မန္တလေးမြို့ စည်ပင်သာယာရေးကာ်မတီမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများ (၁၁၆) ဦးနှင့် အသက်(၇၀) အထက် သက်ကြီးဘိုးဘွား(၁၆)ဦးတို့ကို ယမန်နေ့ ဧပြီ ၂၃ ရက်က မြန်မာပြည်ဖွား တရုတ်လူငယ်လုပ်ငန်းရှင်များငွေကြေး ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ကူညီရာ၌ တစ်ဦးလျှင် ငွေကျပ် (၁၅၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၇,၃၀၀,၀၀၀)ကို လာရောက်ပေး အပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းအိမ်ရာအချို့ ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
