မြန်မာနိုင်ငံတစ်ဝှမ်းတွင်ကြုံတွေ့နေရသည့် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးရာ၌ မီးလာချိန်တွင် Breaker များ Over Load မဖြစ်စေရေးအတွက် စနစ်တကျသုံးစွဲရမည့်ပုံစံကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မေတ္တာရပ်ခံအသိပေးခဲ့သည်။
လျှပ်စစ်မီးလာသည့်အချိန်၌ အိမ်သုံးလျှပ်စစ် ပ စ္စည်းများအနက် အရေးကြီးသည့်ဦးစားပေးဆောင်ရွက်ရမည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအားအလှည့်ကျအသုံးပြုရန် မေတ္တာရပ်ခံအသိ ပေးခဲ့သည်။
ထိုသို့ အလှည့်ကျအသုံးမပြုဘဲ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများအားလုံးကို တစ်ပြိုင်တည်းအသုံးပြုပါက သုံးစွဲသည့်၀န်အားမနိုင်သဖြင့် ခွဲရုံ/ရပ်ကွက်အတွင်းရှိထရန်စဖော်မာများ၏ Breaker များ Over Load ဖြင့်ကျသွားပြီး လျှပ် စစ်မီးပြန်ပျက်နိုင်သည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် Over Load အားပြန်တင်ရခြင်း၊ ပြန်ကျသွားခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် လျှပ်စစ်မီးလာသည့် နာရီအ ပြည့်ကို လျှပ်စစ်မီးသုံးခွင့်မရနိုင်သည့်အပြင် Breaker မကျလျှင် လျှပ်စစ်ဓာတ်အားပေးထားသော ထရန်စဖော်မာပါလောင်ကျွမ်းနိုင်၍ အခက်အခဲများပိုမိုကြုံတွေ့နိုင်သည်ဟုလည်း အ သိပေးခဲ့သည်။