Tuesday, December 17, 2024

Tik Tok စီအီးအိုနှင့် ထရမ့်ပ်...

နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ဆိုကာ နာမည်ကျော် ဗီဒီယိုအက်ပ်ကို အမေရိကတွင် ပိတ်ပင်တားမြစ်ခံရနိုင်သည့်အရေးနှင့်ကြုံတွေ့ရန် သီတင်းပတ်မျှသာလိုတော့သည့် ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် Tik...

(၁၁) လအတွင်း တနင်္သာရီတိုင်း ဒေသကြီးသို့...

၂၀၂၄ ခုနှစ်၏ (၁၁) လအတွင်း တနင်္သာရီတိုင်းဒေသကြီးသို့ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၈)သိန်းခွဲအထိ ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးခွဲမှ သိရသည်။ ပြီးခဲ့သည့်...

တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန်...

တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန် ပြေးပွဲကို လာမည့်နှစ် ဇန်နဝါရီလ (၅) ရက်တွင် စတင်ယှဉ်ပြိုင်ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ...

လွတ်လပ်ရေးနေ့ ကျင်းပရေး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့...

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ကဒီဇင်ဘာလ (၁၆) ရက်၊ မွန်းလွဲပိုင်းတွင် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။ "နိုင်ငံတော်ရဲ့ ထူးခြားမွန်မြတ်လှတဲ့...
HomeInternationalမလေးရှားဝန်ကြီးချုပ်က သက်ဆင်ကို အာဆီယံ...

မလေးရှားဝန်ကြီးချုပ်က သက်ဆင်ကို အာဆီယံ အကြံပေးအဖြစ် ခန့်အပ်

လာမည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသဆိုင်ရာ အဖွဲ့အစည်း၏ အလှည့်ကျဥက္ကဌ တာဝန်ယူရတော့မည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းနိုင်ငံ၏ ဘီလျံနာ သြဇာကြီးနိုင်ငံရေးသမား၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို သူ၏ ကိုယ်ရေးအကြံပေးအဖြစ် တနင်္လာနေ့တွင် ခန့်အပ်လိုက်သည်။

သူ၏ အာဆီယံဥက္ကဌအဖြစ် ခေါင်းဆောင်မှုအတွင်း သက်ဆင်၏ အခန်းကဏ္ဍသည် အဖွဲ့ဝင် ၁၀ နိုင်ငံမှ အခြားအကြံပေးပုဂ္ဂိုလ်များနည်းတူ အလွတ်သဘောဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု အန်ဝါက ပြောဆိုခဲ့သည်။

သက်ဆင်၏ အငယ်ဆုံးသမီးဖြစ်သော ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ မလေးရှားနိုင်ငံခရီးစဉ်အတွင်း အန်ဝါက ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

“ဒီလို အတွေ့အကြုံကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြံညဏ်ကို ရဖို့လိုအပ်တာကြောင့် ဒါကို လက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ပေတုံတန်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် သက်ဆင်နှင့်ပတ်သက်၍ အန်ဝါက ပြောကြားခဲ့သည်။

အသက် ၇၅ နှစ်အရွယ် သက်ဆင်သည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ထိုင်းနိုင်ငံရေးတွင် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပြီး သူ၏ သြဇာလွှမ်းမိုးမှုသည် လွန်ခဲ့သည့် ရာစုနှစ် လေးပုံတစ်ပုံအတွင်း အုပ်ချုပ်မှုစနစ်များစွာ ရှိထားခဲ့သည့်နိုင်ငံတွင် လက်ရှိအစိုးရအဖွဲ့ကို ပုံဖော်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားသည်။

Ref: Thai PBS World

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Tik Tok စီအီးအိုနှင့် ထရမ့်ပ် တွေ့ဆုံ

နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ဆိုကာ နာမည်ကျော် ဗီဒီယိုအက်ပ်ကို အမေရိကတွင် ပိတ်ပင်တားမြစ်ခံရနိုင်သည့်အရေးနှင့်ကြုံတွေ့ရန် သီတင်းပတ်မျှသာလိုတော့သည့် ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် Tik Tok စီအီးအို Chew Shou Zi သည် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် Mar-a-Lago တွင် တွေ့ဆုံခဲ့သည်။ လူငယ်မဲဆန္ဒရှင်များကို စည်းရုံးရာတွင် သူ အသုံးပြုခဲ့သော Tik Tok ဆက်လက်ရပ်တည်နိုင်ရေးအတွက် တားမြစ်ချက်ကို တနည်းတဖုံ ပြောင်းပြန်လှန်ရန် ထရမ့်ပ်က သဘောထားပေးခဲ့ပြီး နာရီပိုင်းအကြားတွင် အဆိုပါ သီးသန့်တွေ့ဆုံမှုဖြစ်ပေါ်ခဲ့ခြင်းဟု...

(၁၁) လအတွင်း တနင်္သာရီတိုင်း ဒေသကြီးသို့ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၈)သိန်းခွဲအထိ ဝင်ရောက်ထား

၂၀၂၄ ခုနှစ်၏ (၁၁) လအတွင်း တနင်္သာရီတိုင်းဒေသကြီးသို့ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၈)သိန်းခွဲအထိ ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးခွဲမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၁)သန်းကျော်ဝင်ရောက်ထားပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား (၈)သိန်းခွဲအထိ ဝင်ရောက်ထားကြောင်း သိရသည်။ ယင်းဒေသတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုထားသည့် လိုင်စင်ရ ဟိုတယ်စုစုပေါင်း (၆၄) လုံးရှိပြီး လက်ရှိတွင် (၄၅) လုံးဖွင့်လှစ်ထား‌ကြောင်း သိရသည်။ ကျွန်းပေါင်း (၈၀၀)...

တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန် ပြေးပွဲ ပြုလုပ်မည်

တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန် ပြေးပွဲကို လာမည့်နှစ် ဇန်နဝါရီလ (၅) ရက်တွင် စတင်ယှဉ်ပြိုင်ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသား အားကစားသမား (၁၂) ဦးအပါအဝင် အယောက် (၁၀၀၀) ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံသားများ မာရသွန်ပြိုင်ပွဲ၊ မြန်မာနိုင်ငံသားများအဆွက် မာရသွန်ပြိုင်ပွဲဆုများလည်း သီးသန့်စီစဉ်ထားကာ တရုတ်-မြန်မာနှစ်နိုင်ငံမှ မူလတန်းကျောင်းသားများ၊ ဒေသခံတိုင်းရင်းသားလူမျိုး (၅) ခု စသည့် လူပေါင်း (၁၂၀၀) ကျော်ဖြင့် ပန်းဖွားအကအဖွဲ့ဖွဲ့စည်းကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071