မန္တလေးမြို့ပေါ်ရှိ KTV၊ BAR၊ CLUB နှင့် ENTERTAINMENT များတွင်ဖြန့်ဖြူးရောင်းချမည့် ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရောင်းချသူ(၂)ဦးနှင့်အတူဖမ်း ဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်နေ့လည် ၁ နာရီက မဟာအောင်မြေမြို့နယ်ရှိ ဖူရီဟွ(၃၁)နှစ်၏ နေအိမ်အားဝင်ရောက်ရှာဖွေစစ်ဆေးရာ ၎င်းအား နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water (၃)ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ မူးယစ်ဆေးဝါးများအားဖြန့်ဖြူးရောင်းချသည့် မဟာအောင်မြေမြို့နယ်နေ ဖူရှီးရံ(ခ)အားရှုန်း(၂၈)နှစ်အား ၎င်း၏နေ အိမ်၌ ကက်တမင်း(၃ ဒသမ ၆)ကီလို၊ Happy Water (၈ ဒသမ ၆၃၅)ကီလို၊ အက်တက်စီဆေး ပြား(၄၀)ပြား၊ Happy-5 ဆေးပြား(၁၅၀)ပြား၊ စိတ်ကြွဆေးပြား(၂၈၀)ပြား၊ အိုက်စ်(မက်သ်အ ဖက်တမင်း) ၅ ဂရမ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ငွေကျပ်(၁ ဒသမ ၄) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မန္တလေးမြို့ပေါ်ရှိ KTV၊ BAR၊ CLUB နှင့် ENTERTAINMENT များတွင်ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်းကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ(၂)ဦးအား သက်ဆိုင်ရာရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။