Saturday, January 11, 2025

ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တက်မည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာသည် ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်မည့် ဒေါ်နယ်ထရမ့်ပ်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက သောကြာနေ့တွင်...

ထရမ့်ပ်နှင့် ဆွေးနွေးရန် အသင့်ရှိဟုဂရင်းလန်းဝန်ကြီးချုပ်ဆို

အာတိတ်ကျွန်းကို ရယူထိန်းချုပ်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည့် အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်နှင့် ပြောဆိုဆွေးနွေးရန် သူ အသင့်ရှိကြောင်း ဂရင်းလန်းဝန်ကြီးချုပ် Mute Egede က သောကြာနေ့တွင် ပြောဆိုလိုက်ပြီး...

စစ်ကိုင်းမြို့တွင် APTERR ဆိုင်ရာ(၃)အစီအစဉ်ဖြင့် အရန်ဆန်ရိက္ခာများ...

စစ်ကိုင်းခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာများအတွက် ASEAN+3 (APTERR)အစီအစဉ်ဖြင့် လှူဒါန်းသောအရေးပေါ်ဆန် အရန်ရိက္ခာများကို ဇန်နဝါရီလ (၁၀)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြတ်ဇေယျာခန်းမတွင် ပေးအပ်ခဲ့သည်။ "APTERR...

ကယ်လီဖိုးနီးယားတောမီး ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာ

လော့စ်ဆန်းဂျလိစ်တွင် လောင်ကျွမ်းလျက်ရှိသော တောမီး၏ ကျန်းမာရေး အပေါ် အကျိုးသက်ရောက်မှုကို ဖြေရှင်းရန်အတွက် အမေရိကန်ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုဌာန(HHS) က ဇန်နဝါရီ ၁၀ ရက်တွင်...
HomeNewsLocal Newsမီးပျက်ချိန်များသော်လည်း မီးလောင်မှုအဖြစ်များနေသည့်အတွက် မီးဘေးအန္တရာယ်...

မီးပျက်ချိန်များသော်လည်း မီးလောင်မှုအဖြစ်များနေသည့်အတွက် မီးဘေးအန္တရာယ် အထူးသတိပြုနေထိုင်ကြရန် လိုအပ်

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာရာ မီးဘေးအန္တရာယ် အထူးဂရုစိုက်ကာ သတိပြုနေထိုင်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့နေထိုင်သူများက သုံးသပ်ပြောဆိုနေကြသည်။

ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ယခုလဆန်းပိုင်းမှစတင်ကာ ပုံမှန်ထက်အချိန်လျှော့ကာ မီးအလှည့်ကျပေးနေရပြီး နိုင်ငံတစ်ဝန်း မီးပျက်ချိန် များနေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ မီးပျက်ချိန်များနေသည့်အတွက် လျှပ်စစ်နှင့် ပတ်သက်၍ သတိလက်လွတ်အသုံးပြုမှုများကြောင့် မီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပေါ်ကြရသည်ကို လေ့လာတွေ့ရှိရသည်။

ယခုရက်ပိုင်းများတွင် ရန်ကုန်နှင့် မန္တလေးအပါအဝင် ဒေသအချို့တွင် နေ့စဉ် ရက်ဆက်ဆိုသလို မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေပြီး အချို့ဖြစ်စဉ်များတွင် လူထိခိုက်‌ေ-သဆုံးမှုများပါ ရှိနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၇) ရက် နံနက်အစောပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ အမှတ် (၅/၈)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းရှိ လူနေအဆောင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အသက် (၃ ၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူဦးရေ (၁၅၃)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်ကို တွေ့ရသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီ (၁၀) ရက် ညနေပိုင်းကလည်း မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ် ၊ လမ်း (၃၀) ၊ (၆၈) လမ်းနှင့် (၆၉) လမ်းတွင် Level 1 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူနေလိုင်းခန်း (၈) ခန်း မီးလောင်ဆုံးရှုံးခဲ့ရသည်ကို တွေ့ရသည်။

“အခုက ရာသီဥတုအခြေနေက တစ်ကြောင်း မီးပျက်/ မီးလာချိန်တွေမှာ မီးသတိမပြုမိမှုတွေက တစ်ကြောင်း မီးလောင်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာနေတာ မီးဘေးအန္တရာယ်ကို အထူးသတိပြုဖို့ လိုအပ်လာနေပြီ အိုးမဲ့ အိမ်မဲ့ ဖြစ်နေတာတွေအပြင် လူ့အသက်ဆုံးရှုံးလာတာတွေပါရှိလာနေတော့ သတိထားဖို့ လိုအပ်လာနေပါပြီ”ဟု ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ယမန်နေ့ ဇန်နဝါရီ (၁၀)ရက် နံနက်ပိုင်း အချိန်တွင်ပင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တို့တွင် မီးလောင်မှု (၂)ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဇန်နဝါရီ (၁၀)ရက်၊ နံနက် (၇)နာရီ (၁၆)မိနစ်အချိန်ခန့်ကမင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းတွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် (၇)နာရီ (၂၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ (၉) ရက်၊ ည (၈) နာရီ၊ (၂၅) မိနစ်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် (၂ ) လမ်းတွင် မီးလောင်မှု ဖြစ်ပွား၍ မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)မှအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပြီး ည (၈) နာရီ (၂၈) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ (၁၀) ရက်၊ နံနက် (၁၁)နာရီခွဲအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ ကေတုမတီလ မ်းတွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရန်ကုန်နာရေးကူညီမှုအသင်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် (၁၁)နာရီ မိနစ် (၄၀)အချိန်တွ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်စဉ်များသည် အကြောင်းအမျိုးမျိုး ရှိနေသော်လည်း ယခုကာလအတွင်း၌ လျှပ်စစ်မီးပြတ်တောက်ပြီး ပြန်လာချိန်များတွင် ပေါ့ဆမှုကြောင့်လည်း လောင်ကျွမ်းမှုများရှိကြောင်း မီးသတ်ဦးစီးဝန်ထမ်းတစ်ဦးကပြောသည်။

