Wednesday, January 22, 2025

၂၀၂၄ ခုနှစ်တွင် RCEP နိုင်ငံများနှင့်...

၂၀၂၄ ခုနှစ်တွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၃၄ ဒဿမ ၅၂...

လွိုင်ကော်တက္ကသိုလ်ပြုပြင်ရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကိုသုံးစွဲသွားမည်

လက်နက်ကိုင်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော လွိုင်ကော်တက္က သိုလ်မှအဆောက်အဦးများကိုပြန်လည်ပြုပြင်ရာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကိုသုံးစွဲသွားမည်ဟု နစက အတွင်းရေး မှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောသည်။ ၎င်းမှ ဇန်နဝါရီ ၂၁ ရက်နံနက်ပိုင်းက...

ထရမ့်ပ်ကျမ်းကျိန်ပြီးနာရီပိုင်းအတွင်းပူတင်နှင့်ရှီ အွန်လိုင်းမှဆွေးနွေး

အမေရိကန်၏ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အင်္ဂါနေ့(ဇန်နဝါရီလ ၂၁) က...

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန်...

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်ကြားပူးပေါင်းဆောင်ရွက်သင့်သည်များကို နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations...
HomeInternationalမလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်မှု...

မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရရှိရေး တကျော့ပြန် ကြိုးပမ်း

မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂ(အီးယူ) နှင့် စီးပွားရေးဆက်ဆံမှု ကို ခိုင်မာစေရန်အတွက် မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်(MEUFTA)အတွက် စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်သွားမည်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်ရုံးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယင်းသဘောတူညီချက်သည် အရေးပါသော ကဏ္ဍများအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို အားကောင်း ခိုင်မာစေပြီး မလေးရှားနိုင်ငံ၏ စီးပွားရေးကဏ္ဍများစွာတွင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိလာမည်ဟု မျှော်လင့်ထားကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ဇန်နဝါရီ ၁၉-၂၀ ရက် ဘယ်ဂျီယံနိုင်ငံ အလုပ်သဘောခရီးစဉ်အတွင်း ပူးတွဲ ကြေငြာချက်တွင် ဖော်ပြထား သည်။

လျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်များ၊ စားအုန်းဆီနှင့် ယင်း၏ ဆက်စပ်ပစ္စည်းများအပြင် အလင်းနှင့် သိပ္ပံဆိုင်ရာ ကိရိယာများကဲ့သို့သော ကဏ္ဍများမှ ပို့ကုန်များကို အီးယူဈေးကွက်နှင့် အခြားဈေးကွက်များသို့ တိုးမြှင့်တင်ပို့ရန် အသင့်ရှိနေသည်ဟု ကြေငြာချက်တွင် ဖေါ်ပြ ထားသည်။

ထို့အပြင် MEUFTA သည် အစိမ်းရောင်စွမ်းအင်နှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုကဲ့သို့သော ခေတ်မီနည်းပညာကဏ္ဍများတွင် အီးယူ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြင့်လာစေရန် အထောက်အကူဖြစ်လိမ့်မည်ဟုလည်း ဖော်ပြခဲ့သည်။

မလေးရှားနှင့် အီးယူအတွက် နှစ်ဖက်စလုံးအကျိုးရှိစေသော အခြေအနေကို အာမခံချက်ပေးကာ သက်ဆိုင်သူအားလုံးအတွက် ထင်သာမြင်သာသော အကျိုးခံစားခွင့်များ ပေးဆောင်သည့် မျှတပြည့်စုံသော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မလေးရှားအစိုးရက ကတိကဝတ်ပြုထားသည်ဟုလည်း ကြေငြာချက်တွင် ဖေါ်ပြထားသည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၄ ခုနှစ်တွင် RCEP နိုင်ငံများနှင့် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃၄ ဒဿမ ၅၂ ဘီလျံ ရှိခဲ့

၂၀၂၄ ခုနှစ်တွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၃၄ ဒဿမ ၅၂ ဘီလျံအထိရောက်ရှိခဲ့ကာ ၂၀၂၃ ခုနှစ်က ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂၉ ဒဿမ ၃၂ ဘီလျံထက် ၁၇ ဒဿမ ၇ ရာခိုင်နှုန်း ပိုခဲ့သည်ဟု တနင်္လာနေ့က တရားဝင်သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘောဒီးယားက အဖွဲ့ဝင် RCEP နိုင်ငံများသို့ ပို့ကုန်တင်ပို့ခဲ့မှု တန်ဖိုးသည် ၉ ဒဿမ ၀၆...

လွိုင်ကော်တက္ကသိုလ်ပြုပြင်ရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကိုသုံးစွဲသွားမည်

လက်နက်ကိုင်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော လွိုင်ကော်တက္က သိုလ်မှအဆောက်အဦးများကိုပြန်လည်ပြုပြင်ရာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကိုသုံးစွဲသွားမည်ဟု နစက အတွင်းရေး မှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောသည်။ ၎င်းမှ ဇန်နဝါရီ ၂၁ ရက်နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်တွင် လက်နက်ကိုင်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုကြောင့် အဆောက်အအုံများပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခဖြစ် ပွားမှုများကြောင့် ဘေးသင့်ခဲ့ရမှုများသည် သ ဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ သဘာဝဘေးအန္တရာယ်ဆိုသည့် သတ်မှတ်ချက်အတွင်းအကျုံးဝင်သည်ဟု ပြောသည်။ ထို့ကြောင့် လွိုင်ကော်တက္ကသိုလ်အတွင်း၌ လက်နက်ကိုင်အဖွဲ့များ၏ ဖျက်ဆီးမှုကြောင့်ပျက်စီးခဲ့ရမှုများအား ပြုပြင်တည်ဆောက်ရာတွင် အထူးကိစ္စရပ်အဖြစ်သတ်မှတ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကို သုံးစွဲဆောင်ရွက်သွားမည်ဟု ပြောသည်။ ထိုသို့ ဆောင်ရွက်ရာ၌ လုပ်ငန်းများအချိန်မီပြီး...

ထရမ့်ပ်ကျမ်းကျိန်ပြီးနာရီပိုင်းအတွင်းပူတင်နှင့်ရှီ အွန်လိုင်းမှဆွေးနွေး

အမေရိကန်၏ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အင်္ဂါနေ့(ဇန်နဝါရီလ ၂၁) က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗီဒီယိုမှတဆင့် ဆက်သွယ်စကားပြောခဲ့ပြီး ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်စေရေး အဆိုပြုခဲ့သည်။ ပူတင်သည် ရှီကို လက်ပြကာ သူ၏ ချစ်မိတ်ဆွေအဖြစ် နှုတ်ခွန်းဆက်ပြီး ရုရှား-တရုတ် ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဖေါ်ဆောင်ရေးဆိုင်ရာ အစီအစဉ်သစ်များကို အကြမ်းဖျဉ်းပြောကြားလိုကြောင်း ပြောခဲ့သည်။ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့သည့် ဗီဒီယိုဖိုင်ကို ခရမ်လင်က ထုတ်ပြန်ပေးခဲ့သည်။ “...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071