မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အလှူရှင်များက အပါချီ ဘိလပ်မြေအိတ်များအပါအဝင် အလှူငွေ၊ ကူညီရေးပစ္စည်းများနှင့် စားသောက်ကုန်များကို ဧပြီ ၁၁ ရက်နံနက်ပိုင်းက မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ ကွမ်ရှီးကုန်သည်ကြီးများအသင်းချုပ်မှ ငွေကျပ်(၄၅)သိန်းတန်ဖိုးရှိ အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်း(၄)မျိုး၊ Shwe Taung Cement Co.,Ltd မှ(အပါချီ ဘိလပ်မြေ)အိတ် ၃၀၀၀၊ မြန်မာနိုင်ငံသဘင်းအစည်းအရုံး(ဗဟို)၊ မကွေးတိုင်းဒေသကြီးသဘင်အစည်းအရုံးနှင့် အလှူရှင်များက ငွေကျပ်သိန်း(၃၀)နှင့် ငွေကျပ်သိန်း (၁၇၀)တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်း(၃)မျိုးတို့ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကျောက်ပန်းတောင်းမြို့နယ် သံဃနာယကအဖွဲ့မှဦးဆောင်၍ ကျောက်ပန်းတောင်းမြို့နယ်လုံးဆိုင်ရာမှ အလှူငွေကျပ်သိန်း(၅၀၀)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(မန္တလေးတိုင်းဒေသကြီး)မှ အလှူငွေကျပ်သိန်း(၁၀၀)သိန်းတို့ကိုလည်းပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ အလှူရှင်များကလှူဒါန်းသည့် အလှူငွေ၊ ကူညီရေးပစ္စည်းများနှင့် စားသောက်ကုန်များကို မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။