“မီးမလာတဲ့အချိန် ခလုတ်တွေဖွင့်ထားမိတယ်။ မီးလာတော့ အဲဒါကအကြာကြီးဖြစ်ပြီး လောင်တယ်၊ ပြီးတော့ ကွာလတီ မမီတော့တဲ့ ဝိုင်ယာကြိုးတွေ အပူချိန်လွန်ကဲပြီးလောင်တယ်။ မီးလာတဲ့အချိန်မှာ အကုန်ပြုံပြီး ဝိုင်းသုံးကြတော့ (over load)ဖြစ်ပြီးလောင်တယ်” ဟု သူက ရှင်းပြသည်။

ယခုနှစ် ဇန်နဝါရီ (၁) ရက်မှ (၈) ရက်အထိ ရန်ကုန်တွင် မီးလောင်မှုဖြစ်စဉ် (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး အများစုသည် ဝါယာရှော့ကြောင့်ဖြစ်ကြောင်းလည်း သိရသည်။

မီးသတ်ဌာနက ဖော်ပြထားသည့် စာရင်းများအရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် မီးလောင်မှုဖြစ်စဉ် (၃၈) မှုဖြစ်ပွားခဲ့ပြီး ရန်ကုန်တွင် (၁၈) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တက်မည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာသည် ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်မည့် ဒေါ်နယ်ထရမ့်ပ်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက သောကြာနေ့တွင် ဖေါ်ပြလိုက်သည်။ အာရှနိုင်ငံသည် ၎င်း၏ အရေးပါဆုံး မဟာမိတ်နိုင်ငံ၏ နောက်တက်မည့်အစိုးရအဖွဲ့နှင့် ဆက်ဆံရေးတည်ဆောက်ရန် အ‌လောသုံးဆယ် ဆောင်ရွက်နေခြင်းဖြစ်သည်။ အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ကျမ်း သစ္စာကျိန်ဆိုပြီးနောက်တွင် ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာနှင့် ထရမ့်ပ်တို့အကြား ဆွေးနွေးမှုများအတွက် အုတ်မြစ်ခင်းရန် ရည်ရွယ်သော ခရီးစဉ်ဖြစ်သည်။ ဂျပန်အစိုးရသည် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် ဖိတ်ကြားချက်ကို လက်ခံရရှိထားသည်ဟု သတင်းရင်းမြစ်က...

ထရမ့်ပ်နှင့် ဆွေးနွေးရန် အသင့်ရှိဟုဂရင်းလန်းဝန်ကြီးချုပ်ဆို

အာတိတ်ကျွန်းကို ရယူထိန်းချုပ်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည့် အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်နှင့် ပြောဆိုဆွေးနွေးရန် သူ အသင့်ရှိကြောင်း ဂရင်းလန်းဝန်ကြီးချုပ် Mute Egede က သောကြာနေ့တွင် ပြောဆိုလိုက်ပြီး ကျွန်းဒေသ၏ လွတ်လပ်လို‌သောဆန္ဒများကို လေးစားရန် တိုက်တွန်းခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်တွင် ရာထူးတာဝန်ထမ်းဆောင်မည့် ထရမ့်ပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်စိတ်တစ်ပိုင်းရ ဒိန်းမတ်ပိုင်နက် ဖြစ်သော ကျွန်းကို အမေရိက,က ထိန်းချုပ်နိုင်ရေးသည် မရှိမဖြစ်လိုအပ်သည်ဟု ပြောဆိုခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ သူ့အနေဖြင့် ဒိန်းမတ်နိုင်ငံကို အခွန်းစည်းကြပ်မှုများအပါအဝင် စစ်ရေး၊ စီးပွားရေးအရ ဖိအားပေးလာနိုင်ခြေကို ပယ်ချမည်မဟုတ်ဟုလည်း ဆိုထားသည်။ ကိုပင်ဟေဂင်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်...

စစ်ကိုင်းမြို့တွင် APTERR ဆိုင်ရာ(၃)အစီအစဉ်ဖြင့် အရန်ဆန်ရိက္ခာများ ပေးအပ်

စစ်ကိုင်းခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာများအတွက် ASEAN+3 (APTERR)အစီအစဉ်ဖြင့် လှူဒါန်းသောအရေးပေါ်ဆန် အရန်ရိက္ခာများကို ဇန်နဝါရီလ (၁၀)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြတ်ဇေယျာခန်းမတွင် ပေးအပ်ခဲ့သည်။ "APTERR အစီအစဉ် ကို အရေးပေါ်သတ်မှတ်ချက်အဆင့် (၃)ဆင့်နဲ့ဆောင်ရွက်လျက်ရှိပါတယ်။ အဆင့်(၁)အနေနဲ့  သတ်မှတ်ထားတဲ့ ဆန်တွေကို စီးပွားရေးနည်းလမ်းနဲ့ ဖြန့်ဝေတာ၊ အဆင့်(၂)အနေနဲ့ သတ်မှတ်ထားတဲ့ ဆန်တွေကို ကာလရှည်ချေးငွေအကူအညီနဲ့ ဖြန့်ဝေတာ၊ အဆင့်(၃)အနေ နဲ့ သိုလှောင်ဆန်တွေကို အကူအညီနဲ့  ဖြန့်ဝေတာတွေဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေအနေနဲ့လည်း ASEAN+3 အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR)အစီအစဉ်နဲ့ လှူဒါန်းရရှိတဲ့ အရန်ဆန်တွေကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071