Wednesday, November 27, 2024

အာဆီယံ-ကိုရီးယား ဒေသတွင်း အကျိုးပြုမည့် ဆန်းသစ်သည့်...

အာဆီယံ-ကိုရီးယား ဒေသတွင်းကို အကျိုးပြုသော ဆန်းသစ်သည့် စီးပွားရေးကို မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ကြသည့် အာဆီယံ-ကိုရီးယားနေ့ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း...

တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့...

တက္ကသိုလ် ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များ...

ယခုပညာသင်နှစ်မှ စတင်၍ ပထမနှစ်ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များကို ရွေးချယ်မွေးထုတ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။ အဆိုပါတွေ့ဆုံမှုကို...

မုံရွာမြို့တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်တည်ဆောက်လျက်ရှိ

မုံရွာမြို့တွင် အနယ်နယ်အရပ်ရပ်မှ ရာသီပေါ်သီးနှံများရောင်းချသည့် ကုန်စိမ်းဈေးသည်များအတွက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြေဧက (၃.၈)ဧက ပေါ်တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်ကြီး တည်ဆောက်လျက်ရှိကြောင်းသိရသည်။ "မုံရွာမြို့၊ မြို့အင်္ဂါရပ်နဲ့...
HomeNewsLocal Newsမယ်ဆိုင်-မယ်ဟောက်ချောင်းဘေးရှိ မြန်မာနိုင်ငံဘက်မှ ကျူးကျော်အဆောက်အအုံများကိုစတင်ဖယ်ရှား

မယ်ဆိုင်-မယ်ဟောက်ချောင်းဘေးရှိ မြန်မာနိုင်ငံဘက်မှ ကျူးကျော်အဆောက်အအုံများကိုစတင်ဖယ်ရှား

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မယ်ဆိုင်- မယ်ဟောက်ချောင်းဘေးရှိ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ယနေ့ နိုဝင်ဘာ ၂၇ ရက်မှစတင်ကာ ဖယ်ရှားမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်နှင့် ရန်အောင်မြေရပ်ကွက်များတွင် ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊ အုတ်တံတိုင်းများကို စတင်ဖယ်ရှားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖယ်ရှားခြင်းမပြုမီ တာဝန်ရှိသူများက ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများနှင့် အုတ်တံတိုင်းပိုင်ရှင်များကိုတွေ့ဆုံ၍ အသိပေးအကြောင်းကြားမှုများပြုလုပ်ပြီးနောက် စက်ယန္တရားများဖြင့် ဖယ်ရှားခဲ့ကြကြောင်း သိရသည်။

မယ်ဆိုင်-မယ်ဟောက်ချောင်းတစ်လျှောက်တွင် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဆောက်လုပ်ထားသည့် RC (၁)ထပ်၊ (၂) ထပ်အဆောက်အအုံ၊ သစ်သားအိမ်၊ ဂိုဒေါင်ပေါင်း(၈)ခု၊ အဆောက်အအုံနောက်ဘက်ပိုင်း(၅) ခု၊ အုတ်တံတိုင်းနှင့် အုတ်နံရံ(၁၆)ခု၊ အိမ်သာ၊ ရေတင်စင်၊ ဆီသိုလှောင်ကန်ပေါင်း(၄)ခု(စုစုပေါင်း ၃၃ ခု)ရှိကာ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံ(၄၅)ခုရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ကိုရီးယား ဒေသတွင်း အကျိုးပြုမည့် ဆန်းသစ်သည့် စီးပွားရေးမြှင့်တင်နိုင်ရန် ဆွေးနွေး

အာဆီယံ-ကိုရီးယား ဒေသတွင်းကို အကျိုးပြုသော ဆန်းသစ်သည့် စီးပွားရေးကို မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ကြသည့် အာဆီယံ-ကိုရီးယားနေ့ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အာဆီယံ-ကိုရီးယားနေ့အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နိုဝင်ဘာ (၂၅)ရက်မှ (၂၇) ရက်အထိ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။ ယင်း အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တီမော လက်စ်တေနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို “Towards...

တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ နိုဝင်ဘာ (၂၆)ရက်က ဒု-ဝန်ကြီးသည် တောင်ကြီးမြို့၏ အထင်ကရ ခရီးသွား ဆွဲဆောင်ရာ နေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူ ဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွား လုပ်ငန်းဆောင်ရွက်နိုင်မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် Villa Inle Boutique Resort သို့ သွားရောက်၍ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ညောင်ရွှေခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား...

တက္ကသိုလ် ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များ ရွေးချယ်မွေးထုတ်သွားမည်

ယခုပညာသင်နှစ်မှ စတင်၍ ပထမနှစ်ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များကို ရွေးချယ်မွေးထုတ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။ အဆိုပါတွေ့ဆုံမှုကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာအရည်အသွေးများ တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏အသက်သည် သုတေသနဖြစ်ပြီး နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုတို့သည် အလွန်အရေးကြီးကြောင်း သုတေသန၏အရေးပါမှုကိုပြောကြားသည်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်နိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်နှင့် ခံယူချက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071