Sunday, December 29, 2024

ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သွား ရောက်တွေ့ဆုံမှု ခပ်စိတ်စိတ်ပြုလုပ်လာသည့်...

ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများတွင်လေ့ကျင့်သင်ကြားမှုများပြုလုပ်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ သွားရောက်တွေ့ဆုံမှုများ ခပ်စိတ်စိတ်ပြုလုပ်လာခဲ့သည်။ ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ အင်းတိုင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများမှ...

နစက ဥက္ကဋ္ဌမှ သက်ကြီးစာပေပညာရှင်များပူဇာ်ကန်တော့ပွဲသို့ ငွေကျပ်သိန်း(၁၀၀)နှင့်...

ရန်ကုန်မြို့ရှိ ရန်ကုန်မြို့တော်ခန်းမ၌ မြန်မာနိုင်ငံစာရေးဆရာအသင်း၏ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၇)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအား ဒီဇင်ဘာ ၂၈ ရက်ကကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းတက်ရောက်ကန်တော့ခဲ့သည်။ အဆိုပါ အခမ်းအနားသို့...

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ်...

မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်မည့် Professional Boxing...

မြန်မာနိုင်ငံဘောက်ဆင်သမိုင်းတလျှောက်တွင် WBC,OPBFနှင့် JBCမှကျင်းပသောနိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမား(၃)ဦးဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း Myanmar Boxing Commission(MBC)ထံမှ သိရသည်။ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌...
HomeInternationalမလေးရှားဝန်ကြီးချုပ်နှင့် သက်ဆင် မြန်မာ့အရေး...

မလေးရှားဝန်ကြီးချုပ်နှင့် သက်ဆင် မြန်မာ့အရေး ဆွေးနွေး

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် ဇိမ်ခံရွက်လှေတစ်စီးပေါ်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံမှုအားကောင်း ခိုင်မာရေး၊ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးနှင့် ထိုင်းတောင်ပိုင်းဒေသ ငြိမ်းချမ်းမှုပြန်လည်ရရှိရေးအပါအဝင် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။

သက်ဆင်ကို မစ္စတာအန်ဝါ၏ အာဆီယံရေးရာ အကြံပေးအဖြစ် ခန့်အပ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သောကြာနေ့က Thai Rath သတင်းစာ၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးဝန်ကြီးဟောင်း Thamanat Prompow နှင့်အတူ ဗုဒ္ဓဟူးနေ့က ဖူးခက်မှ Satun ပြည်နယ် Koh Lipe သို့ သူ ရွက်လှေစီးခဲ့သည်ဟု သက်ဆင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

နောက်နေ့မနက်ပိုင်းတွင် သူသည် ကျွန်းပေါ်ရှိ Bulow Casa Grand View Resort တွင် ထာမာနတ်နှင့် မနက်စာအတူစားခဲ့သည်။ ထို့နောက် သက်ဆင်သည် ရွက်လှေစီးကာ ထိုင်း-မလေးရှားရေကြောင်းနယ်နိမိတ်အနီး ပင်လယ်ပြင်တွင် မစ္စတာအန်ဝါနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အစည်းအဝေးတွင် ထိုင်းတောင်ပိုင်းအခြေအနေ၊ ထိုင်းနိုင်ငံ စီးပွားရေး၊ မြန်မာနိုင်ငံအကျပ်အတည်း၊ အာဆီယံနှင့် ကမ္ဘာ့ရေးရာများအပေါ် ဆွေးနွေးခဲ့ကြသည်ဟု သက်ဆင်က ပြောဆိုခဲ့သည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ စည်းလုံးညီညွတ်ပြီး ပိုမိုခိုင်မာသော အသိုက်အဝန်းတစ်ခုဖြစ်လာရန် လိုအပ်ကြောင်းကို သူ အလေးအနက်ပြောကြားခဲ့သည်ဟု ဆိုခဲ့သည်။

“လူဦးရေ သန်း ၇၀၀ ကျော်ရှိတဲ့ ဒီဒေသဟာ အရေးပါတဲ့ အင်အားစုတစ်ခုဖြစ်လာဖို့ အတူတကွလက်တွဲလုပ်ဆောင်ရပါမယ်” ဟု သူက ပြောဆိုသည်။

မစ္စတာအန်ဝါကလည်း သူ၏ ချစ်မိတ်ဆွေ သက်ဆင်နှင့် တွေ့ဆုံခဲ့ကာ ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေးးနှင့် မြန်မာအကျပ်အတည်း အပါအဝင် နှစ်နိုင်ငံနှင့် ဒေသတွင်းအရေးများကို ဆွေးနွေးခဲ့သည်ဟု X တွင် ပို့စ်တင် ပြောဆိုခဲ့သည်။

