လွန်ခဲ့သော ၁ဝ နှစ် ဝန်ထမ်း ဘဝတွင် အတူလက်တွဲလုပ်ဖော် ကိုင်ဖက် ကိုဝေဖြိုးသန်းက ဘုရားဖူး လိုက်ပါရန် ဖိတ်ခေါ်၍ ဇန်နဝါရီလ ၇ ရက်နေ့တွင် သူ့ကိုယ်ပိုင်ကားဖြင့် မန္တလေးသို့ လိုက်ပါခဲ့သည်။ ဇန်နဝါ ရီလ ၇ ရက်နေ့ နံနက် ၁ဝနာရီခွဲ အချိန်တွင် ရန်ကုန်မှစတင်ထွက်ခွာခဲ့ ကြသည်။ မွန်းလွဲ ၁ နာရီခန့်တွင် ၁ဝ၅ မိုင် ၅ ဖာလုံရှိ ရွှေမိသားစု မြန်မာ တောသဘာဝ ထမင်းဆိုင်မှာ နေ့လယ်စာစားကြသည်။ ဟင်းချက် လက်ရာကောင်းသည်ကြောင့် ထမင်းစားမြိန်လှသည်။ ခဲ့သော ၁ဝ နှစ် ဝန်ထမ်း ဘဝတွင် အတူလက်တွဲလုပ်ဖော် ကိုင်ဖက် ကိုဝေဖြိုးသန်းက ဘုရားဖူး လိုက်ပါရန် ဖိတ်ခေါ်၍ ဇန်နဝါရီလ ၇ ရက်နေ့တွင် သူ့ကိုယ်ပိုင်ကားဖြင့် မန္တလေးသို့ လိုက်ပါခဲ့သည်။ ဇန်နဝါ ရီလ ၇ ရက်နေ့ နံနက် ၁ဝနာရီခွဲ အချိန်တွင် ရန်ကုန်မှစတင်ထွက်ခွာခဲ့ ကြသည်။ မွန်းလွဲ ၁ နာရီခန့်တွင် ၁ဝ၅ မိုင် ၅ ဖာလုံရှိ ရွှေမိသားစု မြန်မာ တောသဘာဝ ထမင်းဆိုင်မှာ နေ့လယ်စာစားကြသည်။ ဟင်းချက် လက်ရာကောင်းသည်ကြောင့် ထမင်းစားမြိန်လှသည်။
ထမင်းစားပြီး မွန်းလွဲ ၁း၃၅ နာရီတွင် မန္တလေးသို့ ခရီးဆက်ခဲ့ရာ မော်တော်ယာဉ်က ကောင်းသလို၊ ကားမောင်းသူ ကိုဝေဖြိုးသန်း၏ ကျွမ်းကျင်မှုကြောင့် မန္တလေးမြို့ကို ည ၆ နာရီခွဲတွင် ရောက်ရှိခဲ့သည်။ မန္တလေးမြို့ကို ဝင်လိုက်သည်နှင့် အေးစိမ့်နေသည့် မန္တလေးမြို့ ဆောင်းရာသီဥတု၏ ကြိုဆိုမှုကို ခံစားလိုက်ရသည်။ ကိုယ်စိတ်နှလုံး ပင်ပန်းခဲ့သမျှ လန်းခဲ့ရသည်။ မန္တလေးမြို့က လုပ်ဖော်ကိုင်ဖက် ဟောင်းများဖြစ်သည့် ဦးညွန့်ဇော်(Sky Net) ၊ မန္တလေး ကိုယ်ပွား သတင်းစာတိုက်မှ ဦးလှရွှေနှင့် ဦးနိုင်ထွန်းတို့ စီစဉ်ဧည့်ခံသည့် ညစာကို Mr.BBQ စားသောက် ကြရင်း ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုကြရသည်မှာ အသက် ၁ဝ နှစ်ကျော် ပြန်ငယ်သွားဘိသကဲ့သို့ ခံစားရသည်။ မန္တလေး ဆောင်း ရာသီ၏ ချမ်းအေးမှုက နားရွက်တွေ ပင် အေးစိမ့်နေသည်။ သို့ကြောင့် စကားဝိုင်း အဆုံး သတ်ချိန် ည ၉ နာရီတွင် ခေါင်းစွပ် တစ်ခုဝယ်လို၍ ၈၄ လမ်းပေါ်ရှိ ဈေးချိုညဈေးသို့ ခေတ္တဝင်ကြသည်။ ညဈေးသည် နေ့စဉ်ညနေ ၆ နာရီမှ ည ၁၁ နာရီထိ ခင်းကျင်းရောင်းချ သည်။
