မလေးရှားနိုင်ငံကို အလုပ်လုပ်ရန်သွားမည့် မြန်မာနိုင်ငံသား ၁၀ ဦးနှင့် ထိုင်းယာဉ်မောင်း နှစ်ဦးတို့သည် ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာပြည်နယ် ချန်နာခရိုင်တွင် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးဌာန အဖွဲ့တစ်ဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့သည် စနေနေ့ညနေပိုင်းက ချန်နာခရိုင် လမ်းတစ်ခုပေါ်တွင် ယာဉ်နှစ်စီးကို သတင်းပေးချက်အရ စစ်ဆေးရှာဖွေမှုလုပ်ခဲ့သည်ဟု အမှတ် ၇ အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကြီး Chanokruadee Pongsiri က ပြောဆိုသည်။
ယင်းတွင် ထိုင်းနိုင်ငံသား ယာဉ်မောင်းနှစ်ဦးနှင့် မြန်မာနိုင်ငံသား ၁၀ ဦး(အမျိုးသား ၇ ဦး အမျိုးသမီး ၃ ဦး} တို့ကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ငံရန် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးရန်အတွက် ၎င်းတို့ကို ဘတ် ၂,၀၀၀ စီဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ထိုင်းယာဉ်မောင်းများက ထွက်ဆိုခဲ့သည်။
ရန်ကုန်မှ အများစုပါဝင်သော မြန်မာနိုင်ငံသားအားလုံးသည် ယခုအဖမ်းမခံရမီကတည်းက ခရီးသွားလာနေခဲ့သည်မှာ ၅ ရက်ကြာပြီဟု သိရကြောင်း ရဲမှူးကြီး Chanokruadee က ပြောသည်။ ၎င်းတို့အနေဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ပါက ယင်းတွင် ရှိနေသည့် မြန်မာပွဲစားကို တစ်ဦးလျှင် ဘတ် ၁၂၀,၀၀၀ ခန့်စီ ပေးရမည်ဖြစ်သည်ဟုလည်း သိရသည်။
Ref: ဘန်ကောက်ပို့စ်