မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းတွင် Light Truck ကားပက်လက်လန်တိမ်းမှောက် ၂ ဦးဒဏ်ရာရ
မန္တလေးတိုင်းရှိ မန္တလေး-ပြင်ဦးလွင်အဆင်းလမ်း တွင် စက်တင်ဘာ ၁၄ ရက်(ယနေ့)နံနက်ပိုင်းက Light Truck ကားတစ်စီးပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအ သင်း(အုန်းချော)မှ သိရသည်။
ယနေ့နံနက် ၁၀ နာရီခွဲခန့်က မန္တလေး-ပြင်ဦးလွင်အဆင်းလမ်း၏ မိုင်တိုင်အမှတ်-၁၉/၅ အနီး မီး သတ်ကွေ့အဆင်းတွင် Light Truck ကားအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
Light Truck ကားတိမ်းမှောက်မှုဖြစ်စဥ်၌ ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်း သတင်းအရ စေ တနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)မှ ကူ ညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြု လုပ်ခဲ့ကြသည်။
ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား သန္တိ သုခလူမှုကူညီရေးအသင်း(ပြင်ဦးလွင်)မှ လူနာ တင်ကားများဖြင့် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့(မစိုးရိမ်ရ)လူနာများအဖြစ် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)