မန္တလေးတိုင်း၊ မန္တလေးမြို့သို့ရောက်ရှိတော်မူနေသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ယနေ့ ဧပြီ ၂၁ ရက်က ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးမြို့ကျက် သရေဆောင် မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်မွန်းမံရန် အလှူငွေကျပ်သိန်း(၅၀၀)အား ဘုရားကြီးဂေါ ပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့သည်။
