Monday, November 25, 2024

ယူကရိန်းသို့ မြေမြှု-ပ်မိုင်းများ ထောက်ပံ့ပေးမှုကို ဂူတာရက်စ်...

ယူကရိန်း ပဋိပက္ခမှာ မြေမြှု-ပ်မိုင်း အသုံးပြုမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။ "မြေမြှု-ပ်မိုင်းတွေဟာ အရပ်သားတွေအတွက် အန္တရာယ်ကို...

ဟောင်ကောင်လေယာဉ်ဆီယိုစိမ့်၍ ထိုင်ဝမ်သို့ပြောင်း၍ ဆင်းသက်ရ

နိုဝင်ဘာ ၂၄ ရက်က ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့ ပျံသန်းနေသော ဟောင်ကောင်လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် ဆီယိုစိမ့်မှု သံသယကြောင့် တိုင်ပေမြို့ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း...

ပခုက္ကူတွင် ဘိုထိုင်အိမ်သာခုံထဲ ခိုအောင်းနေသည့် မြွေအကိုက်ခံရ၍...

ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်တွင် ဘိုထိုင်အိမ်သာခုံထဲ အောင်းနေသည့် မြွေကိုက်ခံရ၍ တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး အသက်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ နိုဝင်ဘာ...

တူကီယေးလေယာဉ်ကွင်းအဆင်း ရုရှားလေယာဉ်တစ်စင်း မီးလောင်

လူ ၉၅ ဦး လိုက်ပါလာသော ရုရှားလေယာဉ်တစ်စင်းသည် တနင်္ဂနွေနေ့က တူကီယေးနိုင်ငံတောင်ပိုင်းရှိ အန်တဲလ်ယာလေဆိပ်သို့အဆင်းတွင် အင်ဂျင်မီးလောင်ခဲ့သည်ဟု တူကီယေး သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။ ဖြစ်စဉ်တွင်...
HomeInternationalမနီလာ၌မီးလောင်၍ မိသားစုပေါင်း ၂,၀၀၀...

မနီလာ၌မီးလောင်၍ မိသားစုပေါင်း ၂,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ

မနီလာ၊နိုဝင်ဘာ ၂၅

ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာမြို့၌ နိုဝင်ဘာ ၂၄ ရက်နေ့က အကြီးအကျယ်မီးလောင်ကျွမ်းမှုကြောင့် မိသားစုပေါင်း ၂,၀၀၀ ထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုသိရသည်။

မီးငြှိမ်းသတ်မှု၌ပါဝင်ခဲ့သည့် မီးသတ်သမားတစ်ဦး၏ပြောကြားချက်အရ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း အိမ်ခြေ ၁,၀၀၀ ထက်မနည်းလောင်ကျွမ်းသွားသည်ဟုသိရပြီး မီးသတ်ဌာနအပြင် ဖိလစ်ပိုင်လေတပ်က ဟယ်လီကော့ပ်တာများဖြင့် ဝေဟင် မှ ရေပက်ဖျန်းကာမီးငြှိမ်းသတ်ပေးခဲ့ရသည်ဟုလည်းသိရသည်။

ယင်းနောက် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ကလည်း မီးသတ်ရေယာဉ်လေးစင်းစေလွှတ်ကာ ဝိုင်းဝန်းမီးငြှိမ်းသတ်စေခဲ့ကြောင်းသိရပြီး မြေပြင်မီးသတ်တပ်ဖွဲ့ကလည်း မီးသတ်ကားအစီးရေ ၃၀ ဖြင့် မီးငြှိမ်းခဲ့ကြောင်းလည်းသိရသည်။

ထိုသို့ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း ပင်လယ်အော်ဘက်ကတိုက်ခတ်လာသည့်လေများကြောင့် မီးကိုထိန်းချုပ်ရန်ခက်ခဲခဲ့ပြီး မီးကူးစက်မှုကိုပိုမြန်သွားစေသည်။ ကျဉ်းမြောင်းသည့်လမ်းများကြောင့်လည်း မီးသတ်ကားဝင်ရန်ခက်ခဲသည့်အပြင် ထွက်ပြေးကြသော လူအုပ်ကြီးကြောင့်လည်း အခြေအနေကိုထိန်းချုပ်ရန်ကြာမြင့်သွားသည်ဟုလည်းဆိုသည်။

