Friday, November 15, 2024

မန္တလေး မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်များကို...

"ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက်ကျောပုံတော်များကို ပထမအကြိမ်အဖြစ် ဒါနပြုလှူဒါန်းသွားမည်ဖြစ်သည်။ အဆိုပါ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်သည် အမျိုးသမီးများဖူးမျှော်ခွင့်မရနိုင်သည့်နေရာဖြစ်ကာ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ရုပ်ပွားတော်မြတ်ကြီးဂေါပကအဖွဲ့ထံ အကူအညီတောင်း၍...

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု...

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး နိုင်ငံတကာ ဥပဒေများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု...

ထိုင်းရောက် အစ္စရေးနိုင်ငံသားများ သတိရှိရှိနေထိုင်ကြရန် တိုက်တွန်း

ထိုင်းနိုင်ငံရှိ အစ္စရေးနိုင်ငံသားအနေဖြင့် လာမည့်သောကြာနေ့တွင် ကျရောက်မည့် ကော့ဖငံ လပြည့်ပွဲတော်ကာလအတွင်း ပစ်မှတ်ထားခံရနိုင်သည့် သတင်းများထွက်ပေါ်နေမှုကြောင့် သတိရှိရှိ နေထိုင်ကြရန် အစ္စရေးအာဏာပိုင်များက အကြံပြုခဲ့သည်ဟု တိုင်မ်းစ်...

ရွှေတိဂုံစေတီတော်၌ (၃၆)ကြိမ်မြောက်မသိုး သင်္ကန်းရက်လုပ်ကပ်လှူပူဇော်နေမှုမြင်ကွင်းများ

ရွှေတိဂုံစေတီတော်၌ (၃၆)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲတွင် ဘာသာရေးအသင်းအဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း(၉)သင်းက ယှဉ်ပြိုင်ရက်လုပ်မည်ဖြစ်ပြီး ရရှိလာသည့်ပိတ်သားပြင်အား အထည် အလိပ်ဆိုင်ရာပညာရှင်များက စစ်ဆေးအမှတ် ပေးကာ ဆုအဆင့်ခွဲခြားသတ်မှတ်၍ ယနေ့ နိုဝင်ဘာ...
HomeNewsLocal Newsမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဒုတိယအကြိမ်...

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၌ နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ ရက် ကန်းစင်တော်(၁၅)ခုရက်လုပ်နေ

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်တော်ဝ တ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ဒုတိ ယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲအား နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းကကျင်းပရာ ရက်ကန်းစင်တော်(၁၅)ခုက ရက်လုပ်လျက်ရှိသည်။

အဆိုပါ ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲဖွင့်ပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာရွှေမောင်းကို တီးခတ်အချက် ပေးရာ ရက်ကန်းအဖွဲ့(၁၅)ဖွဲ့မှ သက်ဆိုင်ရာ ရက်ကန်းစင်တော်များ၌ မသိုးရွှေကြာသင်္ကန်းတော်များကို စတင်ရက်လုပ်ရာ တက်ရောက်လာကြသူများက မီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများကိုတစ်ပြိုင်နက်လွှတ်တင်ခဲ့ကြသည်။

ထို့အတူ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ရက် ကန်းစင်တော်များတွင် မသိုးရွှေကြာသင်္ကန်းရက် လုပ်နေမှုများကို ရက်ကန်းစင်တော်တစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ စိန် နားပန်မီးပုံးပျံများနှင့်ညမီးကျည်(ညမီးကြီး) မီး ပုံပျံများလွှတ်တင်မှုများကို ကြည့်ရှုခဲ့ကြသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥ ယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်အား နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ဖျော်ဖြေပွဲများ၊ မီးရှူးမီးပန်းများပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများလွှတ်တင်ပူဇော်ခြင်းတို့အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားကာ အသေးစား၊ အငယ်စားနှင့်အ လတ်စားစီးပွားရေး(MSME)လုပ်ငန်းများ၏ ဒေ သထွက်ကုန်၊ ဒေသထွက်မြန်မာ့ရိုးရာစား သောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက်မုန့်ဆိုင်ခန်းများခင်းကျင်းပြသရောင်းချမှုများနှင့်အတူ စည်ကားသိုက် မြိုက်စွာကျင်းပလျက်ရှိသည်။

Get notified whenever we post something new!

spot_img

Create a website from scratch

Just drag and drop elements in a page to get started with Newspaper Theme.

