Wednesday, November 27, 2024

အာဆီယံ-ကိုရီးယား ဒေသတွင်း အကျိုးပြုမည့် ဆန်းသစ်သည့်...

အာဆီယံ-ကိုရီးယား ဒေသတွင်းကို အကျိုးပြုသော ဆန်းသစ်သည့် စီးပွားရေးကို မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ကြသည့် အာဆီယံ-ကိုရီးယားနေ့ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း...

တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့...

တက္ကသိုလ် ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များ...

ယခုပညာသင်နှစ်မှ စတင်၍ ပထမနှစ်ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များကို ရွေးချယ်မွေးထုတ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။ အဆိုပါတွေ့ဆုံမှုကို...

ကြက်သွန်နီအဟောင်းများအညှောင့်ထွက်ကာလဖြစ်၍ ပြည်တွင်းဈေးကွက်သာ အားထားနေရ

မုံရွာ ကြက်သွန်နီဈေးကွက်တွင် အဟောင်းများအညှောင့်ထွက်ကာလဖြစ်၍ ပြည်တွင်းဈေးကွက်ကိုသာ အားထားတင်ပို့ပေးနေရကြောင်း မုံရွာမြို့ရှိ ကြက်သွန်နီ ပွဲရုံပိုင်ရှင်များထံမှ သိရသည်။ "အခုကအဟောင်းတွေ အညှောင့်ထွက်တော့ မြန်မာနိုင်ငံပြည်တွင်းဘဲပို့တော့တာပါ။တရုတ်နဲ့မလေးရှားကိုမပို့ရတော့ပါဘူး။ချင်းတွင်းမြစ်ကနေ မော်တော်တွေနဲ့ ဦးစားပေးတင်ပို့တယ်။...
HomeNewsLocal Newsမုံရွာမြို့တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်တည်ဆောက်လျက်ရှိ

မုံရွာမြို့တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်တည်ဆောက်လျက်ရှိ

မုံရွာမြို့တွင် အနယ်နယ်အရပ်ရပ်မှ ရာသီပေါ်သီးနှံများရောင်းချသည့် ကုန်စိမ်းဈေးသည်များအတွက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြေဧက (၃.၈)ဧက ပေါ်တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်ကြီး တည်ဆောက်လျက်ရှိကြောင်းသိရသည်။

“မုံရွာမြို့၊ မြို့အင်္ဂါရပ်နဲ့ အညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလမ်းမကြီးတလျှောက် ရောင်းဝယ်ဖောက်ကားလျှက်ရှိတဲ့ ကုန်စိမ်းဈေးသည်တွေစနစ်တကျ ရောင်းဝယ် ဖောက်ကားနိုင်ဖို့နဲ့ လမ်းမကြီးတလျှောက် ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်ကြီးကို တည်ဆောက်နေပါတယ်”ဟု မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းကပြောသည်။

ကုန်စိမ်းဈေးရုံ တည်ဆောက်ရာတွင်ပေ(၈၀×၆၀)အတိုင်း အတာရှိ ဈေးရုံ (၁၂)ရုံအား လှရတီ၊ ဘုန်းကံတိုး၊ ကံမြတ်ထွန်းကျော်၊ မြမြင့်မိုရ်အရာတော် ကုမ္ပဏီတို့မှ တည်ဆောက်လျှက်ရှိပြီး ဈေးရုံတစ်ရုံလျှင် (၂၀×၃၀)အခန်း (၈)ခန်းနှုန်းဖြင့် ကုန်စိမ်းခန်း (၉၆)ခန်း ပါဝင်မည်ဖြစ်သည်။

“ရာသီပေါ်သီးနှံတွေကို တစ်စုတစ်စည်းထဲဝယ်ယူရရှိနိုင်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဈေးမှ ကုန်စိမ်းဈေးသည်က ပြောသည်။

ထို့အပြင် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့သစ်ဈေး(ဗန္ဓုလဈေး) ကို ယခင်က (၉) ပေ၊ (၁၁)ပေရှိ ဆိုင်ခန်း (၂၆)ခန်း ပါသော တစ်ထပ်ဈေးရုံအားယခု အခါ RC နှစ်ထပ် အဆောက်အဦး အဆင့်မြှင့်ဈေးအဖြစ် အဆင်မြှင့်တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

ဈေးရုံ၏ အောက်ထပ်ဈေးရုံတွင် (၁၀×၁၂) ပေဆိုင်ခန်း (၄၄)ခန်း နှင့် အပေါ်ထပ် အဆင့်မြှင့် Super Market များထားရှိရန် Hall Type ပုံစံဖြင့် တည်ဆောက်လျှက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှကြီးကြပ်၍ ကံစောထွန်းကုမ္မဏီက တင်ဒါစနစ်ဖြင့် တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြို့သစ်ဈေး၏ တောင်ဘက်ရှိ အောင်ချမ်းသာဈေး ပျံကျဈေးရုံ(၈)ရုံကိုလည်း ပြင်ဆင်လျက်ရှိပြီး ဈေးရုံ(၃)ရုံကို အသစ်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ကိုရီးယား ဒေသတွင်း အကျိုးပြုမည့် ဆန်းသစ်သည့် စီးပွားရေးမြှင့်တင်နိုင်ရန် ဆွေးနွေး

အာဆီယံ-ကိုရီးယား ဒေသတွင်းကို အကျိုးပြုသော ဆန်းသစ်သည့် စီးပွားရေးကို မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ကြသည့် အာဆီယံ-ကိုရီးယားနေ့ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အာဆီယံ-ကိုရီးယားနေ့အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နိုဝင်ဘာ (၂၅)ရက်မှ (၂၇) ရက်အထိ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။ ယင်း အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တီမော လက်စ်တေနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို “Towards...

တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ နိုဝင်ဘာ (၂၆)ရက်က ဒု-ဝန်ကြီးသည် တောင်ကြီးမြို့၏ အထင်ကရ ခရီးသွား ဆွဲဆောင်ရာ နေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူ ဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွား လုပ်ငန်းဆောင်ရွက်နိုင်မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် Villa Inle Boutique Resort သို့ သွားရောက်၍ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ညောင်ရွှေခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား...

တက္ကသိုလ် ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များ ရွေးချယ်မွေးထုတ်သွားမည်

ယခုပညာသင်နှစ်မှ စတင်၍ ပထမနှစ်ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များကို ရွေးချယ်မွေးထုတ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။ အဆိုပါတွေ့ဆုံမှုကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာအရည်အသွေးများ တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏အသက်သည် သုတေသနဖြစ်ပြီး နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုတို့သည် အလွန်အရေးကြီးကြောင်း သုတေသန၏အရေးပါမှုကိုပြောကြားသည်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်နိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်နှင့် ခံယူချက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071