မီးငြှိမ်းရန်ကြိုးပမ်းမှုအတွင်း မီးသတ်သမားအချို့ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း ဒေသခံများရောမီးသတ်သမားများပါ ‌ေ-သဆုံးမှုမရှိကြောင်းသိရပြီး မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းသို့ မြေမြှု-ပ်မိုင်းများ ထောက်ပံ့ပေးမှုကို ဂူတာရက်စ် ရှုတ်ချ

ယူကရိန်း ပဋိပက္ခမှာ မြေမြှု-ပ်မိုင်း အသုံးပြုမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။ "မြေမြှု-ပ်မိုင်းတွေဟာ အရပ်သားတွေအတွက် အန္တရာယ်ကို ကိုယ်စားပြုပါတယ်။ တိုက်ပွဲတွေ ရပ်သွားရင်တောင်မှ ဒီကြောက်စရာကောင်းတဲ့ လက်နက်တွေ ကျန်ရှိနေနိုင်ပြီး မျိုးဆက်ပေါင်းများစွာ ပြည်သူတွေကို ကြောက်ရွံ့ထိတ်လန့်စေပါတယ်” ဟု ကုလသမဂ္ဂ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ နိုင်ငံပေါင်း ၁၆၄ နိုင်ငံက ၁၉၉၉ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည့် မြေမြှု-ပ်မိုင်း တားဆီးရေး ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် ပါဝင်ရန်...

ဟောင်ကောင်လေယာဉ်ဆီယိုစိမ့်၍ ထိုင်ဝမ်သို့ပြောင်း၍ ဆင်းသက်ရ

နိုဝင်ဘာ ၂၄ ရက်က ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့ ပျံသန်းနေသော ဟောင်ကောင်လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် ဆီယိုစိမ့်မှု သံသယကြောင့် တိုင်ပေမြို့ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း သိရသည်။ လေယာဉ်ခရီးစဉ်အမှတ် HX640 သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ကာ ဖူကူအိုကာမြို့သို့ ညနေ ၁း၅၅ နာရီတွင် ဆိုက်ရောက်ရန် စီစဉ်ထားသည်ဟု လေယာဉ်လမ်းကြောင်းခြေရာခံဝက်ဘက်ဆိုက်ဖြစ်သည့် Flightradar24 အရ သိရသည်။ ဆောက်ချိုင်းနားမောနင်းပို့စ် သတင်းဌာန၏ မေးမြန်းမှုကို ဟောင်ကောင်လေကြောင်းလိုင်းက ပြန်လည်ဖြေကြားခဲ့ရာ၌ လေယာဉ်သည် နည်းပညာပိုင်း...

ပခုက္ကူတွင် ဘိုထိုင်အိမ်သာခုံထဲ ခိုအောင်းနေသည့် မြွေအကိုက်ခံရ၍ ကျောင်းသူတစ်ဦး အသက်ဆုံး

ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်တွင် ဘိုထိုင်အိမ်သာခုံထဲ အောင်းနေသည့် မြွေကိုက်ခံရ၍ တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး အသက်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ နိုဝင်ဘာ (၂၄) ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ "ပခုက္ကူမှာ ဖြစ်သွားတာပါ။မနေ့ည ကပါ။ ဘိုထိုင်အိမ်သာထဲမှာ အကိုက်ခံရတာပါ၊ ၁၀ တန်းကျောင်းသူလေး။ အသ -က်ဆုံးရှူံးခဲ့ရပါတယ်။ ပခုက္ကူမှာ မြွေပေါနေပါတယ်။ ဂရုစိုက်ကြပါ ၊ အိမ်သာထိုင်မယ်ဆို သေချာကြည့်ထိုင်ပါ၊ ရေအရင်လောင်းပါ" ဟု ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက လူမှုကွန်ရက်တွင် မျှဝေထားသည်။ Native...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071