Monday, January 13, 2025

မြောက်ကိုရီးယားနှင့် သုံ့ပန်းအလဲအလှယ်လုပ်ရန်အသင့်ရှိ–ဇလန်းစကီး

ရုရှားလက်တွင်းရောက် ယူကရိန်းနိုင်ငံသားများနှင့် အလဲအလှယ်လုပ်နိုင်ရေး ကို ဝင်ရောက်ဆောင်ရွက်ပေးမည်ဆိုပါက ဖမ်းမိထားသော မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ခေါင်းဆောင်ကင်ဂျုံအန်ထံ လွှဲပြောင်းပေးရန် ကိဗ်က အသင့်ရှိသည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီးက...

တုရင်တောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်...

တရုတ်က ကမ္ဘောဒီးယား၌ ကားတာယာစက်ရုံ တည်ဆောက်ပြီ

ဖနောင်ပင်၊ဇန်နဝါရီ ၁၂ တရုတ်နိုင်ငံမှ ကွမ်ကျိုးစက်မှုရင်းနှီးမြှုပ်နှံရေး ဦးပိုင်လုပ်ငန်းစု (GIIHG) ၏ပံ့ပိုးကူညီမှုဖြင့် ဝမ်လီကားတာရာ ကုမ္ပဏီသည် ကမ္ဘောဒီးယားအရှေ့တောင်ပိုင်းရှိပြည်နယ်တစ်ခုတွင် ကားတာယာစက်ရုံကို တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏...

ဖားကန့်တွင် နွံကန်ပြိ-ုကျပြီး လူနေအိမ် (၅၀)ခန့်...

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ စပေါ့ကျေးရွာထိပ်ရှိ ရတနာအဓိပတိနွံကန်မှာ ယနေ့ ဇန်နဝါရီ (၁၃)ရက် နံနက်အစောပိုင်း(၁)နာရီဝန်းကျင်အချိန်ခန့်က ပြိ-ုကျမှုဖြစ်ပွားပြီး...
HomeInternationalမလေးရှားမှာ သုံးရက်ဆက် မိုးကြီးမည်

မလေးရှားမှာ သုံးရက်ဆက် မိုးကြီးမည်

မလေးရှားနိုင်ငံတစ်ဝန်း ပြည်နယ်များစွာတွင် ဇန်နဝါရီ ၁၅ ရက်မှစတင်၍ သုံးရက်ဆက် မိုးကြီးမည်ဟု ခန့်မှန်းထားကြောင်း မလေးရှားနိုင်ငံ မိုးလေဝသဌာနက ပြောကြားလိုက်သည်။

မုတ်သုံလေအားကောင်းမှုကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ဇန်နဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ နိုင်ငံတစ်ဝန်း မိုးကြီးမည်ဟု မျှော်မှန်းကြောင်း ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ချက်တွင် မိုးလေဝသဌာနက ပြောကြားခဲ့သည်။

အဆိုပါကာလအတွင်း မလေးရှားကျွန်းဆွယ်ရှိ ပြည်နယ်အများအပြား၊ ဆာရာဝပ်ပြည်နယ် တောင်ပိုင်းနှင့်အနောက်ပိုင်း ဧရိယာများအပြင် ဆာဘားပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်ထားသည်။

နောက်ဆုံးပေါ် မိုးလေဝသခန့်မှန်းချက်ပုံစံများကို လေ့လာသုံးသပ်ချက်အရ ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်အတွင်းဖြစ်ပေါ်သည့် မုတ်သုံလေလှိုင်းကြောင့် နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတွင် ရက်ဆက်မိုးကြီးမည်ဟု ခန့်မှန်းထားသည်။

ပြည်သူများအနေဖြင့် မိုးလေဝသဌာန၏ ဝက်ဘ်ဆိုက်နှင့် တရားဝင် ဆိုရှယ်မီဒီယာအကောင့်များ၊ ချန်နယ်များအပြင် myCuaca အက်ပ်တို့ကို ဒေါင်းလုဒ်လုပ်၍ နောက်ဆုံးဖြစ်‌သော၊ တိကျသော သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်ကြရန် အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အကြံပြုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြောက်ကိုရီးယားနှင့် သုံ့ပန်းအလဲအလှယ်လုပ်ရန်အသင့်ရှိ–ဇလန်းစကီး

ရုရှားလက်တွင်းရောက် ယူကရိန်းနိုင်ငံသားများနှင့် အလဲအလှယ်လုပ်နိုင်ရေး ကို ဝင်ရောက်ဆောင်ရွက်ပေးမည်ဆိုပါက ဖမ်းမိထားသော မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ခေါင်းဆောင်ကင်ဂျုံအန်ထံ လွှဲပြောင်းပေးရန် ကိဗ်က အသင့်ရှိသည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ “ပထမဆုံး ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားတွေအပြင် နောက်ထပ်လည်း ဖမ်းမိဦးမှာ သေချာပါတယ်၊ ဒါက ငါ့တပ်တွေ နောက်ထပ် မဖမ်းဆီးခင်လေးမှာ လုပ်တဲ့ကိစ္စပါ” ဟု ဇလန်းစကီးက X ပေါ်တွင် ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံ ကာ့ခ်ဒေသတွင် ယူကရိန်းတပ်များက မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ဖမ်းမိခဲ့သည်ဟု ဇန်နဝါရီ ၁၁ ရက်တွင်...

တုရင်တောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း ၁၉၀၅ ဧကရှိသော နယ်မြေကို “တုရင်တောင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာထား သည်။ အပူပိုင်းဒေသဖြစ်သော ပုဂံညောင်ဦးဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး...

တရုတ်က ကမ္ဘောဒီးယား၌ ကားတာယာစက်ရုံ တည်ဆောက်ပြီ

ဖနောင်ပင်၊ဇန်နဝါရီ ၁၂ တရုတ်နိုင်ငံမှ ကွမ်ကျိုးစက်မှုရင်းနှီးမြှုပ်နှံရေး ဦးပိုင်လုပ်ငန်းစု (GIIHG) ၏ပံ့ပိုးကူညီမှုဖြင့် ဝမ်လီကားတာရာ ကုမ္ပဏီသည် ကမ္ဘောဒီးယားအရှေ့တောင်ပိုင်းရှိပြည်နယ်တစ်ခုတွင် ကားတာယာစက်ရုံကို တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ကမ္ဘောဒီးယား နိုင်ငံဒုဝန်ကြီးချုပ် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ပထမ ဒုတိယဥက္ကဌ ဆွန်ချန်ထော သည် အဆိုပါစက်ရုံ၏ ပန္နက်ရိုက်အခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းသိရသည်။ ယခုဆောက်လုပ်နေသည့် တာယာစက်ရုံသည် လုပ်ငန်းစတင်လည်ပတ်ချိန်၌ ကမ္ဘောဒီးယားနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁,၀၀၀ ခန့် ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်သည်။ ဆက်လက်၍ ပန္နက်တင်အခမ်းအနား၌ CDC ဒုတိယဥက္ကဌကယခုရင်းနှီးမြှုပ်နှံမှုစီမံကိန်းသစ်သည် ကမ္ဘောဒီးယားနှင့်တရုတ်တို့အကြား ရပ်ဝန်းနှင့်လမ်းမ (BRI) ၏မူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လက်ရှိတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071