ည ၁၁ နာရီ် ဆိုင်များပိတ်သိမ်း ချိန်တွင် ခင်းကျင်းထားသည့် ‘အဝတ် အထည်၊ အစားအသောက်၊ ဖိနပ်၊ သားရေထည်၊ အိမ်သုံးပစ္စည်း အစရှိ သည်တို့နှင့်အတူ မိမိဆိုင် ဝန်းကျင် သန့်ရှင်းရေးကိုပါ ဆောင်ရွက်ကြ ရသည်။ ခြေချင်းလိမ်မျှ သွားလာ ရသည်ထိ စည်ကားလှသောဈေး သည် နောက်တစ်နေ့ နံနက်ရောက် ရှိပါက ယင်းနေရာ၌ ညပိုင်းက ဈေး ဆိုင်များစွာ ခင်းကျင်းရောင်းချခဲ့သည် ဟုဆိုလျှင် မယုံကြည်နိုင်လောက် အောင် သန့်ရှင်းနေသည်ကို တွေ့ရ မည်။ ဈေးသူဈေးသားများ၏ စည်း ကမ်းလိုက်နာမှု အစဉ်အလာကောင်း ပြယုဂ်ပင်ဖြစ်သည်။ ဈေးအတွင်း၌ လှည့်လည်စဉ် မန္တလေးသူတို့ သုံးနှုန်း ပြောဆိုသည့် ‘ကျွန်တော်၊ ကျွန်တော်’ ဟု ပြောဆိုသံများ မကြားမိသဖြင့် တစ်ခုခုလိုအပ်နေသလိုတော့ ခံစားမိ ပေသည်။
ဒေသခံများပြောကြားမှု ကြောင့် ၂ဝ၁၇ ခုနှစ်ကုန်ခါနီးတွင် ရတနာပုံ တိရစ္ဆာန်ဥယျာဉ် အနောက် ဘက် လွှတ်တော်အနီးတွင် ညဈေး အသစ်တစ်ခု ဖွင့်လှစ်ပေးသော်လည်း ဈေးချိုညဈေးကဲ့သို့ စည်ကားမှုမရှိ ကြောင်း၊ မနော်ရမ္မံဥယျာဉ်တွင်လည်း နေ့ကြီးရက်ကြီးများတွင် ရက်ပိုင်း အလိုက် ညဈေးခင်းကျင်း ရောင်းချ နေကြောင်း သိရှိခဲ့ရသည်။ အချိန် မရ၍ လေ့လာနိုင်ခြင်း မရှိခဲ့ပေ။ နောက်တစ်နေ့နံနက် ၄ နာရီ တွင် ဘုရားကြီးခေါ် မဟာမုနိဘုရား မျက်နှာတော်သစ်ချိန်အမီ သွား ရောက် ဖူးမြော်ကာ ဆွမ်း၊ ပန်းတို့ ကပ်လှူကြသည်။ ဘုရားကြီး၏ တန် ဆောင်းတွင်းသို့ ရောက်ချိန်တွင် မိမိ ကဲ့သို့ ကြည်ညိုသဒ္ဓါထက်သန်လှ သည့် ဗုဒ္ဓဘာသာဝင်များစွာတို့ ဘုရားကြီး တန်ဆောင်းတွင်း ရောက် ရှိနေကြသည်မှာ ကြည်နူးပီတိများစွာ ဖြစ်ခဲ့ရသည်။ မျက်နှာတော်သစ်သည် ကို ဖူးမြော်ကြည်ညိုပြီးနောက် ဘုရား ကြီးပရိဝုဏ်ကို လှည့်လည် ကြည်ညို သည်။ ပရိဝုဏ်နှင့်တကွ တန် ဆောင်း၊ အဆောက်အဦများကို ပြု ပြင်တည်ဆောက်ထားသည်မှာ ဘုရား ဖူးလာသူတိုင်း၏ စိတ်နှလုံးကို ချမ်း မြေ့စေခဲ့သည်။ ရင်တွင်းကြည်နူး ပီတိ သဒ္ဓါကြောင့် မန္တလေး၏ ချမ်း အေးမှုကို အန်တုနိုင်ခဲ့ပေသည်။
မန္တလေးမြို့ကို စတင်ရောက်ရှိ ချိန်မှစပြီး သတိပြုမိသည်မှာ လမ်း များ ဖြောင့်ဖြူးချောမွေ့နေသည် သာမက တစ်မြို့လုံးလျှပ်စစ်မီးထိန် ထိန်လင်းနေသည်မှာလည်း စိတ်ချမ်း မြေ့စရာပင်ဖြစ်သည်။ ခရီးဆက်ရန် ရှိနေသည်ကြောင့် ဘုရားကြီးကို အားပါးတရ ဖူးပြီး နောက် မန္တလေး နန်းမြို့ရိုးကို တစ် ပတ်ပတ်ပြီး မန္တလေးတောင်ပေါ် ဘုရားကို စိတ်ဝယ်ရည်မှန်း ဖူးမြော် ကန်တော့ကြသည်။ မန္တလေးနန်းမြို့ ရိုးသည် မြန်မာလူမျိုးတို့၏ ကိုယ့်ထီး ကိုယ့်နန်းကိုယ့်ကြငှန်းနှင့် ခမ်းနား ထည်ဝါစွာ နေထိုင်လာခဲ့ကြသည့် မြန်မာနိုင်ငံ၏ အတိတ်သမိုင်းပုံရိပ် များ ထင်ဟပ်စေလျက်ရှိနေသည်။ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည် ဂုဏ်ထည်ဝင့်ကြွား စွာ ရပ်တည်ခဲ့ သည်များကို ကြေးမုံရိပ်သွင် အစဉ် မြင်ယောင်နေစေသည်။ ဂုဏ်ယူ ဝင့်ကြွားစိတ်၊ မျိုးချစ်စိတ်များ တဖွား ဖွား ပေါ်ပေါက်စေသည်။ သို့ကြောင့် လည်း သက်ဆိုင်ရာဌာနနှင့် ပြည်သူ အပေါင်းတို့သည် မန္တလေး နန်းမြို့ ရိုးကို အသက်တမျှ တန်ဖိုးထားကာ ထိန်းသိမ်းကြလျက်ရှိသည်။ မန္တလေးမြို့သည် မြန်မာမင်း များ နန်းစိုက်ခဲ့ရာ မြို့နှင့်လျော်ညီ အောင် မြန်မာ့ယဉ်ကျေးမှု အမွေ အနှစ်များကို ထိန်းသိမ်းထားနိုင်သည့် မြို့အဖြစ်လည်း ဂုဏ်ယူဝင့်ကြွား လျက်ရှိသည်။ ထို့အပြင် တိုးတက် ပြောင်းလဲသည့်ခေတ်နှင့် လျော်ညီ အောင် ခေတ်မီအဆောက်အဦသစ် များ၊ ဖြောင့်ဖြူးချောမွေ့သည့် လမ်းမကြီးများ၊ ညပိုင်းလျှပ်စစ် မီးထိန်လင်းနေသည်ကြောင့် မြို့ တော်အင်္ဂါရပ်နှင့် ပြည့်စုံလှပေသည်။ ဤသို့ ဘက်ပေါင်းစုံဖွံ့ဖြိုး တိုး တက်နေသည်ကို ဂုဏ်ယူမဆုံးဖြစ်ရ ပါသည်။
သို့သော် စိတ်ဘဝင် မကျစ ရာ တစ်ခုတော့ ရှိနေသည်။ လွန်ခဲ့ သည့် ၁ဝ နှစ်ခန့် ရောက်စဉ်ကပင် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်တစ်ခုပါ။ မန္တလေးမြို့သည် စည်ကားသိုက်မြိုက် လာသည်နှင့်အမျှ လူနေထူထပ်လာ သည်။ လုပ်ငန်းရှင်များ ပေါများလာ သည်။ အမြို့မြို့၊ အနယ်နယ်မှ ဘုရားဖူးလာ မော်တော်ယာဉ်များ၊ ကိုယ်ပိုင်မော်တော်ယာဉ်များစွာတို့ နေ့စဉ် သွားလာလျက်ရှိသည်။ ပေါများလှသော မော်တော်ယာဉ်များ မော်တော်ဆိုင်ကယ်များ၊ အနှေး ယာဉ်များသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှု အားနည်း နေသည်။ မီးပွိုင့်ရှိသည့်နေရာများတွင် သာ တစ်ဦးကိုတစ်ဦး အလေးထား စောင့်ဆိုင်းတတ်သော်လည်း မီးပွိုင့် မရှိသည့် ဖြတ်လမ်းများတွင်မူ လမ်း ကျဉ်းမှ လမ်းကျယ်၊ လမ်းကျယ်မှ လမ်းကျဉ်းဟု ဦးစားပေးမှုမရှိ၊ ဦးသူ က မောင်းနှင်နေကြသည်မှာ ရင် ထိတ်စရာပင်ဖြစ်သည်။ လွန်ခဲ့သည့် ၁ဝ နှစ်ကျော် ရောက်ရှိစဉ်က မိတ်ဆွေတစ်ဦး ပြောသောစကားကို အမှတ်ရနေမိသည်။ “မန္တလေးမြို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရင် လိုရာခရီး မရောက်ဘဲ ထိခိုက်မှုဖြစ်နိုင်တယ်” ဟူ၍ ဖြစ် သည်။ မန္တလေးမြို့ခံများအတွက် တော့ အသားကျနေသည်။ သို့သော် အဘက်ဘက်မှ ဂုဏ်ယူဖွယ်ကောင်း သည့် မန္တလေးမြို့ကြီးတွင် ယင်း အားနည်းချက်လေးကိုသာ ထိန်း သိမ်းနိုင်ပါက ကောင်းလေစွဟု တွေး တောနေမိပါသည်။
မြတ်မင်းလှိုင်