ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ အမျိုးသမီး (၂)ဦး နေရာမှာပင် အသက်ဆုံးရှုံးခဲ့ရကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည(၆)နာရီ မိနစ်(၂၀)အချိန်ခန့်က မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းအရ ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် လင်းလက်လူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်တို-က်ခံရသူ အမျိုးသမီး (၂) ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရသောကြောင့် ရုပ်အလေ-ာင်းများအား ရန်ကုန်ဆေးရုံကြီးသို့ ဖြစ်စဉ်နေရာရှိ လူမှုကူညီရေးအသင်းတို့၏ အရေးပေါ်လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ အမျိုးသမီး (၂)ဦးအား အသက်ဆုံးရှုံးသည်အထိ တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။