မြန်မာနိုင်ငံသည် အခွင့်အလမ်းများရှိလျက်နှင့်ဖွံ့ ဖြိုးတိုးတက်မှုနောက်ကျနေရခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယမန်နေ့ မတ် ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန် ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ အစိုးရအဆက်ဆက်က ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်ခဲ့သော်လည်း ပြည်တွင်းရေးအခြေအနေများထက် ပြည်ပမှအားပေးလှုံ့ဆော်ပါဝင်စွက်ဖက်မှုများကြောင့် လက်နက်ကိုင်ပဋိပက္ခသည် မငြိမ်းနိုင်သည့်မီးတောက်များကဲ့သို့ ယခုထိရှိနေဆဲဖြစ်သည်ဟု ပြောသည်။
ယင်း အဖြစ်အပျက်များကြောင့် မြန်မာနိုင်ငံသည် အခွင့်အလမ်းများရှိလျက်နှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသဖြင့် အဆိုပါ စိန်ခေါ်မှုများကို အခွင့်အလမ်းများ၊ အရာရောက်မှုများအဖြစ်ပြောင်းလဲပစ်နိုင်ပြီး ၎င်းသည် မိမိနိုင်ငံ၊ မိမိပြည်သူကိုချစ်သည့်စိတ်၊ မြန်မာစိတ်မွေးမြူပြီး စုစည်းညီညွတ်သည့် အင်အားတည်ဆောက်နိုင်ရမည်ဖြစ်ကာ မိမိတို့ စုစည်းညီညွတ်မှုမရှိသမျှ မည်သည့် စီးပွားရေးစနစ်မျှအောင်မြင်မည်မဟုတ်သည့်အပြင် မည်သည့်နိုင်ငံရေးစနစ်မျှ ခိုင်ခိုင်မာမာ ဦးဆောင်နိုင်မည်မ ဟုတ်ဘဲ မည်သည့်လူမှုရေးစနစ်မျှ သာယာဝပြော စိတ်ချမ်းသာမှုကို ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်ဟု ပြောသည်။
” တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်ပကရင်းနှီးမြှုပ် နှံမှုတွေဝင်ရောက်လာမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းတွေအတွက် အာမခံချက်တွေပေးနိုင်ဖို့လိုပါတယ်။ ဒါမှသာ နိုင်ငံရဲ့ GDP ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံရဲ့စီးပွားရေးကဏ္ဍလည်းဖွံ့ဖိုးတိုးတက်လာမှာဖြစ်ပါတယ်။ မိမိအနေနဲ့ ပြည်သူတွေလိုလားပြီး နိုင်ငံရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လှမ်းနိုင်ရေးကြိုးပမ်း ဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြော သည်။
ထို့ပြင် တိုင်းရင်းသားများ၏ ဆန္ဒများကိုလည်း ဥပ ဒေနှင့်အညီ လုပ်သင့်လုပ်ထိုက်သည်များကိုဆောင် ရွက်ပေးသွားမည်ဖြစ်ကာ မြန်မာနိုင်ငံသည် မတူကွဲ ပြားသည့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားတွင်ရှိနေ ရာ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် အခွင့်အလမ်းများရှိသ ကဲ့သို့ စိန်ခေါ်မှုများလည်းရှိရာ ယင်း စိန်ခေါ်မှုများကို နည်းလမ်းပေါင်းစုံနှင့်ကျော်လွှားပြီး နိုင်ငံတိုး တက်ရေးကိုဆောင်ရွက်သွားကြရမည်ဖြစ်ကာ မြန် မာနိုင်ငံသားများအနေဖြင့် ယနေ့မှစ၍ “ မြန်မာ့အ နာဂတ် ဘဝလှပဖို့- မြန်မာ့ တန်ဖိုးမြှင့်ကြစို့”ဟု လေးနက်စွာတိုက်တွန်းပြောကြားလိုသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။