Sunday, January 19, 2025

ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် (၅၄) နေအိမ်ကို...

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နေအိမ်ကို လေလံဈေး (၃)ဘီလျံ လျှော့ချကာ (၂၉၇) ဘီလျံဖြင့် ဖေဖော်ဝါရီလ...

(၄)နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရသည့် မြိတ်မြို့ ရာဘာအထပ်သားစက်ရုံ...

ယ‌မန်နေ့ ဇန်နဝါရီ (၁၈)ရက် မွန်းလွဲပိုင်းအချိန်က မြိတ်မြို့ ၊ ရှမ်းချောင်းလမ်းမကြီး၊ တိုင်းရုံးလမ်းခွဲအနီး လောင်ကျွမ်းခဲ့သည့် "ဖိုးလမင်း" အမည်ရှိ ရာဘာအထပ်သားစက်ရုံ မီးလောင်မှုတွင်...

ဂျပန်အားကစားဝတ်စုံလုပ်ငန်း၏ Jogarbola အမှတ်တံဆိပ်နှင့်(၄)နှစ်တာလက်တွဲသွားမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏ဝတ်စုံနှင့်အသုံးအဆောင်ပစ္စည်းများအတွက် ဂျပန်အားကစားဝတ်စုံလုပ်ငန်း၏ Jogarbola အမှတ်တံဆိပ်နှင့်(၄)နှစ်တာလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ လက်တွဲဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီမှု MoU လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီးအသင်းများ၊ ဖူဆယ် အမျိုးသား/အမျိုးသမီး...

တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်နိုင်ရေး ရည်ရွယ်ချက်စာချွန်လွှာ...

တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း (Training in Chinese Language Proficiency) ဖွင့်လှစ်နိုင်ရေး ရည်ရွယ်ချက်စာချွန်လွှာ (MOI)ကိုနေပြည်တော်ရှိ Jasmine Palace Hotel...
HomeNewsLocal Newsမရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ လူနေ...

မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ လူနေ နှစ်ထပ် တိုက်အိမ် တစ်လုံး၌ မီးလောင်မှု တစ်ခုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ လူနေ နှစ်ထပ် တိုက်အိမ် တစ်လုံး၌ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယမန်နေ့ ဇန်နဝါရီ (၁၈) ရက်၊ ည (၈)နာရီ (၄၅)မိနစ်အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြရာ ည (၈)နာရီ (၅၅)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ည (၉)နာရီ (၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံမှု တန်ဖိုးနှင့် မီးလောင်ရသည့် အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ (၁၄) ရက်၊ ည (၇)နာရီအချိန်ခန့်ကလည်း သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ မြိုင်ဟေဝန်လမ်းတွင် မီးလောင်မှုဖြစ်ပွားရာ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ နယ်မြေခံ လူမှုကူညီရေးအသင်းများ ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ကြပြီး ည (၇)နာရီ (၁၃)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ရန်ကုန်အပါအဝင် မြို့နယ်ဒေသအချို့တို့တွင် မီးလောင်မှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လျက်ရှိရာ မီးဘေးအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြရန် မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှလည်း နှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် လေလံတင်မည်

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နေအိမ်ကို လေလံဈေး (၃)ဘီလျံ လျှော့ချကာ (၂၉၇) ဘီလျံဖြင့် ဖေဖော်ဝါရီလ (၆) ရက်၌ လေလံတင် ရောင်းချသွားမည်ဟု သိရသည်။ အဆိုပါ နေအိမ်နှင့်ခြံကို (၂)ကြိမ်တိတိ လေလံတင်ရောင်းချခဲ့ပြီးသော်လည်း ဝယ်ယူသူမရှိသေးသောကြောင့် ဈေးလျှော့၍ ထပ်မံလေလံတင်ရန် ဦးအောင်ဆန်းဦးဘက်က တရားရုံးကို ထပ်မံတင်ပြထားခြင်းဖြစ်ကာ မူလကြမ်းခင်းဈေး ငွေကျပ် (၃၀၀) ဘီလျံမှ (၁၀) ဘီလျံ လျှော့ချပြီး ဘီလျံ (၂၉၀) သတ်မှတ်ပေးရန် ဦးအောင်ဆန်းဦးဘက်က တင်ပြထားခြင်းဖြစ်သည်။ သို့သော်...

(၄)နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရသည့် မြိတ်မြို့ ရာဘာအထပ်သားစက်ရုံ မီးလောင်မှု သိန်းပေါင်း သောင်းချီ ဆုံးရှုံးနိုင်ဟုဆို

ယ‌မန်နေ့ ဇန်နဝါရီ (၁၈)ရက် မွန်းလွဲပိုင်းအချိန်က မြိတ်မြို့ ၊ ရှမ်းချောင်းလမ်းမကြီး၊ တိုင်းရုံးလမ်းခွဲအနီး လောင်ကျွမ်းခဲ့သည့် "ဖိုးလမင်း" အမည်ရှိ ရာဘာအထပ်သားစက်ရုံ မီးလောင်မှုတွင် ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်းသောင်းချီရှိနိုင်သည်ဟု မြေပြင်ကူညီဆောင်ရွက်ခဲ့သူသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ယင်း မီးလောင်ကျွမ်းမှုအား မီးထိန်းချိန် (၂)နာရီကျော်ကြာမြင့်ခဲ့ပြီး အပြီးသတ် မီးငြိမ်းနိုင်ချိန်ဖြင့်ဆိုပါက (၄)နာရီကျော်ကြာ မြင့်ခဲ့ကြောင်း ၎င်းက ဆိုသည်။ "ဝါယာရှော့လို့ သတ်မှတ်ပါတယ်။ ရာဘာ အထပ်သားစက်ရုံ ဂိုထောင်တွေပါ။ အဲဒီထဲမှာမှ အကြီးဆုံးလို့ ဆိုနိုင်တဲ့ ဂိုထောင်က လောင်တာပါ။ လူထိခိုက်‌ေ-သဆုံးမှုမရှိပါဘူး။ မီးသတ်ဦးစီးကတော့ စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု...

ဂျပန်အားကစားဝတ်စုံလုပ်ငန်း၏ Jogarbola အမှတ်တံဆိပ်နှင့်(၄)နှစ်တာလက်တွဲသွားမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏ဝတ်စုံနှင့်အသုံးအဆောင်ပစ္စည်းများအတွက် ဂျပန်အားကစားဝတ်စုံလုပ်ငန်း၏ Jogarbola အမှတ်တံဆိပ်နှင့်(၄)နှစ်တာလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ လက်တွဲဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီမှု MoU လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီးအသင်းများ၊ ဖူဆယ် အမျိုးသား/အမျိုးသမီး အသင်းများ၊ လူငယ်သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ၊ အကယ်ဒမီများသည် Jogarbola အမှတ်တံဆိပ် အားကစားဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများကို အသုံးပြုသွားကြမည်ဖြစ်သည်။ လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင်ကျင်းပလျက်ရှိသည့် AFC Women's Futsal Asian Cup 2025 Qualifiers အုပ်စု(D)ခြေစစ်ပွဲများတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အမျိုးသမီးအသင်းသည် Jogarbola ၏ဂျာစီဒီဇိုင်းအသစ်ကို ဝတ်ဆင်ကစားနိုင်ခြင်းမရှိသေးသော်လည်း ကနဦး ဝတ်ဆင်ရန်ထုတ်လုပ်ထားသော ဂျာစီများကိုယာယီအသုံးပြုဝတ်ဆင်၍ ယှဉ်ပြိုင်လျက်ရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071