Wednesday, January 8, 2025

ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက်...

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ရန်ကုန်တက္ကသိုလ်၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံပညာဌာနတွင်ဖွင့်လှစ်မည့်ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာများကို နိုင်ငံပိုင် သတင်းစာမှတဆင့် ခေါ်ယူထားသည်။ ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ်(၂၁)...

မုံရွာမြို့နယ်ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ)သံဃာ့အဖွဲ့အစည်း ရွေးကောက်ပွဲ ဒုတိအကြိမ်အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာမြို့နယ် ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ပြန်လည်ရွေးချယ်တင်မြှောက် ရွေးကောက်ပွဲဒုတိအကြိမ်အစည်းအဝေးကို ၁၃၈၆ ခု ပြာသိုလဆန်း (၉) ရက်၊ ဇန်နဝါရီလ (၇)...

လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက် ဧရာဝတီမြစ်ကြောင်းတလျှောက် အနိမ့်တမံများ...

လိုအပ်နေသည့် လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက် ဧရာဝတီမြစ်ကြောင်းတလျှောက် အနိမ့်တမံများ ထပ်တည်ဆောက်သွားရန် ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်က ပြောသည်။ ဇန်နဝါရီ (၇) ရက်၌ ပြုလုပ်သည့်...

နယ်စပ်ဖြတ်ကျော်မာရသွန်အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆု (၄)...

မူဆယ် - ရွှေလီ နယ်စပ်ဖြတ်ကျော်မာရသွန်အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆု (၄) ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။ အဆိုပါ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ဇန်နဝါရီလ...
HomeNewsLocal Newsမန်းရွှေစက်တော်ဘုရားပွဲလာရောက်မည့်သူများအတွက် တည်းခိုဆောင်နှင့်ဈေးဆိုင်ခန်းပေါင်း (၁၄၀၀)ကျော်ဆောက်လုပ်နေ

မန်းရွှေစက်တော်ဘုရားပွဲလာရောက်မည့်သူများအတွက် တည်းခိုဆောင်နှင့်ဈေးဆိုင်ခန်းပေါင်း (၁၄၀၀)ကျော်ဆောက်လုပ်နေ

လာမည့် ဖေဖော်ဝါရီလမှစတင်ကာ ၇၅ ရက်တိုင်ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲသို့လာရောက်မည့်သူများအတွက် တည်းခိုဆောင်နှင့်ဈေးဆိုင်ခန်းပေါင်း(၁၄၀၀)ကျော်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

” မန်းရွှေစက်တော်ဘုရားပွဲတော်ချိန်က ရာသီဥတုသာယာတဲ့အချိန်ဖြစ်သလို လမ်းခရီးလည်း ကောင်းမွန်တဲ့အတွက် ဘုရားဖူးဧည့်သည်တွေ၊ အပန်းဖြေလေ့လာရေးခရီးထွက်လိုသူတွေအတွက် စိတ်ချမ်းမြေ့စရာကောင်းတဲ့ ခရီးစဉ်အချိန်ဖြစ်ပါတယ်”ဟု မန်းရွှေစက်တော်ဘုရား၏ ဂေါပကဥက္ကဋ္ဌဦးအေးကိုက ပြောသည်။

ထို့ကြောင့် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှလာရောက်မည့်သူများ တည်းခိုနေထိုင်မှုအဆင်ပြေစေရန် တည်းခိုဆောင်(၆၀၀)ကျော်နှင့် စားသောက်ရေးအဆင်ပြေစေရန် ဈေးဆိုင်ခန်း(၈၀၀)ကျော်တို့ကို ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အား လာမည့် ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ (၇၅)ရက်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကာ ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးလာသူများသည် မကွေးမြသလွန်ဘုရား၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မန်းရွှေစက်တော်ပါ ဒစေတီတော်၊ စကုမြို့ရှိ တန်ခိုးကြီးဘုရားများ၊ အထင်ကရနေရာများ၊ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားတို့ကိုလည်း သွားရောက်ဖူးမြှော်လည်ပတ်ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာများခေါ်ယူ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ရန်ကုန်တက္ကသိုလ်၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံပညာဌာနတွင်ဖွင့်လှစ်မည့်ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာများကို နိုင်ငံပိုင် သတင်းစာမှတဆင့် ခေါ်ယူထားသည်။ ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ်(၂၁) လျှောက်ထားရန်အတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး 2 Semester + Project 1 Semester (စုစုပေါင်း Semester ၃ ခု) တတ်ရောက်ရမည်ဖြစ်ကာ Semester တစ်ခုလျှင် တစ်သိန်းကျပ် (၁၀၀၀၀၀/-)သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ သင်တန်းကို နေ့စဉ် တနင်္လာမှ သောကြာ‌နေ့အထိ နံနက် (၇)နာရီမှ...

မုံရွာမြို့နယ်ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ)သံဃာ့အဖွဲ့အစည်း ရွေးကောက်ပွဲ ဒုတိအကြိမ်အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာမြို့နယ် ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ပြန်လည်ရွေးချယ်တင်မြှောက် ရွေးကောက်ပွဲဒုတိအကြိမ်အစည်းအဝေးကို ၁၃၈၆ ခု ပြာသိုလဆန်း (၉) ရက်၊ ဇန်နဝါရီလ (၇) ရလက်၊ မွန်းလွဲ (၁) နာရီက မုံရွာမြို့၊အလယ်ရပ်၊ ရွှေကျင်ဓမ္မာရုံကျောင်းတိုက်၊ ဝိနယဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်းသိရသည်။ အစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် မုံရွာမြို့နယ် သံဃနားကအဖွဲ့ (ရွှေကျင်) အကျိုးတော်ဆောင်က ဆောင်ရွက်ပြီး ဝန်ဆောင်ဆရာတော်များက အဆိုပြု ရွေးချယ်တင်မြှောက်ကြသည်ကို ကြီးကြပ်ရေး နာယကဆရာတော်များက အတည်ပြု လက်မှတ်ရေးထိုးတော်မူကြကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့် ပြာသိုလ်လဆန်း (၇) ရက်၊...

လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက် ဧရာဝတီမြစ်ကြောင်းတလျှောက် အနိမ့်တမံများ တည်ဆောက်မည်ဟုဆို

လိုအပ်နေသည့် လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက် ဧရာဝတီမြစ်ကြောင်းတလျှောက် အနိမ့်တမံများ ထပ်တည်ဆောက်သွားရန် ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်က ပြောသည်။ ဇန်နဝါရီ (၇) ရက်၌ ပြုလုပ်သည့် ကော်မရှင်အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယင်းကဲ့သို့ပြောကြားခြင်း ဖြစ်သည်။ ပြောကြားရာ၌ အနိမ်တမံတည်ဆောက်ရန် မြစ်ကြောင်းတလျှောက် နေရာ (၁၆) ခုရှိပြီး ယင်းထဲမှ ဦးစားပေး (၄) နေရာ ၌ (၁)နေရာကို အကျိုးအပြစ်များ စီစစ်တင်ပြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟုလည်း ဆိုသည်။ ထို့ပြင် ရေအားနှင့် လျှပ်စစ်ထုတ်ခြင်းအပြင် သဘာဝဓာတ်ငွေ့ရည်(LNG)သုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071