မလေးရှား၏ အာဆီယံဥက္ကဌ၏ အလွတ်သဘော အကြံပေးအဖြစ် သူ့၏ စွမ်းဆောင်ရည်အပါအဝင် ကျယ်ကျယ်ပြန့်ပြန့်နှင့် အကျိုးများသော ဆွေးနွေးမှု၊ ထိတွေ့ဆက်ဆံခဲ့ရမှုအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း၊ ချစ်ခင်‌သောမိတ်ဆွေ ဒေါက်တာ သက်ဆင်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံရခြင်းကို ဝမ်းသာကြောင်း သူက ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သွား ရောက်တွေ့ဆုံမှု ခပ်စိတ်စိတ်ပြုလုပ်လာသည့် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများတွင်လေ့ကျင့်သင်ကြားမှုများပြုလုပ်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ သွားရောက်တွေ့ဆုံမှုများ ခပ်စိတ်စိတ်ပြုလုပ်လာခဲ့သည်။ ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ အင်းတိုင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများမှ သင်တန်းသားများအားသွားရောက်တွေ့ဆုံပြီး အမှာစကားများပြောကြားခဲ့သည်။ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းစစ်သည်တော်များနှင့် စစ်သည်တော်လောင်းများဖြစ်ရန် သင်တန်းတက်ရောက်နေသော သင်တန်းသားများအားလုံးသည် နိုင်ငံ့သားကောင်းရတနာများဖြစ်၍ မိမိကိုယ်ကို မိမိဂုဏ်ယူကြရမည်ဖြစ်ကာ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြား စစ်ပညာရပ်များကို စနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို စနစ်တကျအသုံးချသွားရမည်ဟု မှာကြားသည်။ " စစ်စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုက အရေးကြီးပါတယ်။ အမိန့်နာခံမှုရှိမှသာ အ ထက်ကပေးအပ်တဲ့ ရည်မှန်းချက်တာဝန်တွေကိုထမ်းဆောင်ရာမှာ...

နစက ဥက္ကဋ္ဌမှ သက်ကြီးစာပေပညာရှင်များပူဇာ်ကန်တော့ပွဲသို့ ငွေကျပ်သိန်း(၁၀၀)နှင့် ငွေကျပ် (၁၂၆)သိန်းတန်ဖိုးရှိ အဝတ်အထည်များလှူဒါန်း

ရန်ကုန်မြို့ရှိ ရန်ကုန်မြို့တော်ခန်းမ၌ မြန်မာနိုင်ငံစာရေးဆရာအသင်း၏ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၇)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအား ဒီဇင်ဘာ ၂၈ ရက်ကကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းတက်ရောက်ကန်တော့ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငွေကျပ်သိန်း(၁၀၀)နှင့် ငွေကျပ်(၁၂၆)သိန်းတန်ဖိုးရှိ အဝတ်အထည်များကိုလှူဒါန်းရာ နစက ဥက္ကဋ္ဌ ကိုယ်စား ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းမှ မြန်မာစာပေလောကသားတို့၏ စာဆိုတော်နေ့သည် သုတရသရေးရာအဖြာဖြာကိုရေးသားခဲ့ကြသည့် စာရေးဆရာကြီး၊ စာရေးဆရာမကြီး၊ စာပေပညာရှင်ကြီးများ အမြတ်တနိုးတန်ဖိုးထား ဂုဏ်ယူနေကြရသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့်တက်ရောက်လာကြသူများက ကန်တော့ခံသက်ကြီးစာပေပညာရှင် စာရေးဆရာကြီး...

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ် သုံးသပ်သွားမည်ဟု ဆလိုဗက်ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။ “ဇန်နဝါရီ ၁ ရက်နောက်ပိုင်းမှာ ယူကရိန်းအပေါ် တုန့် ပြန်မယ့်အစီအမံတွေနဲ့ အခြေအနေ တွေကို အကဲဖြတ်သွားမှာပါ” ဟု ဗီဒီယိုမိန့်ခွန်းတွင် ဖီကိုက ပြောဆိုခဲ့သည်။ ရှောင်လွှဲ၍မရပါက ဓါတ်အားစနစ် ချို့ယွင်းနေသောကာလအတွင်း ယူကရိန်းလိုအပ်နေသော ဓါတ်အားပေးဝေမှုကို ရပ်တန့်သွားမည်ဟု သူက ပြောဆိုခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071