ငလျင်ကြီးကြောင့်မြေပြင်ပြောင်းလဲသွားမှုများကို ဂြိုလ်တုအချက်အလက်များဖြင့် နာဆာ ထုတ်ပြန်
ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ NASA ၏ Jet Propulsion Laboratory မှ သုတေသီများသည် ရေဒါနှင့် optical ဂြိုလ်တုများမှ အချက်အလက်များကို အသုံးပြု၍ မြေပြင်ရွေ့မှုကိုလေ့လာခဲ့သည်။
အထက်ဖော်ပြပါမြေပုံတွင် အနီရောင်အစက်များများသည် မြောက်ဘက်ရွေ့လျားမှုကို ညွှန်ပြပြီး အပြာရောင်အစက်များသည် တောင်ဘက်သို့ ရွေ့လျားမှုကိုပြသသည်။
ဂြိုလ်တု သုံးခုမှအချက်အလက်ကို အသုံးပြု၍ ARIA အဖွဲ့သည် ငလျင်ကြောင့် မြေပြင် ရွေ့လျားမှု ခန့်မှန်းချက်များကို ခြေရာခံတွက်ချက်ခဲ့သည်။
မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးကြောင့် မျက်နှာပြင် အက်ကြောင်းသည် အရှည် ၅၅၀ ကီလိုမီတာ (၃၄၂ မိုင်) ရှိ
ပြီး မန္တလေးမြို့၏ မြောက်ဘက်မှ နေပြည်တော် တောင်ဘက်အထိရှိခဲ့သဖြင့် မှတ်တမ်းများအရ အရှည်ဆုံး အက်ကြောင်းတစ်ခုဖြစ်သည်။
အခြားသိပ္ပံပညာရှင်များ၏ ပဏာမခွဲခြမ်းစိတ်ဖြာချက်များအရ ရှည်လွန်းခြင်းအပြင် ရှားပါးသော “စူပါရှီးယား” ငလျင်ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။
စူပါရှီးယားငလျင်သည်
ပြတ်ရွေ့မျက်နှာပြင်တစ်လျှောက် ငလျင်ဒဏ်ခံလှိုင်း (S wave) ထက် အရှိန်ပိုများပြီး sonic boom နှင့် ဆင်တူသည်။sonic boom ဆိုသည်မှာ အသံထက်မြန်သည့် အသံစွမ်းအင် ကြီးမျိုးဖြင့်ပျက်စီးစေခြင်းဖြစ်သည်။
မတ်လ ၂၈ရက်ေန့က မြန်မာနိုင်ငံတွင်
ရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ဆယ့်နှစ်မိနစ်အကြာတွင် ပြင်းအား ၆ ဒသမ ၇ ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။
စစ်ကိုင်းပြတ်ရွေ့၏ အနက် ၁၀ ကီလိုမီတာ (၆ မိုင်) တွင် စတင်လှုပ်ခတ်ခဲ့သဖြင့် ငလျင်ဗဟိုချက်အနီးရှိ အဆောက်အအုံများသည် ပြင်းထန်စွာ ထိခိုက်သွားခဲ့သည်။ အရှေ့တောင်ဘက် ကီလိုမီတာ ၁၀၀၀ (မိုင် ၆၀၀) ခန့်အကွာတွင်ရှိသည့် ဘန်ကောက်မြို့အထိ ရိုက်ခတ်ခဲ့သည်။
ရက်သတ္တနှစ်ပတ်ကျော်လာသည့်တိုင် အကြိမ် တစ်ရာကျော်လှုပ်နေရာ အင်အားအဆင့် ၅ ကျော်သည်များလည်းရှိနေသည်။
Ref:earthobservatory.nasa.gov