Continue reading

မန္တလေး မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်များကို ပထမအကြိမ်အဖြစ် ဒါနပြုလှူဒါန်းမည်

"ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက်ကျောပုံတော်များကို ပထမအကြိမ်အဖြစ် ဒါနပြုလှူဒါန်းသွားမည်ဖြစ်သည်။ အဆိုပါ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်သည် အမျိုးသမီးများဖူးမျှော်ခွင့်မရနိုင်သည့်နေရာဖြစ်ကာ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ရုပ်ပွားတော်မြတ်ကြီးဂေါပကအဖွဲ့ထံ အကူအညီတောင်း၍ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ " မဟာမြတ်မုနိရုပ်ပွားတော်ရဲ့နောက်ကျောတော်ကို မြတ်စွာဘုရားရှင်က လက်တော်နဲ့သပ်ပြီးရင်ငွေ့လှုံပေးခဲ့တယ်လို့ ဆိုရိုးစကားကြားဘူးခဲ့တယ်။ အဲဒီ နောက်ကျောတော်နေရာက အမျိုးသမီးတွေဖူးမျှော်ခွင့်မရနိုင်တဲ့နေရာပါ။ အခုက ပထမအကြိမ်လှူဒါန်းတာဖြစ်တဲ့အတွက် အဝေးရောက် ဓမ္မမိတ်ဆွေတွေကိုလှူဒါန်းပေးနိုင်ခြင်းတော့မရှိသေးပါဘူး"ဟု ထိုက်သူပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်ကပြောသည်။ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ရိုက်ကူးရရှိခဲ့သည့် မဟာမြတ်မုနိရုပ်ပွားတော်၏ နောက်ကျောပုံတော်(၁၀၀)အား နေပြည်တော်တွင် နေ့စဥ် နံနက်/ညနေ ကျွေးမွေးလှူဒါန်းလျက်ရှိသည့် "ထိုက်သူပန်"အာဟာရဒါနအလှူနေရာသို့ လာရောက်သူများနှင့် "ထိုက်သူပန်"တိုင်းရင်းဆေးကိုယ်စားလှယ်များကို လှူဒါန်းပေးသွားမည်ဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု တားဆီးကာကွယ်ရေး နှစ်နိုင်ငံဆွေးနွေး

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး နိုင်ငံတကာ ဥပဒေများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက ပြောကြားလိုက်သည်။ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ(၁၃)ရက်က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၉) ရက်က ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့်...

ထိုင်းရောက် အစ္စရေးနိုင်ငံသားများ သတိရှိရှိနေထိုင်ကြရန် တိုက်တွန်း

ထိုင်းနိုင်ငံရှိ အစ္စရေးနိုင်ငံသားအနေဖြင့် လာမည့်သောကြာနေ့တွင် ကျရောက်မည့် ကော့ဖငံ လပြည့်ပွဲတော်ကာလအတွင်း ပစ်မှတ်ထားခံရနိုင်သည့် သတင်းများထွက်ပေါ်နေမှုကြောင့် သတိရှိရှိ နေထိုင်ကြရန် အစ္စရေးအာဏာပိုင်များက အကြံပြုခဲ့သည်ဟု တိုင်မ်းစ် အော့ဖ်ဖ့်အစ္စရေး သတင်းဌာနက သတင်းဖော်ပြသည်။ နိုင်ငံတွင်းရှိ အစ္စရေးနိုင်ငံသားများကို အကြမ်းဖက်တိုက်ခိုက်နိုင်သည့် အကြံအစည်အတွက် စိုးရိမ်ရသည်ဟု ထိုင်းရဲတပ်ဖွဲ့၏ ဌာနတွင်း သတိပေး စာရွက်စာတမ်းများ အစီရင်ခံချက်ထွက်ပေါ်လာပြီးနောက် မော့ဆက်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့က သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အထူးအားဖြင့် နာမည်ကျော်ကြားသော လအလိုက်ပွဲတော်တစ်ခုဖြစ်သည့် လပြည့်ပွဲတော်အခမ်းအနားကို အဓိက သတိပေးခြင်းဖြစ်သည်ဟု ဟီဘရူးဘာသာစကားသုံးသတင်းစာ Yedioth Ahronoth ၏ အွန်လိုင်းဌာန Ynet...

Enjoy exclusive access to all of our content

Get an online subscription and you can unlock any article you come across.