ငလျင်ဒဏ်သင့် မန္တလေးအဆင့်မြေဈေးချိုတော်နှင့် မန်းမြန်မာပလာဇာ ဈေးဆိုင်ခန်းများကို ယနေ့ ဧပြီ (၂၁) ရက်၌ စတင်ဖွင့်လှစ်ပြီဖြစ်သည်ဟု မန္တလေးမြို့စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။
အဆိုပါ မန္တလေးအဆင့်မြင့်ဈေးချိုတော်နှင့်မန်းမြန်မာပလာဇာအဆောက်အအုံမှာ ငလျင်ဒဏ်ခံခဲ့ရသဖြင့် ယာယီပိတ်ထားခဲ့ရာ ကြံ့ခိုင်မှု ရှိ/မရှိ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် စစ်ဆေးမှုများပြုလုပ်ပြီးနောက်ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ဈေးဆိုင်ခန်းများကို မူလက ပုံမှန်ဈေးဖွင့်ချိန်ပိတ်ချိန်များအတိုင်း ဖွင့်လှစ်မည်ဖြစ်ပြီး မန္တလေးမြို့ မြို့တော်စည်ပင် သာယာရေးအဖွဲ့က သန့်ရှင်းရေးလုပ်ငန်းများစတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
