ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းအတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးရုံးများနှင့် ဓာတ်အားလိုင်းတိုင်များပျက်စီးဆုံးရှုံးမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်လျက် ရှိသည်။
ထို့ကြောင့် မန္တလေးတိုင်းအတွင်း လျှပ်စစ်ဓာတ်အားအမြန်ဆုံးပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ဧရာဝတီတိုင်းမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။