နှင်ရာဟုဂြိုဟ်တို့၏သဘောသဘဋဝအဓိပ္ပါယ်ဖြစ်သောမြေတွင်းဓာတ်များလှုပ်ရှားခြင်းဖြစ်ပေါ်လေ့ရှိကြောင်း ဝေဒပညာရှင်တစ်ဦးကဆိုသည်။
ပုံမှာ အမရပူရဖက်မှ ဘုရားများပြိုနေပုံ နှင့် မယ်နုအုဋ်ကျောင်း ပြိုနေပုံတို့ဖြစ်သည်။