Friday, November 15, 2024

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများကိုဆွေးနွေး

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများနှင့်ပတ်သက်၍ နစက ၏ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov...

မုန်တိုင်းမပြတ်ဖြစ်နေသော ဖိလစ်ပိုင်ကို စူပါတိုက်ဖွန်း ထပ်ဝင်မည်

စူပါတိုက်ဖွန်း အူဆာဂီ မဝင်ရောက်မီ နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့များတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများဆောင်ရွက်ရန် ဖိလစ်ပိုင်အာဏာပိုင်များက ကြာသပတေးနေ့(နိုဝင်ဘာ ၁၄) တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းမပြတ်ဖြစ်နေသော...

တာချီလိတ်မြို့တွင် ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ(၄)ဦးကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ အမျိုးသား(၄)ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း...

ဖယောင်းတိုင်ဖြင့်ဘုရားမီးပူဇော်ရာမှ ၂ ထပ်လိုင်းခန်းမီးလောင်မှု တာချီလိတ်မြို့နယ်တွင်ဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က ဖယောင်းတိုင်ဖြင့်ဘုရားမီးပူဇော်ရာမှ ၂ ထပ်လိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း...
HomeNewsLocal Newsမိုဘိုင်းဖုန်းဖြင့် လိ-မ်လည်မှုဖြစ်စဉ်များကို ကြပ်မတ်ထိန်းကျောင်းနိုင်ရန်...

မိုဘိုင်းဖုန်းဖြင့် လိ-မ်လည်မှုဖြစ်စဉ်များကို ကြပ်မတ်ထိန်းကျောင်းနိုင်ရန် မူဝါဒများချမှတ်သွားမည်ဟုဆို

နည်းပညာအသုံးပြု၍ မိုဘိုင်းဖုန်းဖြင့် ငွေကြေးလိ-မ်လည်မှုဖြစ်စဉ်များကို ကြပ်မတ်ထိန်းကျောင်းနိုင်ရန် မူဝါဒများချမှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကပြောသည်။

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြု၍ ငွေကြေးလိ-မ်လည်မှုဖြစ်စဉ် (Fraud Case) များဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ကာကွယ်နိုင်ရန် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီအစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်ငွေပေးချေမှုအပေါ် ယုံကြည်မှု မပျက်ပြားစေရေးအတွက် ငွေကြေးလိ-မ်လည်မှုများနှင့်ပတ်သက်၍ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာ အားကောင်းလာသည်နှင့်အမျှ နည်းပညာ အသုံးပြု၍ လိ-မ်လည်မှုပုံစံများသည် OTP၊ SMS များကို Hack ၍ Application အတုများ၊ Link အတုများ ပေါ်ပေါက်လာပြီး Payment Link များနှင့် ချိတ်ဆက် ဆောင်ရွက်၍ ငွေကြေးလိ-မ်လည်မှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဖြစ်ပေါ်ခဲ့သည့် လိ-မ်လည်မှုဖြစ်စဉ်များကို သုံးသပ်ပြီး ကြပ်မတ်ထိန်းကျောင်းနိုင်ရေးအတွက် မူဝါဒများချမှတ်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဌက ပြောကြားခဲ့သည်။

ထို့နောက် ဘဏ်များက ၎င်းတို့ကြုံတွေ့ရသော ငွေကြေးလိ-မ်လည်မှုဖြစ်စဉ်များ စိစစ်တွေ့ရှိချက်နှင့် တွေ့ကြုံနေရသည့်အခက်အခဲများကို တင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ကော်မတီအဖွဲ့ဝင်များက လုံခြုံမှုကျိုးပေါက်နိုင်သည့်အချက်များ၊ အသိပညာပေးမှုအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ ငွေရေးကြေးရေးကဏ္ဍနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operators) နှင့် FinTech Service ဝန်ဆောင်မှုပေးသူများအနေဖြင့် ငွေကြေးလိ-မ်လည်မှုများကို ကာကွယ်ဖော်ထုတ်နိုင်ရေး၊ ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်နိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက လိ-မ်လည်မှုဖြစ်စဉ်များတွင် အဆင့်မြင့်နည်းပညာ အသုံးပြုလာကြသည်ကို တွေ့ရှိရသဖြင့် မူဝါဒပိုင်းဆိုင်ရာနှင့် ကြီးကြပ်ကွပ်ကဲမှုပိုင်းဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအနေဖြင့် လက်ရှိလုံခြုံရေးစနစ်များအား ပြန်လည်စိစစ်သုံးသပ်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Get notified whenever we post something new!

spot_img

Create a website from scratch

Just drag and drop elements in a page to get started with Newspaper Theme.

Continue reading

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများကိုဆွေးနွေး

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများနှင့်ပတ်သက်၍ နစက ၏ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒု-ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်တို့ ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲတို့သည် နိုဝင်ဘာ ၁၄ ရက်နေ့လည်ပိုင်းက တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံကြား လေကြောင်းခရီးသွားလာမှုနှင့် ပြည်သူအချင်းချင်းဆက်ဆံမှုတိုးမြှင့်ရေး၊ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊...

မုန်တိုင်းမပြတ်ဖြစ်နေသော ဖိလစ်ပိုင်ကို စူပါတိုက်ဖွန်း ထပ်ဝင်မည်

စူပါတိုက်ဖွန်း အူဆာဂီ မဝင်ရောက်မီ နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့များတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများဆောင်ရွက်ရန် ဖိလစ်ပိုင်အာဏာပိုင်များက ကြာသပတေးနေ့(နိုဝင်ဘာ ၁၄) တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းမပြတ်ဖြစ်နေသော နိုင်ငံတွင် တစ်လအတွင်း ပဉ္စမမြောက်မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်နေရခြင်းဖြစ်သကဲ့သို့ ယခုသီတင်းပတ်အနှောင်းပိုင်းတွင်လည်း ဆဋ္ဌမမြောက်မုန်တိုင်း ထပ်ဝင်ရန် ရှိနေသည်ဟု သိရသည်။ ယခင်တိုက်ဖွန်းများကြောင့် ၎င်းတို့မြို့များရေမြုပ်ခဲ့ဖြင့် ရေဘေးရှောင်ခဲ့ရသူများအပါအဝင် ကာဂါယန်ပြည်နယ်တွင် လူပေါင်း ၂၄,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည်ဟု အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များက ဖော်ပြသည်။ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဟုလည်း သိရသည်။ ဒေသတွင်း၌ အိုဖဲလ်ဟု သိကြသည့်...

တာချီလိတ်မြို့တွင် ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ(၄)ဦးကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ အမျိုးသား(၄)ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ် ချုပ်လမ်းမဘေးတွင်ဖွင့်လှစ်ထားသော First Rate Mobile ဖုန်းဆိုင်အတွင်းသို့ အမျိုးသား(၄) ဦးမှ သေနတ်များကိုင်ဆောင်၍ဝင်ရောက်လာပြီးနောက် ဆိုင်ဝန်ထမ်းများအား ကြမ်းပြင်ပေါ်တွင်မှောက်ခိုင်းပြီးနောက် ဆိုင်နောက်ခန်း၌ ဖုန်းပြင်နေသော ဆိုင်ဝန်ထမ်း ကိုဟိန်းမြတ်သူ(၂၁) နှစ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်ပြီးနောက် ဆိုင်အတွင်းရှိ ငွေကျပ် (၁၁၂၁)သိန်းခန့်တန်ဖိုးရှိ...

Enjoy exclusive access to all of our content

Get an online subscription and you can unlock any article you come across.