လတ်တလောဖြစ်ပွားလျက်ရှိသည့် မိုဘိုင်းငွေ ကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု၍ လိ-မ်လည်မှုများဖြစ်ပေါ်နေသဖြင့် လိ-မ်လည်သူများကိုထိရောက်စွာအရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်က ယနေ့ ဒီဇင်ဘာ ၃၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
မသမာသူများသည် မသိနားမလည်သူများအား ဆွဲဆောင်စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဖြင့် လိ-မ်လည်လှည့်ဖြားမှုနည်းလမ်းအမျိုးမျိုးကို အ သုံးပြုကာ မိုဘိုင်းငွေကြေးသုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူစုဆောင်းခြင်း၊ OTP နံပတ်များ၊ လုံခြုံရေးနံပါတ်(Password)များအား နည်းလမ်းအမျိုးမျိုးဖြင့်ရယူခြင်း၊ ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင် လုပ်ငန်းများ၊ ၎င်းတို့နှင့်ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများမှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူများ၏ စနစ်အားနည်းပညာဖြင့်ဖောက်ထွင်းယူခြင်းများပြုလုပ်ပြီး မိုဘိုင်းငွေကြေးသုံးစွဲသူ များ၏ မိုဘိုင်းငွေကြေးများကိုဖောက်ထွင်းရယူ ၍ လိ-မ်လည်မှုများပြုလုပ်လာကြသည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။
ထို့ကြောင့် ဗဟိုဘဏ်၏ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီမှစောင့်ကြည့်ထိန်းကျောင်းခြင်းများပြုလုပ်လျက်ရှိကာ မိုဘိုင်းငွေပေးချေမှုလုပ်ငန်းများအား အသုံးပြု၍လိ-မ်လည်မှုဖြစ်ပွားပါက လိ-မ်လည်ခံရသူများတိုင်ကြားနိုင်ရေး စံလုပ်ငန်းစဉ်(SOP)ကိုလည်း ထုတ်ပြန်ပေးထားသည်ဟု အသိပေးခဲ့သည်။
ထို့ပြင် မိုဘိုင်းငွေကြေးသုံးစွဲသူ၏ မှားယွင်းမှုနှင့်ဆောင်ရွက်ချက်တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ OTP နံပါတ်များ၊ လုံခြုံရေးနံပါတ်(Password) များနှင့် ကိုယ်ရေးအချက်အလက်များအား အခြားနည်းလမ်းဖြင့်ရရှိဖြစ်ပွားသည့် လိ-မ်လည်မှုဖြစ်စဉ်များကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်ပါက သုံးစွဲသူများဆုံးရှုံးမှုမရှိစေရန် တာဝန်ရှိသူများက ပူးပေါင်းစိစစ်ဖော်ထုတ်လျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့အတူ လိ-မ်လည်မှုဆောင်ရွက်နေသည့် လူပု ဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ပူးပေါင်းစိစစ်ဖော် ထုတ်၍ ရည်ရွယ်ချက်ရှိရှိဖြင့်ဆောင်ရွက်လျက်ရှိသော လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများအား ထိထိရောက်ရောက်အရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟုလည်း အသိပေးခဲ့သည်။
ထို့ကြောင့် မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် ဗဟိုဘဏ်ကခွင့်ပြုထားသည့် မိုဘိုင်းငွေကြေးလုပ်ငန်းများကိုသာ အသုံးပြုကြရန်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိမှတ်ပြုမှတ်ပုံတင်ထားသည့် SIM Card များကိုသာ အသုံးပြုကြရန်၊ မိမိ၏ကိုယ်ရေးအချက်အလက်များအား လုံခြုံစွာသိမ်းဆည်းထားရန် ဗဟိုဘဏ်ကအသိပေးခဲ့သည်။
ထို့အတူ အများပြည်သူကြည့်ရှုနိုင်သည့်နေရာများတွင်ဖော်ပြခြင်းမပြုရန်၊ မိမိ၏ OTP Code နှင့်လုံခြုံရေးနံပတ်(Password)များအား အခြားသူများသို့ မျှဝေခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန်၊ မသမာသူများမှ မိမိ၏ကိုယ်ရေးအချက်အလက်များအား ရယူရန်ရည်ရွယ်ချက်ဖြင့် စည်းရုံးခြင်း ၊ လင့်(Link)များပေးပို့ခြင်း၊ Mobile Application များအား Download ဆွဲယူခြင်း၊ ဝင်ရောက်ခြင်း၊ Access ပေးခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ရန်၊ လိ-မ်လည်မှုဖြစ်ပွားပါက သက်ဆိုင်ရာဘဏ်(သို့) မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ၏ (Call Centre)သို့ အမြန်ဆုံးဆက်သွယ်ဆောင် ရွက်ရန်လည်း ဗဟိုဘဏ်ကသတိပေးခဲ့သည်။