လက်ခုပ်သံတချို့မှာ
ပီတိဗလာနဲ့
လူ့ယဉ်ကျေးမှုဝေါဟာရကို
အတုတည်ဆောက်လိုက်တယ်။’
ဝမ်းမြောက်ပါတယ်ဆိုတဲ့
စကားလုံးတွေတွင်တွင်သုံးရင်း
သင်းသတ်ထားတဲ့ သစ်ပင်တစ်ပင်လို
ရပ်တည်ချက်ကခြောက်သွေ့တယ်။
ဘယ်မှာလဲ မုဒိတာ
ပဋိသန္ဓာရ ခေါက်ရိုးတွေထဲ ထိုးထည့်
သံတူကြောင်းကွဲ ဝေါဟာရတွေ သုံးနှုန်း
စကားလုံးလှလှလေးတွေနဲ့
လူ့အရှက်ကိုကာတဲ့ဝတ်ရုံလွှာ
အဲဒါ…
မုဒိတာလား
မုဒိညာလား
သေသေချာချာခွဲခြား။
မောင်စိုးဝေ(မြို့သာ)