မရမ်းကုန်းမြို့နယ်၌ တစ်ဦးတည်းနေသည့် မြန်မာစာကထိက(ငြိမ်း)ဆရာမကြီး နေအိမ်တိုက်ခန်းအတွင်း၌ ကြိုးတုတ်လျက်အသတ်ခံရ
မရမ်းကုန်းမြို့နယ်၊ကမ္ဘာအေးစေတီလမ်း၊ ၉ ရပ် ကွက်၊တိုက် ၃၀၁/ခ၊ ပထမထပ်(ခ/၁၂)တွင် တစ်ဦးတည်းနေသည့် မြန်မာစာကထိက(ငြိမ်း)ဆရာ မကြီးဒေါ်ညွှန့်ညွှန့်စိန်(၆၅)နှစ်သည် ဇွန် ၉ ရက်ညနေပိုင်းက နေအိမ်တိုက်ခန်းအတွင်း ကြိုးတုတ်လျက်အသတ်ခံထားရသည်ဟု မြန်မာ့ကြယ်ဖြူလူမှုဖွံ့ဖြိုးတိုးတက်ရေးပရဟိတအသင်းမှ သိရသည်။
ဆရာမကြီးဒေါ်ညွှန့်ညွှန့်စိန်သည် နေအိမ်တိုက်ခန်းအတွင်းရှိ အိပ်ခန်းကြမ်းခင်းပေါ်၌ ဒူးကွေးလျက်တစောင်းမှောက်လျက်အနေအထားဖြင့် လက်အားနောက်ပြန်ကြိုးတုတ်ခံထားရလျက် သေဆုံးနေသည်အား တွေ့ရှိခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းရုံးနဲ့အခင်းဖြစ်တဲ့တိုက်ခန်းကနီးတယ် ပထမထပ်မှာဖြစ်သွားတာပါ လက်ကိုနောက်ပြန်ဖုန်းအသွင်းကြိုးနဲ့တုတ်ထားရက်နဲ့သေဆုံးနေတာပါ ဆရာမကြီးက တိုက်ခန်းမှာတစ်ယောက်ထဲနေတာ သူ့အမျိုးသားက ပြီးခဲ့တဲ့နှစ် ကိုဗစ်မှာဆုံးသွားခဲ့တာ ကျွန်တော်တို့သတင်းရလို့ရောက်သွားတဲ့အချိန်က ၄ နာရီဝန်းကျင်လောက်ရှိနေပြီ”ဟု မြန်မာ့ကြယ်ဖြူလူမှုဖွံဖြိုးတိုးတက်ရေးပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဆရာမကြီးဒေါ်ညွှန့်ညွှန့်စိန်သည် လက်နောက်ပြန် ကြိုးတုတ်ခံထားရသည့်အပြင် ရိုက်နှက်ခံထားရသဖြင့် ဝဲ/ယာမျက်လုံးဖူးရောင်ဒဏ်ရာ၊ဝဲမျက် ခုံးအောက်ထိုးသွင်းဒဏ်ရာတို့လည်းရရှိထားပြီး ဆရာကြီးပိုင်ဆိုင်သည့် Laptop နှင့်ဖုန်း ၁ လုံးတို့မှာပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ဆရာမကြီး၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် သက်ဆိုင် ရာခရိုင်နှင့်မြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက စုံ စမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ပတ်ဝန်း ကျင်ရှိ CCTV မှတ်တမ်းများအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ဆရာမကြီးက ရန်ကင်းပညာရေးကောလိပ်က မြန်မာကထိက အငြိမ်းစားတစ်ယောက်ပါ သ ဘောကောင်းသလို လူတိုင်းကိုလေးလေးစားစားဆက်ဆံတယ် အဲ့လိုဆရာမကြီးမှအခုလိုအဖြစ်နဲ့ကြုံရတာ ဆရာမကြီးရဲ့အသက်ကိုအချိန်မီမကယ်နိုင်ခဲ့တဲ့အတွက် ဝမ်းနည်းရတယ်ဗျာ”ဟု လူ မှုကူညီရေးပရဟိတအသင်းဝင်တစ်ဦးကပြော သည်။