Thursday, March 13, 2025

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ အသင်းသစ် (၂)သင်း...

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် အသင်းသစ်(၂)သင်းဖြစ်သည့် Young Lioness နှင့် Yangon Royals FC...

ဟောင်ကောင်တွင် ကျင်းပမည့် ၂၀၂၅ အာရှယဉ်ကျေးမှု...

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ၌ ကျင်းပမည့် ၂၀၂၅ အာရှယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန်အတွက်...

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက်...

စစ်ကိုင်းတိုင်း အစိုးရအနေဖြင့် ဒေသတွင်း လုံခြံရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောသည်။ မတ်လ (၁၁) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့တွင်...

ရတနာပုံအသင်းတိုက်စစ်မှူး ခင်ကျော်ဝင်း အား ရခိုင်ယူနိုက်တက်အသင်းအတွက်...

လာမည့် ၂၀၂၅ ဘောလုံး ရာသီအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည် ရတနာပုံအသင်း တိုက်စစ်မှူး ခင်ကျော်ဝင်းအား ဘောလုံးရာသီ အကုန် အထိ...
HomeNewsLocal Newsမန္တလေးမြို့ပတ် RBE ရထား...

မန္တလေးမြို့ပတ် RBE ရထား ပြန်လည်ပြေးဆွဲ

မန္တလေးမြို့ပတ် RBE ရထား ပြန်လည်ပြေးဆွဲ

မန္တလေး-သူရဲဈေး ရထားလမ်းပိုင်းတွင် မန္တလေးမြို့ပတ် RBE ရထားစတင်ပြေးဆွဲခြင်းကို မတ်လ ၂၅ရက်ကစပြီး ပြန်လည်ပြုလုပ်နေပြီဖြစ်သည်။

မြို့ပါတ်ရထားပြေးဆွဲရာတွင် အမှတ်(မ-၄၁)အဆန် RBE ရထားသည် မန္တလေးဘူတာမှ နံနက် ၇ နာရီတွင် ထွက်ခွာ၍ သူရဲဈေးဘူတာသို့ နံနက် ၉ နာရီတွင်လည်းကောင်း၊ အမှတ်(မ-၄၂)အစုန် RBE ရထားသည် သူရဲဈေးဘူတာမှ နေ့လယ် ၂ နာရီတွင် ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၄ နာရီတွင်လည်းကောင်း အသီးသီးရောက်ရှိမည်ဖြစ်ကာ အသွား/အပြန် ပြေးဆွဲပေးသွားမည်ဟုသိရသည်။ ရှမ်းစုဘူတာ၊ မြို့ဟောင်းဘူတာ၊ သိုးခြံဘူတာ၊ ကန်သာယာဘူတာ၊ အောင်ပင်လယ်ဘူတာ၊ ယာဉ်ပျံဘူတာ၊ အိုးဘိုဘူတာနှင့် သူရဲဈေးဘူတာတို့၌ ရပ်တန့်ပေးသွားရန်လည်းရှိကာ စီးနင်းလိုက်ပါမည့်ခရီးသည် တစ်ဦးလျှင် ၂၀၀ ကျပ် နှုန်းဖြင့် အသွား/အပြန် ၄၀၀ကျပ်နှုန်း သတ်မှတ်ထားသည်ဟု မြန်မာ့မီးရထားမှ သိရသည်။

မန္တလေးမြို့ပတ်ရထား (မန္တလေး-သရဲဈေး) ခရီးစဉ်ပြေးဆွဲခြင်းကို ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ ယာယီရပ်နားထားပြီး ယခုလိုအပ်ချက်ကြောင့် ပြန်လည်ပြေးဆွဲခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောပြသည်။

မန္တလေးမြို့၏ တိုးတက်များပြားလာသောလူဦးရေနှင့် တိုးချဲ့လာသည့် မြို့ပြ၏ အခြေအနေများကြောင့် မရှိမဖြစ်လိုအပ်လာခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် သွားလာခြင်းထက် မြို့ပတ်ရထားဖြင့်ခရီးသွားပါက ကုန်ကျစရိတ် ပိုမိုသက်သာနိုင်ပြီး ပြည်သူများမန္တလေးမြို့အတွင်း အဆင်ပြေစွာခရီးသွားလာနိုင်ရေးအတွက် ရထားအား ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်ဟုလည်း တာဝန်ရှိသူများက ဆိုထားသည်။

Zaw Gyi






Ads Space Available


Continue reading

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ အသင်းသစ် (၂)သင်း ထပ်တိုး

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် အသင်းသစ်(၂)သင်းဖြစ်သည့် Young Lioness နှင့် Yangon Royals FC အသင်းတို့ ထပ်တိုး ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်က မြဝတီ အမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီး အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်ကြရာမှ အဆိုပါအသင်း (၂)သင်း ပါဝင်ခဲ့ခြင်းဖြစ်ကာ စုစုပေါင်းအသင်း (၉)သင်းပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ ယမန်နေ့က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် Myanmar Women League...

ဟောင်ကောင်တွင် ကျင်းပမည့် ၂၀၂၅ အာရှယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန်အတွက် ဖိတ်ကြား

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ၌ ကျင်းပမည့် ၂၀၂၅ အာရှယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန်အတွက် ဖိတ်ကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်သည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက်ဝန်ကြီး Ms. Yandy CHAN အား မတ် (၁၂) ရက်က ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံစဉ် လက်ထောက်ဝန်ကြီးက...

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် အလေးထားဆောင်ရွက်နေကြောင်း တိုင်းဝန်ကြီးချုပ်ပြောကြား

စစ်ကိုင်းတိုင်း အစိုးရအနေဖြင့် ဒေသတွင်း လုံခြံရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောသည်။ မတ်လ (၁၁) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့တွင် ပြုလုပ်သည့် နိုင်လွန်ကတ္တရာလမ်း(၃) လမ်း ဖွင့်ပွဲသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ "စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်းရှိ မြို့များဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းများကောင်းမွန်ရေး၊ မြို့နေပြည်သူများ လုံခြုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လုပ်ငန်းများအား အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်"ဟု ဝန်ကြီးချုပ် ဦးမြတ်ကျော်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071