မလေးရှားတွင် ဖခင်ဖြစ်သူမှ တံတားပေါ်မှ ကလေးငယ် (၃) ဦးကို ပစ်ချကာ ကိုယ်တိုင်အဆုံးစီရင်ခဲ့သည့် ဖြစ်စဉ်မှ အသက်ရှင်ကျန်ရစ်သူ ကလေးငယ် သတိပြန်လည်ရရှိ
မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖခင်ဖြစ်သူက က လေးငယ်သုံးဦး တံတားပေါ်မှ ပစ်ချခဲ့သည့် ဖြစ်စဥ်မှ အ သက်ရှင် ကျန်ရစ်သည့် (၃)နှစ်အရွယ် ကလေးငယ်မှာ ယ နေ့ သြဂုတ် (၁၀) ရက်တွင် ပုံမှန်အသိစိတ်ဝင်ရောက်ကာ သတိပြန်လည်ရရှိနေပြီဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)က အသိပေးကြေညာခဲ့သည်။
အဆိုပါ ကလေးငယ်မှာ ဆလာယန်းဆေးရုံ၌ ဆေးကုသမှုခံယူနေခြင်း ဖြစ်ကာ ယခုအခါ အရေးပေါ်အခန်းမှ သီး သန့်ဆောင်သို့ ပြောင်းရွေ့ခွင့်ရပြီဖြစ်ကြောင်း မလေးရှား မြန်မာလူမှုကူညီရေးအသင်း ကသိရသည်။
ကလေးငယ်မှာ မိခင်နှင့် တွေ့ခါစတွင် သေဆုံးခဲ့သော ဖခင်အပါအဝင် အမနှင့် အကို ဖြစ်သူတို့ကို တွေ့လိုကြောင်း မိခင်ဖြစ်သူအားမေးမြန်းခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ကလေးငယ်မှာမိခင်ကို မိခင်မှန်းသိသည့် အ သိရရှိနေပြီဟုဆိုရမည်ဖြစ်ပြီး၊ ကလေးငယ်အားကျန်းမာရေးတိုးတက်ကောင်းမွန်စေရန် ဆေးဆက်လက်ကုသရမည့်အပြင် ကိုယ်ခန္ဓာအတွင်းပိုင်း နံရိုးနှင့် ခြေ ထောက်များ ဦးခေါင်းပိုင်းများအား ဆေးဆက်လက် ကုသသွားရမည်ဖြစ်ကြောင်း သိရသည်။
လူမှုကူညီရေးအသင်း (မလေးရှား)၏ ယနေ့ ကြေညာ ချက်တွင် မြန်မာနိူင်ငံသားများအားလုံး၏ မေတ္တာပို့သကူညီလှူဒါန်းမှုများကြောင့် သားငယ်လေး၏ကျန်းမာရေး တိုးတက်လာခဲ့ပါပြီ ဟုရေးသားဖော်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂) ရက် နံနက်အစောပိုင်းက မလေးရှားနိုင်ငံတွင် အသက် (၃၈)နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသား ဖခင်ဖြစ်သူက အသက် (၈) နှစ်အရွယ် သမီး၊ အသက် (၆) နှစ်အရွယ်နှင့် အသက် (၃) နှစ်အရွယ် သား (၂) ဦးကို မလေးရှားနိုင်ငံ ကပုန်းမြို့နယ် (Taman Desa jaya)လမ်းထိပ်ရှိ ဟိုင်းဝေး မိုးပျံတံတားပေါ်မှ ပစ်ချကာ ၎င်းကိုယ်တိုင်ပါ အဆိုပါတံတားပေါ်မှ။ ခုန်ချကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်တွင် ဖခင်ဖြစ်သူ နှင့် အသက် (၈) နှစ်အရွယ် သမီး၊ အသက် (၆) နှစ်အရွယ်သား တစ်ဦးတို့ သေဆုံးသွားခဲ့သည့်အတွက် သြဂုတ်လ (၄) ရက်က စလန်းကောပြည်နယ် (စမုံညှင်းမြို့) ခရစ်ယာန်သင်္ချိုင်းတွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
Photo-မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)