မိမိအားဆန့်ကျင်ဆန္ဒပြခြင်းသည် ၎င်းတို့အား ပိုမိုထိခိုက်နစ်နာစေသည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်မှ ဆန္ဒပြမြန်မာများအားပြောကြား
ဝါရှင်တန်၊မေ ၁၂
ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာ့ငြိမ်းချမ်းရေးအတွက်အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါစကားပြောရန် စီစဉ်နေသည်ကို မြန်မာအချို့ကဆန္ဒပြဖို့ စီစဥ်နေကြသည့်အပေါ်သူက ၎င်းတို့၏တိုင်းပြည်အား၎င်းတို့ကိုယ်တိုင်ဖျက်ဆီးကာ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေသလိုဖြစ်နေပြီဟု တုန့်ပြန်လိုက်သည်သည်။
အဆိုပါမှတ်ချက်အား အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီသို့ ဟွန်ဆန်ရောက်ရှိခိုက် အမေရိကန်နှင့်ကနေဒါရှိ ကမ္ဘောဒီးယားပြည်သူ ၂၀၀၀ ကျော်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံဥက္ကဌ ဖြစ်သည့်ဟွန်ဆန်အား အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ တွေ့ဆုံပြီးအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုဖို့ တိုက်တွန်းပေးရန် မေတ္တာရပ်ခံတောင်းဆိုထားခဲ့သည်။
ထို့ကြောင့် မိမိအားဆန့်ကျင်ဆန္ဒပြနေသူမြန်မာပြည်သူများအား ယင်းသို့မပြုမူရန် မိမိအနေဖြင့်ပန်ကြားလိုကြောင်းပြောဆိုခဲ့သည်။
သို့မဟုတ်ပါက ၎င်းတို့သည်မိမိတို့၏တိုင်းပြည်ကိုမိမိဘာသာဖျက်ဆီးကာပြည်သူများအားသတ်ဖြတ်နေခြင်းမျိုးဖြစ်လိမ့်မည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်ကဆိုခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့်ငြိမ်ချမ်းရေးဆွေးနွေးရန်စီစဉ်ခဲ့သော်လည်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှ အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ သက်ဆိုင်သူအားလုံးပါဝင်နိုင်သည့်အချိန်မှသာတက်ရောက်နိုင်မည်ဟုပြောပြီး ငြင်းဆိုထားကြကြောင်းလည်း ပြောခဲ့သည်။
Source – KhmerTimes